Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Beauty and Skin Care
  • ပလန့်ထောက်ခြင်းက ဘာအကျိုးရှိလဲ
  • ပလန့်ထောက်ခြင်းက ဘာအကျိုးရှိလဲ

    ပလန့်​ထောက်​ခြင်းလို့​ခေါ်တဲ့ Plank Exercise ကို Abdominal Bridge လို့လဲ​ခေါ်ဆိုနိုင်ပြီး ဝမ်းဗိုက်ကြွက်သား၊ ​နောက်​ကျောနဲ့ ပုခုံး​တွေကို အဓိက ထိ​ရောက်​စေတဲ့​​လေ့ကျင့်ခန်းမျိုးဖြစ်ပါတယ်။
    February 14, 2023 by
    Dr.Phyo


    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

    ​ဒီတစ်ခါမှာတော့ ကိုယ်နေဟန်ထားမှန်ကန်စေပြီး ဝမ်းဗိုက်ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေနိုင်တဲ့ Plank လေ့ကျင့်ခန်း အကြောင်းကို ​ဖော်ပြ​ပေးသွားပါ့မယ်။ ​​နေ့စဥ်​လဲ ပြုလုပ်နိုင်သလို အချိန်လဲအများကြီး​ပေးစရာမလိုဘဲ အကျိုး​ကျေးဇူးများတဲ့ ​လေ့ကျင့်ခန်းဖြစ်တာမို့ ​လေ့လာပြီး လုပ်ကြည့်​စေချင်ပါတယ်​နော် ။

    ပလန့်​ထောက်​ခြင်းလို့​ခေါ်တဲ့ Plank Exercise ကို Abdominal Bridge လို့လဲ​ခေါ်ဆိုနိုင်ပြီး ဝမ်းဗိုက်ကြွက်သား၊ ​နောက်​ကျောနဲ့ ပုခုံး​တွေကို အဓိက ထိ​ရောက်​စေတဲ့​​လေ့ကျင့်ခန်းမျိုးဖြစ်ပါတယ်။ အ​လေးမ' အားကစားလုပ်​နေသူ​တွေနဲ့ 6packs ထွက်ဖို့ကြိုးစားက​စား​နေကြသူ​တွေအတွက်ဆိုရင်လဲ Plank ​ထောက်ခြင်းက မပါမဖြစ် ​လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

    ပလန့်​ထောက်ဖို့အတွက်က​တော့ ပုံမှာပြထားတဲ့အတိုင်း ​မြေပြင်ညီတစ်ခုရှိရင် စတင်​​လေ့ကျင့်ခန်းလုပ်လို့ရပါပြီ။
    ကြမ်းပြင်ပေါ်မှာ လက်နှစ်ဖက် နဲ့ ဒူးနှစ်ဖက်ကို ထောက်လိုက်ပါ။ လက်တွေကို ပခုံးနဲ့တစ်တန်းတည်းဖြားပါ။ ခြေထောက်တွေကိုလည်း တင်ပါးအကျယ်အတိုင်းထားပါ။ ပြီးရင် ခြေထောက်တွေကိုဆန့်ထုတ်လို့ ခြေဖျားပေါ်မှာအားပြုပါ။ 

    ပလန့်​ထောက်တဲ့အခါ High Plank နဲ့ Low Plank လို့​ခေါ်တဲ့
    အမြင့် နဲ့ အနိမ့် ၂ မျိုး ကြိုက်နှစ်သက်ရာ အဆင်​ပြေရာပုံစံနဲ့ ​ထောက်လို့ရပါတယ်။ အမြင့်က​တော့ လက်ကိုအပြည့်ဆန့်တန်းထားပြီး လက်ဝါးနှစ်ဖက်နဲ့​​ထောက်တာဖြစ်ပြီး အနိမ့်က​တော့ လက်ထောက်ချပြီး လက်သီးဆုပ်လို့ လက်ဖျံပေါ်မှာ အားပြုရတာပါ။ ဝမ်းဗိုက်ကို ချပ်ထားပြီး ခါးကိုဆန့်တန်းထားရမှာဖြစ်ပါတယ်။

    ၁၅စက္ကန့် ၊ စက္ကန့် ၃၀ က​နေ စ' လို့ မိနစ်​တွေအထိ ကြိုးစား​ထောက်လို့ရပါတယ်။ အများစု​သော သု​တေသီ​တွေက​တော့ ၂ မိနစ်​လောက် ​နေ့စဥ် ပလန့်​ထောက်ခြင်းက လုံ​လောက်တယ်လို့ဆိုကြပါတယ်။ ဗဟုသုတအ​နေနဲ့ ​ဖော်ပြရရင်​တော့ ကမ္ဘာ့အကြာဆုံး ပလန့်​​ထောက်နိုင်ခဲ့တဲ့ Record ​တွေအရ အမျိုးသားက ၉နာရီ ၃၀မိနစ်နဲ့ ၁စက္ကန့်ဖြစ်ပြီး၊ အမျိုးသမီးက​တော့ ၄နာရီ ၁၉မိနစ်နဲ့ ၅၅စက္ကန့် ဖြစ်ပါတယ်။

    ပလန့်​ထောက်​လေ့ကျင့်ခန်းလုပ်ခြင်း​ကြောင့် ဘယ်လိုအကျိုး​ကျေးဇူး​တွေရနိုင်မလဲဆိုရင်​တော့

    ဝမ်းဗိုက်၊​နောက်​ကျောနဲ့ပုခုံးကြွက်သား​တွေကြံ့ခိုင်မယ်
    ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်​တွေကို အား​ပေးတယ်
    ခန္ဓာကိုယ် ကိုယ်​နေဟန်အချိုး​ကျမှန်ကန်လာမယ်
    ခါးနာ ​ကျောနာတာ​တွေကို သက်သာ​စေတယ်
    ​ကျောရိုးကိုလဲ ကျန်းမာကြံ့ခိုင်​စေမယ်
    ခန္ဓာကိုယ်ကို ​ပျော့​ပျောင်းလာ​စေတယ်
    ဦး​နှောက်အပါဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ​သွေးလည်ပတ်မှု​ကောင်းမွန်​စေပါမယ်

    ဟုတ်ကဲ့ပါ ဆောင်းပါး​​လေးကို အဆုံးထိဖတ်ရှု​ပေးတဲ့အတွက်လဲ​ကျေးဇူးတင်ပါတယ်။ ပြီး​​တော့ … 

    ​ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ အထူးကုဆရာဝန်​ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

    in Beauty and Skin Care
    Share this post
    Tags
    Archive

    Read Next
    ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ သင့်အသားအရည်
    ရေများများသောက်ရဲ့လား၊ ခန္ဓာကိုယ်က ရေဓာတ်ပြည့်၀ရဲ့လားဆိုတာကို သင့်အရေပြားကိုကြည့်ပြီး သိနိုင်ပါတယ်။
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce