Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Women Health
  • ပုံမှန်မဟုတ်တဲ့ ပုံမှန်ဓမ္မတာ
  • ပုံမှန်မဟုတ်တဲ့ ပုံမှန်ဓမ္မတာ

    August 27, 2024 by
    Hsu Pyae Sone

    ပုံမှန်မဟုတ်တဲ့ ပုံမှန်ဓမ္မတာ


    ဓမ္မတာလာချိန်က တစ်လနဲ့တစ်လ အမြဲမတူဘဲ ခန့်မှန်းရခက်နေလို့ လတိုင်း စိတ်ညစ်နေရပြီလား?

    မထင်မှတ်ထားတဲ့ အချိန်တွေကျမှ ရောက်ရောက်လာတတ်တဲ့ ‌ဓမ္မတာကြောင့် အမြဲ စိတ်ကသိကအောင့်ဖြစ်နေပြီဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ ဓမ္မတာတွေအကြောင်း သိထားဖို့လိုပြီနော်။

    ဓမ္မတာလာချိန်က ပုံမှန်မဖြစ်နေဘူးလို့ ဘယ်အချိန်မှာ သတ်မှတ်နိုင်လဲ?

    အမျိုးသမီးအများစုအတွက် ရာသီစက်ဝန်းတစ်ခုနဲ့တစ်ခုကြားမှာ 21 ရက်မှ 35 ရက်ကြား ကွာခြားတတ်လေ့ရှိပြီး ဓမ္မတာလာချိန်ကတော့ 2 ရက်မှ 7 ရက်အထိ ကြာတတ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေမှာ ရာသီစက်ဝန်းတွေက မျှော်လင့်ထားတာထက် ပိုစောလာတတ်သလို၊ နောက်ကျတတ်တဲ့ အခါတွေလဲ ရှိပါတယ်။ ဓမ္မတာလာရက်တွေကလည်း ပုံသေမရှိဘဲ နည်းလိုက်၊ များလိုက် ဖြစ်တတ်ပါသေးတယ်။

    ဥပမာပြောရရင် - ရာသီစက်ဝန်းက တစ်လမှာ 25ရက်ကြာတယ်ဆိုရင်၊ နောက်တစ်လကျ 35ရက်လောက် ကြာတတ်တာမျိုးပါ။ အလားတူပဲ ဓမ္မတာလာရက်တွေက တစ်လမှာ 3ရက်လာတယ်ဆို၊ နောက်တစ်လကျ 5ရက်လောက် လာတတ်တာမျိုးပေါ့။ ဒီလို ရာသီစက်ဝန်းကြာချိန်တွေ အတိအကျမရှိဘဲ ခဏခဏပြောင်းလဲနေတာမျိုးကို ပုံမှန်မဟုတ်တဲ့ ဓမ္မတာလို့ သတ်မှတ်နိုင်ပါတယ်။

    ဓမ္မတာပုံမှန်မလာရခြင်းရဲ့ တရားခံအချို့ကတော့ -

    ▪️Estrogen နဲ့ progesterone တို့လို ဟော်မုန်းတွေရဲ့ အတက်အကျများခြင်း

    ▪️စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေ

    ▪️အစားအသောက် မမျှတခြင်း

    ▪️ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

    ▪️ကိုယ်အလေးချိန် အလွန်အကျွံ တက်ခြင်း/ ကျခြင်း

    ▪️အိပ်ချိန် လုံလုံလောက်လောက်မရခြင်း

    ▪️သိုင်းရွိုက်ပြဿနာတွေ

    ▪️Polycystic Ovary Syndrome (PCOS) လို့ခေါ်တဲ့ အဖြစ်များတဲ့ ဟော်မုန်းဆိုင်ရာ ချို့ယွင်းမှု  

    စတဲ့ အကြောင်းအရာတွေကြောင့်လည်း ဓမ္မတာလာချိန် ပုံမှန်မရှိနေတာ ဖြစ်နိုင်ပါတယ်။

    ဓမ္မတာလာချိန် ပုံမှန်မဟုတ်လို့ အမြဲစိတ်ညစ်နေရပြီဆိုရင် ဒီနည်းလမ်းလေးတွေသုံးပြီး ရာသီစက်ဝန်းကို ပိုမိုလွယ်ကူအောင် စီမံခန့်ခွဲလို့ရတယ်နော်။


    1️. ကျန်းမာတဲ့ lifestyle ကို ထိန်းသိမ်းပါ။ အာဟာရမျှတတဲ့ အစာစားခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ လုံလောက်စွာအိပ်စက်ခြင်းနဲ့ စိတ်ဖိစီးမှုကို ထိန်းညှိပေးခြင်းတို့က ရာသီစက်ဝန်းကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။


    2️. ဓမ္မတာလာရက်တွေကို ကြိုတင်ခန့်မှန်းနိုင်ဖို့ဆိုရင် Flo နဲ့ Euki တို့လို period tracking app တွေကို သုံးပေးဖို့ အကြံပေးချင်ပါတယ်။ ဒီလို app တွေမှာ လစဉ် ဓမ္မတာလာရက်တွေကို မှတ်ထားပေးတာက နောက်လာမယ့်လတွေမှာ ခန့်မှန်းချေ ဘယ်ရက်တွေမှာ ဓမ္မလာနိုင်ချေရှိလဲဆိုတာ သိထားနိုင်မယ့်အပြင် ခံစားရတဲ့ symptoms လေးတွေအကြောင်းကိုလဲ appတွေမှာ ရှာကြည့်နိုင်တယ်နော်။


    3️. ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဓမ္မတာ ပုံမှန်မလာတာနဲ့ ပတ်သက်ပြီး စိတ်ပူနေတယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပြီး လိုအပ်တဲ့ အကူအညီတွေ ရယူနိုင်တာကတော့ အ‌ကောင်းဆုံးပါ။ တစ်ခါတစ်လေမှာ သာမန်နဲ့ မသိနိုင်တဲ့ ရောဂါအခံတွေကြောင့်လည်း ဖြစ်နေနိုင်လို့ပါ။

    တကယ်လို့ အလုပ်တွေရှုပ်နေပြီး တကူးတက ဆေးခန်းသွားမပြချင်ဘူးဆိုရင်လည်း My-Medicine မှာ အိမ်ထဲကအိမ်ပြင်ထွက်စရာမလိုဘဲ ဆရာဝန်ကြီးများနဲ့ အွန်လိုင်းကနေ ဆေးခန်းပြလို့ ‌ရနေပြီမလို့ ခံစားနေရတဲ့ ဝေဒနာအားလုံးအတွက် ဖုန်းနဲ့ အင်တာနက်လေးသာ လိုပါတယ်နော်။

    အွန်လိုင်းကနေ ဆေးခန်းပြပြီးတာနဲ့ လိုအပ်တဲ့ ဆေးပစ္စည်းတွေကိုပါ တစ်နေရာထဲမှာ စုဝယ်နိုင်ပြီး မြန်မာတစ်နိုင်ငံလုံးကိုလည်း အိမ်အရောက်ပို့ပေးနေတာဆိုတော့ အိုကေမှာ စိုပြေပြီပေါ့။

    ဆေးခန်းပြသလိုပါက https://mymedicine.com.mm/r/OGဒီလင့်ကိုနှိပ်၍ ရက်ချိန်းယူလို့ရသလို့ ဖုန်းနံပါတ် 5588 နှင့် 09-77-999-5588 သို့ ဆက်သွယ်မေးမြန်း စုံစမ်းလို့လဲရပါတယ်။




    in Women Health
    Share this post
    Tags
    Archive

    Read Next
    အယူအဆမှားနေသော အမွှေးရိတ်ခြင်း
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce