Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • Heat Rash - နွေပူပူမှာထတဲ့မိတ်
  • Heat Rash - နွေပူပူမှာထတဲ့မိတ်

    September 5, 2024 by
    Hsu Pyae Sone
    နွေပူပူမှာထတဲ့မိတ်


    ငယ်ငယ်တုန်းက နွေရာသီစတာနဲ့ သရက်သီးတွေ အပီတွယ်ဖို့ ဟန်ပြင်နေချိန် အများကြီးစားရင် မိတ်တွေထွက်လိမ့်ဆိုပြီး လူကြီးတွေဆီက တားတာ ခံဖူးကြမယ်ထင်ပါတယ်။ တကယ်လည်း ပြောပြီးမကြာဘူး၊ မိတ်တွေထွက်လာတယ်မလား?

    ဒါဆို ‌မိတ်တွေက ဘာလို့ထွက်လာတာလဲ၊ သရက်သီးစားတာနဲ့ရော ဆိုင်ရဲ့လား ဒါ‌တွေ သိချင်ရင် အောက်မှာ ဆက်လက်ဖတ်ရှုလိုက်ပါနော်။

    Heat rash လို့ခေါ်တဲ့ မိတ်ဆိုတာ များသောအားဖြင့် အရမ်းပူပြီး ချွေးထွက်များတဲ့အခါတွေမှာ အဝတ်ကြောင့် ချွေးတွေလှောင်ပြီး ဖြစ်တာမျိုးပါ။ ဒီလို ချွေးပေါက်တွေ ပိတ်ဆို့ခံရတဲ့အခါ အရေပြားပေါ်မှာ အနီဖုသေးသေးလေးတွေ သို့မဟုတ် အရည်ကြည်ဖုလေးတွေပေါ်လာတာကို မိတ်လို့ ခေါ်ပါတယ်။ မိတ်ထတယ်ဆိုတာ စိုးရိမ်စရာ အခြေအနေရယ်လို့ မဟုတ်ပေမယ့် ယားယံမှုတွေ ခံစားနေရတာကတော့ မသက်မသာဖြစ်စရာ အမှန်ပါပဲ။  

    မိတ်တွေက လည်ပင်း၊ ရင်ဘတ်၊ နောက်ကျောနဲ့ ပေါင်ခြံတို့လို ချွေးထွက်များတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။ ဒ့ါအပြင် တစ်ခါတစ်‌လေ လက်တွေ ခြေထောက်တွေမှာလည်း မိတ်ထနိုင်ပါတယ်။ မိတ်ဟာ ချွေးပေါက်တွေ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ မွေးကင်းစကလေးတွေနဲ့ ကလေးသူငယ်တို့မှာ အဖြစ်များတတ်ပါတယ်။ လူကြီးတွေမှာလည်း မိတ်ထတတ်ပေမယ့် အရမ်းချွေးထွက်များပြီး ချွေးတွေလှောင်နေမှ ဖြစ်တတ်တာမလို့ အဖြစ်နည်းတယ်လို့ ပြောလို့ရပါတယ်။

     နွေပူပူမှာ မိတ်မထအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့-

    • ပေါ့ပါးပြီး ချွေးစုတ်တဲ့ ချောင်ချောင်ချိချိ အဝတ်အစားတွေ ဝတ်ဆင်ပါ။
    • ရေအေးနဲ့ ရေချိုးပါ။
    • အရမ်းပူတွေ အချိန်တွေမှာ အပြင်မထွက်ဘဲ အရိပ်ရတဲ့နေရာမှာပဲ နေပါ။
    • ထွက်သမျှ ချွေးတွေအတွက် ရေဓာတ်ပြန်ဖြည့်ပေးဖို့ ရေများများသောက်ပေးဖို့လည်း အရေးကြီးပါတယ်။


    မိတ်တတဲ့အခါ ၃-၄ရက်လောက်ပဲ ကြာတတ်တာမလို့ အရမ်းစိတ်မပူဘဲ အောက်ပါနည်းလမ်းတွေသုံးပြီး အိမ်မှာပဲ အလွယ်တကူ ကုသနိုင်ပါတယ်။

    • မိတ်ထတဲ့ နေရာတွေကို အဝတ်စအစို သို့မဟုတ် ရေခဲအိတ်ကဲ့လို အေးတဲ့‌အရာတစ်ခုခုနဲ့ မိနစ် ၂၀ လောက် ကြပ်ပူထိုးပေးပါ။
    • ချွေးအရမ်းမထွက်အောင် ပန်ကာ သို့မဟုတ် လေအေးပေးစက်တို့ သုံးပေးပါ။
    • မိတ်ဖုတွေ အရမ်းယားလာတဲ့အခါ လက်သည်းနဲ့ ကုတ်တာမျိုးကို ရှောင်ပြီး လက်ထိပ်လေးနဲ့ ဖွဖွလေးပဲ ပွတ်ပေးပါ။ 
    • အိပ်ရာခင်းကိုလည်း ချည်သားလို ပေါ့ပါးတဲ့အသားတွေပဲ သုံးသင့်ပါတယ်။
    • ရေမွှေးနံ့ပါတဲ့ ရေချိုးဆပ်ပြာတို့ lotion တို့မှာ alcohol ပါတတ်ဝာာကြောင့် မိတ်ထနေချိန် အသုံးမပြုမိဖို့ သတိထားပေးပါနော်။

    တကယ်လို့ မိတ်ထတာက ရက်အနည်းငယ်အတွင်းမှာ မပျောက်သွားဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပြီး ညွှန်ကြားချက်အတိုင်း calamine သို့မဟုတ် hydrocortisone ပါဝင်တဲ့ လိမ်းဆေးတွေ လိမ်းပေးဖို့ လိုအပ်ပါလိမ့်မယ်။  ဒီလောက်ဆိုရင် စာဖတ်ပရိသတ်တို့အနေနဲ့ မိတ်အကြောင်းကို ကြေညက်သွားပြီမလို့ ဒီနှစ်နွေရာသီမှာတော့ မိတ်ထမှာ စိုးရိမ်စရာမလိုဘဲ သရက်သီးတွေ တဝစားနိုင်ပါပြီ။ ချွေးထွက်မများအောင်သာ ဂရိုစိုက်ပေးပါနော်!                               

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ  https://mymedicine.com.mm/r/dematoကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။





    in General Health
    Share this post
    Tags
    Archive

    Read Next
    ပြင်းထန်ဓာတ်မတည့်ရောဂါ
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce