Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • ပြင်းထန်ဓာတ်မတည့်ရောဂါ
  • ပြင်းထန်ဓာတ်မတည့်ရောဂါ

    September 5, 2024 by
    Hsu Pyae Sone
    ပြင်းထန်ဓါတ်မတည့်ရောဂါ


    ကိုယ်နဲ့ဓာတ်မတည့်တဲ့ ပင်လယ်စာတို့၊ ဆေးဝါးတို့၊ အင်းဆက်ကိုက်ခံရတာတို့နဲ့ ကြုံတွေ့ရတဲ့အခါ အနီဖုတွေထလာတာ၊ အသက်ရှူမဝတာ၊ ချောင်းဆိုးတာတို့လို allergic reaction တွေ ဖြစ်ဖူးကြတယ်ဟုတ်?

    ဒီလောက်ပဲ လက္ခဏာတွေပြတယ်ဆိုရင် မစိုးရိမ်ရပေမယ့် မေ့လဲတော့မလို့ ခံစားလာရတာဘာညာဆိုရင်တော့ သာမန်ဓာတ်မတည့်တာမျိုးမဟုတ်တော့ဘဲ Anaphylaxis လို့ခေါ်တဲ့ ပြင်းထန်ဓါတ်မတည့်ရောဂါကို ခံစားနေရတာဖြစ်နိုင်ပါတယ်။

    ပြင်းထန်ဓာတ်မတည့်ရောဂါကို ‌ဖြစ်စေတဲ့ အရာတွေကတော့ သာမန်ဓာတ်မတည့်တာနဲ့ အတူတူပါပဲ။

    - မြေပဲ၊ နွားနို့၊ ကြက်ဥ၊ နှမ်းနဲ့ ပင်လယ်စာတို့လို အစားအစာတွေ

    -  အကိုက်အခဲပျောက်ဆေးနဲ့ antibiotics တို့လို ဆေးဝါးတွေ

    - ပျားတုပ်ခံရတာလိုမျိုး  အင်းဆက်တွေအကိုက်ခံရတဲ့အခါ

    - မေ့ဆေးနဲ့မတည့်တဲ့အခါ

    - လက်အိတ်နဲ့ ကွန်ဒုံးတို့က သားရေနဲ့ မတည့်တဲ့အခါ


    ဒီလို မတည့်တာတွေနဲ့ ထိတွေ့မိရင် မိနစ်ပိုင်းအတွင်းမှာပဲ ပြင်းထန်ဓာတ်မတည့်ရောဂါရဲ့ လက္ခဏာတွေကို ချက်ချင်းခံစားရတတ်ပါတယ်။


    - လည်ချောင်းနဲ့လျှာတွေ ရောင်ရမ်းလာခြင်း

    - အသက်ရှူကြပ်ခြင်း

    - အသက်ရှူမြန်ခြင်း

    - လည်ချောင်းမှာစို့နေပြီး မျိုချရခက်ခြင်း

    - အသံဝင်လာခြင်း

    - ချွဲသလိပ်တွေပါလာပြီး ချောင်းဆိုးခြင်း

    - မူးဝေလာခြင်း

    - အသားတွေ အေးစက်လာခြင်း

    - အသားအရေနဲ့ နှုတ်ခမ်းတွေ ပြာလာခြင်း

    - မေ့လဲသွားပြီး ပြန်နှိုးလို့မရခြင်း


    ဒီလို လက္ခဏာတွေခံစားနေရတာကနေ ချက်ချင်းကုသမှုမခံယူနိုင်ဘူးဆိုရင် အသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်။ တချို့က ဓာတ်မတည့်လို့ ချောင်းခဏခဏဆိုးတာကို ပန်းနာရင်ကြပ်နဲ့ အထင်မှားပြီး ပေါ့ဆနေတတ်ကြပါတယ်။ တကယ်ပန်းနာရင်ကြပ်ဆိုရင် ကိစ္စမရှိပေမယ့် Anaphylaxis လိုမျိုး ပြင်းထန်ဓာတ်မတည့်ရောဂါမျိုး ခံစားနေရတာဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ဒီလိုလက္ခဏာတွေ ခံစားရတတ်တယ်ဆိုရင် ဆရာဝန်ပြတာ အကောင်းဆုံးပါ။ ကိုယ့်မှာ ဓာတ်မတည့်တာတစ်ခုခုရှိတယ်ဆိုရင် လုံးဝမပေါ့ဆသင့်ဘဲ မတော်တဆ ထိတွေ့မိတိုင်းလဲ ကိုယ့်ခန္ဓာကိုယ်အခြေအနေကို သတိထားစောင့်ကြည့်ပေးဖို့ အရမ်းအရေးကြီးပါတယ်နော်…ကဲဆောင်းပါးလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေနော်။

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ  https://mymedicine.com.mm/r/dematoကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

    in General Health
    Share this post
    Tags
    Archive

    Read Next
    ဘာလို့ ရေဓါတ်ပြည့်ဝနေသင့်တာလဲ
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce