Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Urinary and Renal Health
  • ဘယ်လိုအခြေနေမျိုးမှာကျောက်ကပ်လဲဖို့လိုအပ်မလဲ
  • ဘယ်လိုအခြေနေမျိုးမှာကျောက်ကပ်လဲဖို့လိုအပ်မလဲ

    October 30, 2024 by
    Hsu Pyae Sone
    ဘယ်လိုအခြေအနေမျိုးမှာ ကျောက်ကပ်လဲဖို့ လိုအပ်မလဲ


    ကျွန်မတို့ ခန္ဓာကိုယ်မှာရှိတဲ့ ကျောက်ကပ်ဟာ ဆီးကနေတဆင့် အဆိပ်အတောက်တွေကို ထုတ်လွှတ်ပေးပြီး သွေးကြောထဲက အာဟာရတွေကို ပြန်စစ်ယူပေးတဲ့အတွက် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ဒါပေမယ့် ကျောက်ကပ်လေး ဆိုးဆိုးဝါးဝါးနေမကောင်းတဲ့အခါမှာတော့ ကျောက်ကပ်လေးကို အပြီးတိုင်စွန့်လွှတ်ပြီး အစားထိုးမှုတွေ လုပ်ရတတ်ပါတယ်။

    ကျောက်ကပ်လေးနေမကောင်းတဲ့အခြေအနေတွေထဲမှာ ဆီးဆိပ်လို့ခေါ်တဲ့ Creatinine ဓာတ်များမှုကြောင့် အများဆုံးဖြစ်တတ်ပါတယ်။ဆီးဆိပ်တက်လာပြီဆိုရင် လူနာတွေဟာ ဆီးကောင်းကောင်းမသွားနိုင်တော့သလို အသားအရေမွဲခြောက်ခြင်း၊အဖျားတက်ခြင်း၊သတိလစ်ခြင်းနဲ့ အသားများတဆတ်ဆတ်တုန်ပြီး နာကျင်ခြင်းတို့ပါ ဖြစ်လေ့ရှိပါတယ်။ခန္ဓာကိုယ်ရဲ့ အမှိုက်စွန့်ရာစနစ်ကြီးတွေထဲက အဓိကအမှိုက်ပုံးကြီးဖြစ်တဲ့ ကျောက်ကပ်မကောင်းတဲ့အခါ တခြားကိုယ်တွင်းကလီစာတွေကိုပါ ထိခိုက်လာရပါတော့တယ်။

    ဒါ့အပြင် ရေနဲ့ဓာတ်ဆားဓာတ်တွေကို ဖလှယ်တဲ့ကျောက်ကပ်ပျက်စီးမှုကြောင့် နှလုံးကိုပါ ထိခိုက်ပြီး နှလုံးအမောဖောက်ခြင်း၊သကြားဓာတ်များကျဆင်းခြင်းနဲ့ သွေးပေါင်ချိန်မတရားထိုးတက်ခြင်းတို့ကိုပါ ဖြစ်လာစေပါတော့တယ်။ကျောက်ကပ်ရဲ့ ခုခံအားစနစ်ပါကျဆင်းလာတဲ့အတွက် ဆီးထဲသွေးပါခြင်း၊ဆီးပိုးဝင်ခြင်းတို့အပြင် ဆီးတစက်မှ မသွားနိုင်တော့အထိပါ အခြေအနေတွေ ဆိုးဝါးလာတတ်ပါတယ်။ဒီအခါမှာတော့ ဆီးနဲ့ကျောက်ကပ်သမားတော်နဲ့ခွဲစိတ်ဆရာဝန်တွေဟာ လူနာကို ကျောက်ကပ်ဆေးဖို့ အရင်ပြင်ဆင်ကြပါတော့တယ်။

    ကျောက်ကပ်ဆေးတာ အကြိမ်ရေခဏခဏစိပ်လာတာတောင်မှ ကျောက်ကပ်က ပြန်ပြီးကောင်းကောင်းအလုပ်မလုပ်နိုင်တော့အခါမှာတော့ မိသားစုကို အသ်ိပေးပြီး ကျောက်ကပ်လဲဖို့ ဆုံးဖြတ်ချက်ချရပါတော့တယ်။တချို့မွေးရာပါ ဆီးနဲ့ကျောက်ကပ်ရောဂါတွေ၊ကျောက်ကပ်ပုံစံမမှန်တာတွေ၊အရိုးနဲ့အကြောဆိုင်ရာ မိမိခုခံအားက မိမိကိုယ်ကို ပြန်တိုက်တဲ့ရောဂါတွေနဲ့ ဆီးချိုသွေးတိုးတွေကြောင့်နောက်ဆက်တွဲကျောက်ကပ်ထိခိုက်တဲ့အခါတွေမှာလည်း ကျောက်ကပ်လဲရနိုင်ပါတယ်။ဒါကြောင့်မို့ ကျောက်ကပ်လေးကို သေသေချာချာလေးဂရုစိုက်ကြပါနော်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။


    in Urinary and Renal Health
    Share this post
    Tags
    Archive

    Read Next
    ဆီးပူညောင်းကျရောဂါဆိုတာ
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce