Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Women Health
  • သူမလာတာကြာပြီလား
  • သူမလာတာကြာပြီလား

    October 23, 2024 by
    Hsu Pyae Sone
    သူ မလာတာကြာပြီလား?


    အမျိုးသမီးတို့အတွက် တစ်လမှာတစ်ခါ ပုံမှန်လာရမယ့် သူမလာရင် စိတ်ကသိကအောင့် ဖြစ်ရတယ်ဟုတ်?


    🗓ပုံမှန်ဆိုရင် ဓမ္မတာဟာ 21-35 ရက်ကြားတစ်ခါ လာတတ်တာကြောင့် တစ်ပတ်လောက်နောက်ကျတာနဲ့ ဘာမှမစိုးရိမ်ရတတ်ပါဘူး။

    ဒါပေမယ့် 35ရက်ထက်ကျော်လို့မှ မလာသေးဘူးဆိုရင်တော့ နောက်ကျတယ်လို့ သတ်မှတ်နိုင်ပါပြီ။


    ဒီလို ဓမ္မတာနောက်ကျရတဲ့ အကြောင်းအရင်းတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။

    🩸ကိုယ်ဝန်ရှိနေတာကြောင့်

    🩸တားဆေးများသောက်ခြင်းကြောင့်

    🩸ရင်သွေးကို နို့တိုက်ရတာကြောင့်

    🩸ရုတ်တရက် ၀ိတ်ကျသွားတာကြောင့်

    🩸အ၀လွန််တာကြောင့်

    🩸လေ့ကျင့်ခန်း အလွန်အကျွံလုပ်မိတာကြောင့်

    🩸စိတ်ဖိစီးမှုတွေများတာကြောင့်

    🩸ဟော်မှုန်းတွေ မညီမျှတာကြောင့်

    🩸အသက် 40-45ကြားမှာဆို သွေးဆုံးချိန်နီးလာတာကြောင့်

    အထက်ပါ အကြောင်းအရင်းတွေကြောင့်အပြင် နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ သိုင်းရွိုက်တို့ကြောင့်လည်း ဓမ္မတာရပ်သွားတာမျိုး ဖြစ်တတ်ပါသေးတယ်။

    ဓမ္မတာလာချိန်ဟာ ပုံမှန်ထက်နောက်ကျနေပြီးတော့ ကိုယ်၀န်လည်း မရှိနေဘူးဆိုရင် အလုပ်သင့်ဆုံးကတော့ OGနဲ့ပြပြီး ဆွေးနွေးသင့်တာပါပဲ👩‍⚕️

    အထူးသဖြင့် 3လလောက်ဆက်တိုက် နောက်ကျနေတာ၊ ပြီးတော့ ရုတ်တရက် ၀ိတ်အတက်အကျတွေဖြစ်နေတာ၊ မျက်နှာအသားအရေတွေ အရမ်းခြောက်လာတာ/ အဆီပြန်လာတာမျိုးတွေဖြစ်လာရင် ပိုလို့တောင် သတိထားသင့်ပါသေးတယ်။

    ဆရာ၀န်နဲ့ပြပြီးမှ ဓမ္မတာပုံမှန်မလာရတဲ့ အကြောင်းအရင်းကို စောစောသိလေ ကုသမှုနည်းတွေ မြန်မြန်လုပ်နိုင်ပြီးတော့ သူလဲ ပုံမှန်လာနိုင်မှာမလို့ပါ…

    သားဖွားမီးယပ်အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါက https://mymedicine.com.mm/r/OG ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။

    in Women Health
    Share this post
    Tags
    Archive

    Read Next
    သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကဘာကြောင့်ထိုးသင့်သလဲ
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce