Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Beauty and Skin Care
  • အန္တရာယ်များတဲ့ UV
  • အန္တရာယ်များတဲ့ UV

    August 28, 2024 by
    Hsu Pyae Sone

    အန္တရာယ်များတဲ့ UV 


    နေ့တိုင်း တီဗွီတွေ၊ ကြော်ငြာတွေကနေ 𝗨𝗩 𝗿𝗮𝘆𝘀 တွေကို ရှောင်ပါဆိုတာမျိုး ကြားဖူးကြမှာပါ။ ဒါဆို ဒီ 𝗨𝗩 𝗿𝗮𝘆𝘀 တွေဆိုတာ ဘာကိုပြောတာလဲ၊ သူတို့က ဘယ်လောက်တောင် အန္တရာယ်ရှိနိုင်သလဲ ဆိုတာရော သိထားပါသလား?

    𝗨𝗩 𝗿𝗮𝘆𝘀 ဆိုတာ နေရောင်ခြည်ကထွက်လာတဲ့ ခရမ်းလွန်ရောင်ခြည် (ultraviolet radiation) ရဲ့ အတိုကောက်ပါ။ ဒီခရမ်းလွန်ရောင်ခြည်တွေကို သဘာဝအားဖြင့်တော့ နေက ထွက်လာတာကို တွေ့ရမှာဖြစ်ပြီး စွမ်းအင်တစ်မျိုးဖြစ်ပြီး တစ်ချို့ မီးသီးတွေ၊ လက်သည်းအခြောက်ခံစက်တွေမှာလဲ လူလုပ်ပစ္စည်းတစ်ခုအနေနဲ့ တွေ့ရတတ်ပါတယ်။

    ဒါဆို ဒီလိုနေ့တိုင်း ထိတွေ့နေရတဲ့ အရာတစ်ခုက တကယ်ရော လူတွေကို အန္တရာယ်ဖြစ်စေမှာလား?

    ဟုတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေနဲ့ ထိတွေ့ခြင်းက ကြာရှည်မှာ ကျန်းမာရေးပြဿနာတွေကို အမျိုးမျိုး ဖြစ်လာစေမှာပါ။ အဖြစ်အများဆုံးကတော့ သာမန် နေလောင်တာကနေ အဆုံးစွန်အဖြစ် အရေပြားကင်ဆာဖြစ်နိုင်ခြေကိုပါ တိုးမြင့်စေပါတယ်။ ဒါ့အပြင်  ခရမ်းလွန်ရောင်ခြည်က အရွယ်မတိုင်ခင် အိုမင်းရင့်ရော်‌စေတာ၊ ​​မျက်လုံးကို ထိခိုက်စေတာနဲ့ ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေနိုင်ပါတယ်။

    ဒီလို အန္တရာယ်များလှတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ မထိတွေ့အောင် ဘယ်လိုနေရမလဲလို့ မေးလာရင်တော့ အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေလို့ ဖြေရမှာပါ။ ဒါပေမယ့်လည်း အမြဲအပြင်မထွက်ဘဲလည်း နေလို့မဖြစ်တာဆိုတော့ နေ့တိုင်း အပြင်သွားတဲ့အခါပဲဖြစ်ဖြစ်၊ အိမ်မှာပဲ နေနေတယ်ဆိုရင်တောင် ခရမ်းလွန်ရောင်ခြည်‌နဲ့ အလွန်အကျွံထိတွေ့မှုကနေ ကာကွယ်ဖို့ အောက်က အချက်လေးတွေကို သတိထား လိုက်နာပေးပါနော်။

    • နေအရမ်းပူနေတဲ့အခါ အပြင်မသွားဘဲ အရိပ်ထဲနေတာ
    • အပြင်သွားတဲ့အခါ ဦးထုပ်နဲ့ အင်္ကျီလက်ရှည်တို့လို အရေပြားကို အကာအကွယ်ပေးတဲ့ အဝတ်အစားတွေ ဝတ်ဆင်တာ
    • 100%  UV protection ပါဝင်တဲ့ နေကာမျက်မှန်ကို ရွေးချယ်တပ်ဆင်ပေးတာ
    • အနည်းဆုံး SPF 30 ရှိတဲ့ sunscreen နေ့တိုင်း အသုံးပြုပေးတာ


    ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်သက်ပြီး လူအတော်များများ အထင်မှားနေကြတာ တစ်ခုက အရမ်းပူတဲ့ နွေရာသီလို အချိန်မျိုးမှာပဲ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကြောက်ရမယ်လို့ ထင်နေကြတာပါ။ တကယ်တော့ ခရမ်းလွန်ရောင်ခြည်တွေက နွေရာသီသာမကပဲ တစ်နှစ်ပတ်လုံး အန္တရာယ်ဖြစ်စေနိုင်တာမလို့ အမြဲသတိထားပြီး ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ 

    နောက်ထပ် အထင်မှားတစ်ခုကတော့ နေပူထဲသွားမှ sunscreen လိမ်းရမယ်လို့ ထင်ကြတာပါပဲ။ ခရမ်းလွန်ရောင်ခြည်တွေက နေရောင်ရှိနေတဲ့ နေရာမှန်သမျှကို ရောက်နိုင်တာမလို့ ဘယ်လောက်ပဲ အခန်းအလုံပိတ်ထဲမှာ နေတယ်ပြောပါစေ၊ အခန်းထဲကို နေရောင်ခြည်ရောက်နေသေးရင် ခရမ်းလွန်ရောင်ခြည်တွေရဲ့ ရန်က လွတ်တယ်လို့ ပြောလို့မရပါဘူးနော်။ ဒါကြောင့် အရွယ်မတိုင်ခင် အိုမင်းတာနဲ့ အရေပြားကင်ဆာတွေ မဖြစ်ရလေအောင် sunscreen လေးကိုတော့ ပုံမှန်လိမ်းပေးဖို့ သတိရလိုက်ပါနော်။

    ဟုတ်ကဲ့ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…

    UV ရန်က ကာကွယ်ဖို့ sunscreen ဝယ်ချင်ရင်ပဲဖြစ်စေ၊ နေလောင်တာတို့လို အရေပြားပြဿနာတွေနဲ့ ပတ်သက်ပြီး

    ဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/beauty&aes ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


    in Beauty and Skin Care
    Share this post
    Tags
    Archive

    Read Next
    ပလန့်ထောက်ခြင်းက ဘာအကျိုးရှိလဲ
    ပလန့်​ထောက်​ခြင်းလို့​ခေါ်တဲ့ Plank Exercise ကို Abdominal Bridge လို့လဲ​ခေါ်ဆိုနိုင်ပြီး ဝမ်းဗိုက်ကြွက်သား၊ ​နောက်​ကျောနဲ့ ပုခုံး​တွေကို အဓိက ထိ​ရောက်​စေတဲ့​​လေ့ကျင့်ခန်းမျိုးဖြစ်ပါတယ်။
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce