Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Beauty and Skin Care
  • ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ သင့်အသားအရည်
  • ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ သင့်အသားအရည်

    ရေများများသောက်ရဲ့လား၊ ခန္ဓာကိုယ်က ရေဓာတ်ပြည့်၀ရဲ့လားဆိုတာကို သင့်အရေပြားကိုကြည့်ပြီး သိနိုင်ပါတယ်။
    February 6, 2023 by
    Dr.Phyo

    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

    အသားအရည်လှခြင်း မလှခြင်းက ရေဓာတ်ပြည့်၀လား မပြည့်၀လားပေါ်မူတည်နေပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး ရေ (၂)လီတာလောက်တော့ သောက်သင့်ပါတယ်။ လှုပ်ရှားမှုများတာတို့၊ ချွေးထွက်များတာတို့၊ ဝမ်းလျှောတာတို့ဖြစ်ရင် (၂)လီတာထက်တောင် ပိုသောက်သင့်ပါတယ်။ 

    ရေကို မဆာခင်တည်းက သတိထားပြီး သောက်သင့်ပါတယ်။ ရေငတ်တယ်လို့ ခံစားနေရပြီဆိုရင်တော့ ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ ပထမဆုံးလက္ခဏာ ဖြစ်နေပြီဆိုတာ သတိရပါ။ 

    ရေများများသောက်ရဲ့လား၊ ခန္ဓာကိုယ်က ရေဓာတ်ပြည့်၀ရဲ့လားဆိုတာကို သင့်အရေပြားကိုကြည့်ပြီး သိနိုင်ပါတယ်။ 

    အလှအပလိုက်စားတဲ့သူတွေကတော့ အသားအရည်အမျိုးအစား (၄)မျိုးရှိတယ်ဆိုတာကို သိကြမှာပါ။

    အဆီပြန်အသားအရည် (Oily Skin)
    ခြောက်သွေ့အသားအရည် (Dry Skin)
    ထိခိုက်လွယ်တဲ့ အသားအရည် (Sensitive Skin) နဲ့ 
    ပေါင်းစပ်အသားအရည် (Combination Skin) တို့ထဲမှ သင်ကကော ဘယ်အသားအရည်ထဲမှာ ပါဝင်နေပါသလဲ ? 

    အထက်မှာပြောထားတဲ့ Dry Skin (ခြောက်သွေ့အသားအရည်) နဲ့ Dehydrated skin (ရေဓာတ်ခမ်းခြောက်တဲ့ အသားအရည်) ဆိုတာ မတူပါဘူး။ Dry Skin ဆိုတာက ရေများများသောက်ရင်တောင် အသားအရည်ရဲ့ အပြင်ပိုင်းမှာအစိုဓာတ်မရှိတာကြောင့် ခြောက်သွေ့ပြီး ပက်ကြားအက်နေတတ်ပါတယ်။ 

    Dehydrated skin ကတော့ ရေသောက်နည်းတာကြောင့် အရေပြားအတွင်းပိုင်းထိ အစိုဓာတ်ကင်းမဲ့ပြီး ယားယံကာ မွဲခြောက်ခြောက်ဖြစ်နေတဲ့ အသားအရည်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရေဓာတ်မလုံလောက်ရင် အသားအရည်မညီမညာ၊ ညစ်ထေးထေးနဲ့ အရေးကြောင်းတွေပါ ထင်းလာနိုင်ပါတယ်။ 

    အသားအရည်ကို‌ ရေဓာတ်ဘယ်လိုပြန်ဖြည့်မလဲ

    ရှင်းပါတယ် ရေများများသောက်လိုက်ပါ။ အလှအပကို အရမ်းဂရုစိုက်တဲ့သူဆိုရင်တော့ တစ်နေ့ကို ရေ(၃)လီတာလောက်သောက်ပေးပါ။ 

    နုပျိုတဲ့အသားအရည်ကို ပိုင်ဆိုင်ချင်ရင်တော့ နေ့တိုင်းရေများများသောက်ဖို့က အရေးကြီးသလို အိပ်ရေး၀၀အိပ်ဖို့ကိုလည်း ဦးစားပေးသင့်ပါတယ်။ တစ်ညကို (၇)နာရီလောက်တော့ အိပ်ပျော်အောင်အိပ်ပါ။ အိပ်ရေး၀၀အိပ်ခြင်းက အသားအရည်လှစေရုံသာမက စိတ်ကိုလည်း ကြည်လင်အေးချမ်းစေပြီး ကျန်းမာရေးကိုလည်းကောင်းစေပါတယ်။

    လူတစ်ယောက်ဟာ ဘ၀မှာတစ်ချိန်ချိန်တော့ ရေဓာတ်ခမ်းခြောက်တာကို ကြုံတွေ့ရနိုင်တာကြောင့် ရေများများသောက်ဖို့မမေ့ပါနဲ့။ ဒီဆောင်းပါးလေးကို ဖတ်ပြီးပြီဆိုရင်တော့ အခုပဲ ရေတစ်ခွက် ထသောက်လိုက်ပါ။ 

    in Beauty and Skin Care
    Share this post
    Tags
    Archive

    Read Next
    ရေမချိုးရင် ဖြစ်နိုင်တဲ့ရောဂါများ
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce