Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Women Health
  • စိတ်ဖိစီးမှုအရမ်းများရင် ရာသီထိမ်တတ်လား
  • စိတ်ဖိစီးမှုအရမ်းများရင် ရာသီထိမ်တတ်လား

    December 29, 2024 by
    Hsu Pyae Sone

    ကျွန်မတို့ မိန်းကလေးတွေဟာ အပျိုဖော်ဝင်စအရွယ် အသက် ၁၂/၁၃ နှစ်ကစပြီး အသက် ၅၀ ကျော်ပတ်ချာလည်ထိ တလတခါရာသီလာခြင်း ဖြစ်စဉ်ကို ကြုံတွေ့ရပါတယ်။ရာသီလာခြင်းဆိုသည်မှာ သားဥအိမ်မှာမျိုးဥကြွေခြင်းဖြစ်စဉ်တခုဖြစ်ပြီး ကလေးယူရန် ကျန်းမာသန်စွမ်းကြောင်း ပြသတဲ့ လက္ခဏာတခုလည်း ဖြစ်နေပြန်ပါတယ်။

    ရာသီစက်ဝန်းက ၂၁ ရက်မှ ၃၅ ရက်အထိ တကြိမ်ဖြစ်ပေါ်တတ်ပါတယ်။အပျိုဖော်ဝင်ခါစမိန်းကလေးတွေကတော့ တခါတလေမှာ ၂ လ၊၃ လဆက်တိုက်ရာသီမလာတာမျိုးဖြစ်တတ်ပေမယ့် အရွယ်ရောက်ပြီးသား အိမ်ထောင်ရှိ အမျိုးသမီးတဦး က ရာသီမလာတော့ဘူးဆိုရင် ကိုယ်ဝန်ရှိတာလား၊ကလေးရပြီလားဆိုပြီး စတွေးလာကြပါတယ်။အကယ်၍ လူလွတ်အမျိုးသမီးတစ်ယောက် ရာသီထိမ်ပြီဆိုရင်တော့သူ့ဆီမှာရောဂါတခုခုရှိနေတာလား ဒါမှမဟုတ် အသက်ကြီးတဲ့အမျိုးသမီးတွေဆိုရင် သွေးဆုံးတာလားလို့ ထင်တတ်ကြပါတယ်။

    တကယ်ကတော့ ယနေ့ခေတ်မှာ အလုပ်ရှိသူဖြစ်စေ၊အိမ်မှုကိစ္စလုပ်နေရသူဖြစ်စေ လူတိုင်းဟာ စိတ်ဖိစီးမှုဒဏ်ကို အများအပြားခံစားရလေ့ရှိပါတယ်။စိတ်ဖိစီးမှုဒဏ်ကြောင့်ညအိပ်မပျော်ခြင်း၊အစားအသောက်လျော့နည်းခြင်းသာမက မိမိရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာလည်း အလွယ်တကူစိတ်ဓာတ်ကျခြင်း၊မကြာခဏရန်ဖြစ်ခြင်းများဖြစ်တတ်တဲ့အပြင် အမျိုးသမီးတွေမှာဆိုရင် ထူးထူးခြားခြားဟော်မုန်းအပြောင်းအလဲဖြစ်ပြီး ရာသီထိမ်ခြင်း၊ ရာသီတလလုံး မလာခြင်း၊၃/၄ လရာသီပျောက်သွားခြင်းများအထိပါ ဖြစ်လာရပါတော့တယ်။

    စိတ်ဖိစီးမှုဟာ ဦးနှောက်ထဲမှာရှိတဲ့ ဟိုက်ပိုသားလမက်စ်လို့ခေါ်တဲ့ ထိန်းချုပ်စင်တာကလုပ်ငန်းတွေကို ခေတ္တခဏရပ်သွားစေပါတယ်။အဲဒီလုပ်ငန်းစဉ်ထဲမှာ မျိုးဥကြွေခြင်းဖြစ်စဉ်ပါတဲ့အတွက် မျိုးဥကြွေမှုတွေဟာလည်းရပ်တန့်သွားပြီး ရာသီထိမ်လာရပါတော့တယိ။ရာသီထိမ်တဲ့အခါ စိတ်လျှော့ထားပြီး အိပ်ရေးဝအောင်အိပ်ခြင်း၊ပူနွေးပြီးအာဟာရရှိသောအစားအစာများစားသုံးခြင်း၊ဂျင်းပြုတ်ရည်သောက်ခြင်းနဲ့ စိတ်ဖိစီးမှူလျော့ကျစေမယ့် ယောဂဆော့ခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်းများပြုလုပ်သင့်ပါတယ်။

    ဒါပေမယ့် အမျိုးသမီးအတော်များများဟာ စိတ်ဖိစီးမှုကြောင့် ရာသီထိမ်တာကို ဂရုမပြုမိဘဲ ရာသီပေါ်ဆေးအဖြစ်မြန်မာဆေးများ၊စပ်ဆေးများ ကြောက်လန့်တကြားသောက်လေ့ရှိပါတယ်။ခုလိုသောက်ခြင်းရဲ့နောက်ဆက်တွဲကြောင့်မလိုလားအပ်တဲ့ရောဂါတွေဖြစ်နိုင်တဲ့အတွက် ရာသီထိမ်တဲ့အခါ သားဖွားမီးယပ်ဆရာဝန်များနဲ့တိုင်ပင်ဖို့ အကြံပြုပါရစေရှင်။

    သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများနှင့်ပြရန် - https://mymedicine.com.mm/r/OGDecember


    in Women Health
    Share this post
    Tags
    Archive

    Read Next
    သားဥအိမ်ရေအိတ်တည်ခြင်း
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce