Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Mental Health
  • Main Character Syndrome
  • Main Character Syndrome

    December 9, 2024 by
    Hsu Pyae Sone

    သူငယ်ချင်းအစုအဖွဲ့ထဲမှာဖြစ်ဖြစ်၊လုပ်ငန်းခွင်မှာဖြစ်ဖြစ် ကိုယ့်ကိုကိုယ် အတော်ဆုံး၊အတတ်ဆုံး၊အကောင်းဆုံးပါလို့ ခံယူထားတဲ့သူတွေ အများကြီးရှိပါတယ်။Main character syndrome ဆိုတဲ့ စိတ်ကြီးဝင်တဲ့အခြေအနေဟာ ယနေ့ခေတ် လူငယ်တွေမှာသာမက လူကြီးတွေမှာပါ  ခေတ်စားလာတဲ့အပြုအမူ၊အသုံးအနှုန်းတခုလို့ပြောရပါမယ်။ယခင်ကတော့ Princess syndrome လို့ အဆိုပြုခဲ့ကြပြီး စိတ်ရောဂါတော့မဟုတ်ပါဘူးရှင်။

    Main character syndrome ဆိုတာ ၂၀၁၀ ခုနှစ်နောက်ပိုင်း social media အသုံးများတဲ့အခြေအနေမှာ ပိုမို တွင်ကျယ်လာပါတယ်။အထူးသဖြင့် သဘာဝဘေးအန္တရာယ်အခြေအနေနဲ့ အရေးကြီးကိစ္စတွေမှာ tik tok နဲ့ facebook ကနေ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်ကြီးအဖြစ် ခံယူပြီး post တင်သူတွေ၊ဇာတ်လမ်းဆင်ပြီး ရေးသားသူတွေ တစနဲ့တစပိုများလာပါတယ်။ထိုနည်းအတူ ပြင်ပကမ္ဘာမှာလည်း လုပ်ငန်းခွင်မှာဆိုရင် အထက်လူကြီးတွေရှေ့မှာသူတို့သာအလုပ်အလုပ်ဆုံး၊သူငယ်ချင်းအစုအဖွဲ့နဲ့သွားနေရင်လည်းသူတို့သာ မင်းသား၊မင်းသမီးလေးဖြစ်ပြီး ကျန်တဲ့သူတွေက ဇာတ်ပို့နေရာလိုလို အထင်ရှိနေကြသူတွေပဲဖြစ်ပါတယ်။

    Main character syndrome ရှိသူတွေရဲ့ အဓိကလက္ခဏာတွေကတော့ မိမိတကိုယ်ရည်စာလူမြင်ကောင်းရေးလုပ်ပြခြင်း၊ကိုယ့်ကိုကိုယ် သွေးနားထင်ရောက်ပြီး ပတ်ဝန်းကျင်မှလူများကို ခွဲခြားဆက်ဆံခြင်း၊သနားစရာ(သို့မဟုတ်)စိတ်ဆိုးစရာ ဖြစ်ရပ်များနဲ့ လူအများ၏ အာရုံစိုက်မှုကိုရယူခြင်း၊ဖြစ်ရပ်တခုအပေါ် လိုတာထက်ပိုပြီးချဲ့ကားပြောဆိုခြင်း၊ပြုမူဖန်တီးခြင်း၊အများနဲ့ တသားတည်းမဟုတ်တဲ့ အထူးတလည်ဆက်ဆံရေးများကို အလိုရှိခြင်း၊မိမိထင်ပေါ်ရေးအတွက် လူအများရဲ့ စိတ်ခံစားချက်များကို ထည့်သွင်းစဉ်းစားမှုမပြုခြင်းနဲ့မကြာခဏ သူဘယ်လောက်တော်ပါကြောင်း post တင်တတ်ခြင်း၊လုပ်ပြခြင်းတို့ပဲဖြစ်ပါတယ်။

    နွမ်းပါးတဲ့လူတွေကို ငွေကြေးအနည်းငယ် လှူပြပြီး social mediaမှာ attentionရှာသူတွေ၊ကိုယ်ရည်ကိုယ်သွေးကို အမြဲကြွားလုံးထုတ်နေသူတွေ စတာတွေကလည်း main character syndrome ထဲပါဝင်နေကြသူတွေပဲဖြစ်ပါတယ်။Main character syndrome ရှိသူ တချို့ဟာ မိမိရဲ့စိတ်မလုံခြုံမှုနဲ့ အတိတ်တွေကို ဖုံးကွယ်ဖို့ ကြိုးစားရာကနေ ဒီပုံစံဖြစ်လာကြတယ်လို့လည်း တွေ့ရှိရပါတယ်။ဒီလိုဖြစ်တာက စိတ်ရောဂါမဟုတ်တဲ့အတွက် သောက်ဆေးတွေနဲ့ကုသဖို့မလိုပါဘူး။

    ဒါပေမယ့် လူမှုဆက်ဆံရေးအသိုင်းအဝိုင်းမှာ ကောင်းမွန်စွာရပ်တည်နိုင်ဖို့ဆိုရင် မိမိစိတ်နဲ့ အမူအကျင့်ကို ပြောင်းလဲနိုင်မှသာ အများကိုမထိခိုက်စေမှာဘဲ ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ စိတ်ပိုင်းဆိုင်ရာဆွေးနွေးရေးပွဲများမှာ ပါဝင်ပြီး သူတပါးအတွေးကိုရော မိမိအတွေးကိုပါ နားလည်တတ်အောကြိုးစားသင့်ပါတယ်။ဒုတိယအချက်အနေနဲ့များများနားထောင်တတ်တဲ့အကျင့်ကိုပြုလုပ်ပေးပါ။များများနားထောင်ခြင်းအားဖြင့် မိမိကိုယ်ကိုရှေ့တန်းတင်မိနေတဲ့အပြုအမူတွေကို လျော့ကျသွားမှာပဲဖြစ်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ကတော့ မိမိကိုယ်မိမိပြန်သုံးသပ်ရမှာပဲဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မှပဲ တပါးသူထိခိုက်စေမယ့်၊ဝမ်းနည်းစေမယ့်အပြုအမူတွေကိုတစနဲ့တစရှောင်ကြဉ်လာနိုင်မှာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ မိမိ၊သူတပါး နှစ်ဦးကြားမှာ နားလည်မှုများစွာနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်လာမှာပဲ ဖြစ်ပါတယ်ရှင်။


    in Mental Health
    Share this post
    Tags
    Archive

    Read Next
    အစွဲလမ်းလွန်ခြင်း စိတ်ဝေဒနာကို ဘယ်လိုဖြေရှင်းကြမလဲ
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce