Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Mental Health
  • Benefits of meditation
  • Benefits of meditation

    September 10, 2024 by
    Hsu Pyae Sone

    မင်္ဂလာပါစာဖတ်ပရိသတ်တို့ရေ . . .

    နေ့တဓူဝကိစ္စတွေကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေများနေပြီး စိတ်သက်သာရာရအောင် ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီလား? 

    ဒါဆို တရားထိုင်တာကို စမ်းကြည့်ဖို့လိုနေပြီနော်…. တရားထိုင်ခြင်းဆိုတာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာချမ်းသာဖို့အတွက် ရာစုနှစ်များစွာတည်းက အသုံးပြုခဲ့ကြတဲ့ ရှေးဟောင်းအလေ့အထတစ်ခုဖြစ်ပြီး သိပ်မကြာသေးခင်ကမှ ကျန်းမာရေးအလေ့အကျင့်တစ်ခုအဖြစ် ပြန်ပြီး ရေပန်းစားလာတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးအချို့နဲ့တကွ ဒီကောင်းကျိုးတွေကို အပြည့်အဝရနိုင်ဖို့ ထိထိရောက်ရောက် တရားထိုင်နည်းတို့ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

    တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးများ - 

    စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုကို လျှော့ချပေးခြင်း - တရားထိုင်ခြင်းက စိတ်တည်ငြိမ်စေရုံသာမက cortisol လို စိတ်ဖိစီးမှုဟော်မုန်း ထုတ်လုပ်‌မှုတွေ လျှော့ချပေးခြင်းဖြင့် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတွေကို လျော့နည်းစေပါတယ်။


    နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း - အိပ်ရာမဝင်ခင် တရားထိုင်ပေးပါက စိတ်ကို ပြေလျော့စေကာ ရောက်တတ်ရောက်ရာ အတွေးတွေကို လျှော့ချပေးခြင်းဖြင့်လည်း ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။


    အာရုံစူးစိုက်မှု ကောင်းမွန်စေခြင်း - ပုံမှန် တရားထိုင်ပေးခြင်းက သင့်စိတ်ကို လက်ရှိအခိုက်အတန့်ပေါ်မှာပဲ အာရုံစိုက်ထားဖို့ လေ့ကျင့်ပေးခြင်းဖြင့် အာရုံစူးစိုက်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။


    စိတ်ပိုင်းဆိုင်ရာကျန်းမာရေး တိုးမြှင့်ပေးခြင်း - တရားထိုင်တဲ့ အလေ့အကျင့်က စိတ်အေးချမ်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုတွေကို ဖွံ့ဖြိုးစေနိုင်တာကြောင့် ဘဝရဲ့စိန်ခေါ်မှုတွေကို သက်တောင့်သက်သာပဲ ရင်ဆိုင်နိုင်စေပြီး ပိုမိုခံနိုင်ရည်ရှိစေမှာပဲ ဖြစ်ပါတယ်။


    သွေးပေါင်ချိန်ကျစေခြင်း - ပုံမှန်တရားထိုင်ပေးခြင်းက သွေးပေါင်ချိန်လျော့နည်းစေတာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေတို့ကို လျှော့ချပေးနိုင်ကြောင်း လေ့လာမှုများအရ သိရှိရပါတယ်။


    ထိထိရောက်ရောက် တရားထိုင်နိုင်ဖို့အတွက် ထိုင်ရန် (သို့) လဲလျောင်းရန် သက်တောင့်သက်သာရှိပြီး ဆိတ်ငြိမ်တဲ့ နေရာတစ်ခုကို အရင်ရှာပါ။ တရားထိုင်မယ့်နေရာ ရှာလို့တွေ့သွားပြီဆိုရင်တော့ မျက်လုံးမှိတ်လိုက်ပြီး ဝင်လေထွက်လေအပေါ် အာရုံစိုက်ထားပါ။ နှာခေါင်းကနေ အသက်ပြင်းပြင်းရှူသွင်းပြီး ပါးစပ်မှ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ရပါမယ်။ တရားထိုင်နေတုန်း စိတ်တွေပျံ့လွင့်သွားရင်လဲ စိတ်မပူပါနဲ့၊ အသက်ရှုသံပေါ်ကို ဖြည်းဖြည်းချင်း ပြန်အာရုံစိုက်ပေးလိုက်ခြင်းနဲ့ အာရုံစူးစိုက်နည်းကို တဖြည်းဖြည်း ကျင့်ယူသွားနိုင်ပါတယ်။

    ကဲ…ဒါဆိုရင်တော့ စိတ်ရောကိုယ်ပါ အေးချမ်းစေတဲ့ တရားထိုင်နည်းကို စာဖတ်ပရိသတ်တို့ရဲ့ နေ့စဉ်အလေ့အထ‌တွေထဲမှာ စမ်းထည့်ကြည့်ဖို့ စိတ်ဝင်စားသွားပြီ ထင်ပါတယ်။ ဒါကြောင့် အချိန်နှောင့်နှေးမနေတော့ဘဲ မျက်လုံးမှိတ်၊ အသက်ပြင်းပြင်းရှူပြီး တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အမြန်ပဲ ကိုယ်တိုင် ရယူခံစားလိုက်ပါ။

    ဒါ့အပြင်စိတ်ကျန်းမာရေးဆရာဝန်ကြီးများနှင့်ဆွေးနွေးတိုင်ပင်လိုပါက  https://mymedicine.com.mm/r/psy ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


    in Mental Health
    Share this post
    Tags
    Archive

    Read Next
    ဆိုရှယ်မီဒီယာနဲ့ စိတ်ကျန်းမာရေး
    လူတိုင်းနီးပါးနဲ့ မကင်းကွာတဲ့ ဆိုရှယ်မီဒီယာအသုံးပြုခြင်းနဲ့စိတ်ကျန်းမာ​ရေး
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce