Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Sexual Health
  • စိတ်ချရသော လိင်ဆက်ဆံမှု
  • စိတ်ချရသော လိင်ဆက်ဆံမှု

    March 3, 2025 by
    Hsu Pyae Sone

    ကျန်းမာရေးရည်ရွယ်ချက်ဖြင့် တင်ဆက်ထားခြင်းဖြစ်ပါသည်။

    လိင်ဆက်ဆံမှု(သို့မဟုတ်) အတူတူနေတယ် ဆိုတာကတော့ လူသားတိုင်းအရွယ်ရောက်လာတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝတခုပဲဖြစ်ပါတယ်။ဒါပေမယ့် အိမ်ထောင်သည်ဘဝမှာဖြစ်ဖြစ်၊သမီးရည်းစားဘဝမှာပဲဖြစ်ဖြစ် အတူတူနေဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုတာနဲ့  လိင်တူချစ်သူဖြစ်စေ၊လိင်ကွဲချစ်သူဖြစ်စေ နောက်ဆက်တွဲ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေ မဖြစ်ရအောင် စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း ပြုလုပ်ဖို့ အရေးကြီးလှပါတယ်။

    စိတ်ချရတဲ့ လိင်ဆက်ဆံမှု ဆိုတာ လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါများနဲ့ အချိန်မတန်သေးဘဲ ကိုယ်ဝန်မရအောင် ကာကွယ်ပေးဖို့ရည်ရွယ်ထားပါတယ်။အထူးသဖြင့် လိင်ဆက်ဆံခြင်းကနေ ဖြစ်လာတဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သိသိသာသာ လျှော့ချပေးနိုင်ဖို့ ဦးတည်ပါတယ်။စိတ်ချရတဲ့လိင်ဆက်ဆံမှုရှိဖို့ က လူသားတိုင်းရဲ့ အခွင့်အရေးဖြစ်ပြီး၊ ကျန်းမာရေးနဲ့လူမှုဆက်ဆံရေးအတွက် အရေးပါတဲ့ အလေ့အထတစ်ခုလည်း ဖြစ်လို့ နေပြန်ပါတယ်။ဒါကြောင့် အကာအကွယ်ကွန်ဒုံးကို စနစ်တကျအသုံးပြုဖို့၊ ပွင့်လင်းစွာ အချင်းချင်းပြောဆိုတိုင်ပင်ဖို့နဲ့ ပုံမှန်ဆေးစစ်ဆေးမှုများနဲ့ လိင်မှုဘဝကို စိတ်ချလက်ချ ဖြတ်သန်းနိုင်ပါတယ်။

    လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါများဖြစ်တဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ HIV၊ ဆီးပူညောင်းကျ ဂနို၊ကာလသားရောဂါ ဆစ်ဖလစ်၊သားအိမ်ခေါင်းကင်ဆာနဲ့ အသည်းရောင်အသားဝါရောဂါတွေကို အထူးဂရုပြုရမှာပဲဖြစ်ပါတယ်။အထူးသဖြင့် အသက် ၁၅– ၃၀ နှစ်ကြား လူငယ်များမှာ ဖြစ်ပွားနှုန်း အများဆုံးဖြစ်လို့ အကာအကွယ်ကွန်ဒုံးသုံးခြင်း၊အသည်းရောင်အသားဝါနဲ့သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးမှုကြိုတင်ထိုးထားခြင်းဖြင့် ရောဂါဖြစ်ပွါးမှုကို ၉၀% အထိ ကာကွယ်နိုင်ပါတယ်။

    လိင်ဆက်ဆံဖော်များပြားလာတာနဲ့အမျှ ရောဂါကူးစက်နိုင်ခြေ မြင့်တက်လာလေဖြစ်လို့  တူတူနေမယ့် ပါတနာကို သတ်သတ်မှတ်မှတ်ထားပါ။အတူတူမနေခင် ရောဂါရှိ/မရှိ နှစ်ဖက်လုံးဆေးစစ်ပါ။ရောဂါတခုခုရှိနေရင်လည်း ပွင့်ပွင့်လင်းလင်းပြောပြပေးပြီး ဆေးသောက်ခြင်း၊ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်ထားသင့်ပါတယ်။ဒါ့အပြင် ကိုယ်နဲ့အတူနေသူမှာ HIV ရောဂါပိုးရှိ/မရှိ မသေချာရင် PrEP (Pre-Exposure Prophylaxis)နဲ့ PEP (Post-Exposure Prophylaxis)ကို လိင်ဆက်ဆံမှုမပြုလုပ်ခင်နဲ့ ပြလုပ်ပြီး ၇၂ နာရီအတွင်း တတ်ကျွမ်းတဲ့ဆရာဝန်များရဲ့ လမ်းညွှန်မှုနဲ့အတူ သောက်သုံးထားလို့ရပါတယ်။

    ဒါ့အပြင် သွားဖုံးအကာ၊ချောဆီနဲ့ အမျိုးသား/အမျိုးသမီးသုံးကွန်ဒုံးတွေကို မိမိအတူတူနေမယ့်အနေအထားပေါ် မူတည်ပြီး ကြိုတင်ဝယ်ယူကာ သုံးသင့်ပါတယ်။အရေးကြီးဆုံး သိထားရမှာက ကွန်ဒုံးဝယ်ယူတာ က ရှက်စရာမဟုတ်ပါဘူး။ကွန်ဒုံးအသုံးပြုလိုက်ခြင်း က မလိုလားအပ်တဲ့ ကိုယ်ဝန်ကိုလည်း မရစေနိုင်တဲ့အပြင် လိင်မှတဆင့်ကူးစက်နိုင်တဲ့ ရောဂါဖြစ်နှုန်းကိုလည်း ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါတယ်။ဒါကြောင့်မို့ အချိန်ခဏလေးအတူနေလိုက်ရုံနဲ့ တဘဝစာနောင်တရရမယ့်အဖြစ်မျိုး မဖြစ်ရလေအောင် စိတ်ချရတဲ့လိင်ဆက်ဆံမှုကို မိမိရော အတူနေပါတနာရော သေချာလိုက်နာထားဖို့ လိုအပ်လှပါတယ်။

    My-Medicine မှ Condom ဝယ်ယူရန် link - https://mymedicine.com.mm/r/OHr


    in Sexual Health
    Share this post
    Tags
    Archive

    Read Next
    ကွန်ဒုံးပေါက်/မပေါက် ဘယ်လိုသိနိုင်မလဲ
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce