Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Mental Health
  • Social Media Detox
  • Social Media Detox

    December 29, 2024 by
    Hsu Pyae Sone

    ယနေ့ခေတ်ဟာ နည်းပညာပိုင်းဆိုင်ရာတွေပိုတိုးတက်လာတဲ့အတွက် ကောင်းကျိုးအများကြီးရှိလာသလို ဆိုးကျိုးတွေလည်း တစနဲ့တစ ယှဉ်တွဲလာပါတယ်။သိချင်တာမှန်သမျှ အိမ်မှာထိုင်နေရင်းနဲ့ ဖုန်းထဲကတဆင့်ရှာလို့ရတာ ကောင်းခြင်းမင်္ဂလာဖြစ်သလို မသိချင်တဲ့ကိစ္စတွေ၊ဒေါသထွက်စရာတွေ၊စိတ်ဖိစီးစရာတွေ မြင်လာရတာကလည်း မိမိရဲ့ကျန်းမာရေးကို တနည်းတဖုံဆိုးဝါးစေနိုင်ပါတယ်။

    Social media လို့ခေါ်တဲ့ Facebook, Instagram, TikTok  နဲ့ Threads ကတဆင့် ကမ္ဘာအနှံ့မှာရှိတဲ့မိမိရဲ့မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ အဆက်မပြတ်ဆက်သွယ်နေလို့ရတာ မင်္ဂလာတပါးဖြစ်ပါတယ်။ကိုယ်ကြိုက်တဲ့ Idol နဲ့သူ့ရဲ့သီချင်း၊ရုပ်ရှင်တွေကို ကြည့်ခွင့်ရတာကလည်း ပျော်စရာဖြစ်ပါတယ်။ဒါပေမယ့် တနေ့တနေ့ သတင်းအစား အတင်းတွေ၊အညှီအဟောက်တွေနဲ့ ပွဲတွေကြားမှာ စိတ်တိုစရာ၊စိတ်ညစ်စရာတွေကို နေ့တိုင်းမြင်တွေ့လာရတဲ့အချိန်၊ပူကြလောင်ကြဆဲကြအတင်းပြောကြတွေများလာတဲ့အချိန်မှာတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

    ဒါ့အပြင် မိုးလင်းမျက််လုံး ၂ လုံးဖွင့်ရာမှာ ဖုန်းကိုင်ဖို့ပဲသတိရပြီး အိပ်ခါနီးမျက်စိ၂ လုံးမှေးစက်အနားယူခါနီးအထိ ဖုန်းပွတ်နေမယ်ဆိုရင် ဖုန်းကိုစွဲလမ်းခြင်းပြဿနာဖြစ်နေတာကို သတိပြုမိနိုင်ပါတယ်။ဖုန်းစွဲလမ်းခြင်းကြောင့် ပြင်ပကမ္ဘာက အလုပ်အကိုင်တွေကိုသေချာမလုပ်နိုင်တော့တဲ့အပြင် သဘာဝရဲ့အလှတရားတွေဖြစ်တဲ့ ကျေးငှက်အော်သံ၊ကောင်းကင်၊သစ်ပင်နဲ့ တိမ်တွေကိုပါ မခံစားနိုင်တော့တဲ့အထိ ဖြစ်လာရပါတော့တယ်။ဖုန်းထဲက virtual world ကိုပဲ ကမ္ဘာထင်နေတဲ့အခါမှာတော့ အတူနေမိသားစု၊သူငယ်ချင်းနဲ့ ချစ်ရသူတွေကို အချိန်ပေးမှု၊နားလည်ပေးနိုင်မှုဟာ တဖြည်းဖြည်းနည်းလာရပါတော့တယ်။

    နောက်ဆုံးတချက်အနေနဲ့ကတော့ မိမိဘဝကို သူများဘဝနဲ့ နှိုင်းယှဉ်နေမိရင် social media က အကြီးမားဆုံးသောဆိုးကျိုးကို ဖြစ်ပေါ်စေပါတယ်။မြင်သမျှ လူတွေအားလုံးက ပျော်နေကြပြီးကိုယ်ကတော့ မပျော်ရဘူး၊ကိုယ်ပဲအဆင်မပြေတာတွေပဲကြုံနေရတယ်လို့ မကြာခဏတွေးမိနေပြီဆိုရင်တော့ social media ကို အဆက်ဖြတ်သင့်ပါပြီ။အရင်ဦးဆုံး social media detox လုပ်ဖို့ ၇ ရက်ကနေ ၆ လအထိ ရက်သတ်မှတ်လို့ရပါတယ်။ပြီးရင်တော့ စိတ်ပိုင်းဖြတ်ပြီး social media application အကုန်ဖျက်ပစ်လိုက်ပါ။

    Social media detox လုပ်ခြင်းက စစလုပ်ခါစပထမဆုံးအကြိမ်မှာတော့ install ပြန်လုပ်ပြီး ပြန်ကြည့်ချင်ပေမယ့် အကြိမ်အရေအတွက်များလာရင် စိတ်ရောကိုယ်ပါအေးချမ်းမှုကိုခံစားလားပါလိမ့်မယ်။မိမိကိုယ်ကိုယ်ပိုအာရုံစူးစိုက်နိုင်ပြီးပြင်ပလက်ရှိမိသားစု၊အပေါင်းအသင်းကို အချိန်ပိုပေးလာနိုင်လို့ စိတ်လုံခြုံစေတဲ့ ဟော်မုန်းလေးတွေထွက်လာပြီး ကျန်းမာရေးပိုကောင်းလာစေပါတယ်။ပိုထွက်လာတဲ့အချိန်တွေမှာ မိမိဝါသနာပါရာလေးလုပ်ရင်းနဲ့ ဘဝကြီးကထင်သလောက်မဆိုးကြောင်း၊မိမိကိုယ်ပဲဗဟိုပြုပြီးလည်ပတ်နေတာဖြစ်တဲ့အတွက် toxic အရာတွေကဖယ်ခွါနိုင်ရင် အရာရာအဆင်ပြေမယ့်လမ်းစဖြစ်ကြောင်းကို ရှာတွေ့သွားမှာပဲဖြစ်ပါတယ်။ဒါကြောင့် စိတ်ရောလူရောပင်ပန်းလာရင် social media detox လုပ်ဖို့ မမေ့ကြနဲ့နော်။


    in Mental Health
    Share this post
    Tags
    Archive

    Read Next
    Main Character Syndrome
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce