Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Mental Health
  • စိတ်ဖိစီးမှုကြောင့် တက်ခြင်း
  • စိတ်ဖိစီးမှုကြောင့် တက်ခြင်း

    December 9, 2024 by
    Hsu Pyae Sone

    ဝက်ရူးပြန်ရောဂါလို့လဲခေါ်ကြတဲ့ တက်ခြင်းဟာ မျိုးဗီဇဆိုင်ရာနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းမှုတွေကြောင့် ဦးနှောက်အတွင်း ပုံမှန်မဟုတ်တဲ့ လျှပ်စစ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာပြီး ခဏခဏတက်တာကို ခေါ်တာပါ။

    ဒါပေမယ့် ကိုယ့်မှာ ဝက်ရူးပြန်တဲ့ ရာဇဝင်ရော မျိုးရိုးရောမရှိဖူးဘဲနဲ့ စိတ်ဖိစီးမှုတွေများလာတိုင်း တက်တဲ့ လက္ခဏာတွေ ပြနေပြီဆိုရင်တော့ Psychogenic Nonepileptic Seizure (PNES) လို့ခေါ်တဲ့ စိတ်ဖိစီးမှုများကြောင့်တက်ခြင်းကို ခံစားနေနေရပြီလားဆိုတာ ဆန်းစစ်ဖို့လိုလာပါပြီ‼️

    PNES က သာမန်ဝက်ရူးပြန်တာလို ဦးနှောက်က ပုံမှန်မဟုတ်တဲ့ လျှစ်စစ်လှုပ်ရှားမှုတွေကြောင့် မဟုတ်ဘဲ စိတ်ခံစားချက်နဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်ရတာပါ။

    💁🏻‍♀️ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ personality disorders နဲ့ အခြားစိတ်ထိခိုက်စရာ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ နေထိုင်နေရသူတွေမှာ PNES ကို အများဆုံး ခံစားရကြလေ့ရှိပါတယ်။

    သာမန်ဝက်ရူးပြန်ခြင်းနဲ့ မတူတဲ့ စိတ်ဖီးစီးမှုများကြောင့် တက်ခြင်းရဲ့ လက္ခဏာတွေကတော့ -

    • သတိမရှိတော့ခြင်း
    • ခေါင်းကို ဘယ်ညာဆက်တိုက်ယမ်းနေခြင်း
    • ထပ်တလဲလဲ ခန္ဓာကိုယ်တဆတ်ဆတ်နဲ့ တုန်နေခြင်း
    • ကြွက်သားများ ကျုံ့လိုက်ဆန့်လိုက်ဖြစ်နေခြင်း
    • တက်နေရင်း မျက်ရည်ကျခြင်း
    • လျှာကိုကိုက်မိခြင်း
    • မှတ်ဉာဏ်ပြဿနာများကြုံရခြင်း

    PNES ဖြစ်ရတဲ့ အဓိကအကြောင်းခံက စိတ်ဖိစီးမှုကြောင့် ဖြစ်ရတာမလို့ ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ လျော့နည်းသွားအောင် အိပ်ရေးဝဝအိပ်တာ၊ အာဟာရပြည့်ဝအောင်စားတာနဲ့ တရားထိုင်တာတို့ လုပ်ပေးနိုင်ပါတယ်။

    ဒါပေမယ့် မသက်သာလာဘူးဆိုရင်တော့ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးများနဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုတွေကို ရယူလိုက်ပါ။

    My-Medicine မှာဆို အထူးကုဆရာဝန်ကြီးများနဲ့ ဆေးခန်းပြဖို့ စောင့်စရာမလိုဘဲ အွန်လိုင်းကနေ တိုင်ရိုက်ကုသမှုခံယူလို့ရတယ်နော်။

    ဒါ့အပြင် December 31 အထိ စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများအတွက် 20% off ရှိကြောင်းလေးကိုလည်း လက်တို့လိုက်ပါစေနော်!


    👩‍⚕️ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးများနှင့် ဆေးခန်းပြရန် >>>https://mymedicine.com.mm/r/PsychiatristDec


    👩‍⚕️ စိတ်ကုထုံးဆရာဝန်ကြီးများနှင့် ဆေးခန်းပြရန် >>> https://mymedicine.com.mm/r/PsychotherapistDec



    in Mental Health
    Share this post
    Tags
    Archive

    Read Next
    စိတ်ဖိစီးမှုများနေခြင်းကRelationshipအပေါ် အကျိုးသက်ရောက်နိုင်လား
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce