Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Mental Health
  • ရာသီဥတုကြောင့်စိတ်ကျခြင်း
  • ရာသီဥတုကြောင့်စိတ်ကျခြင်း

    December 8, 2024 by
    Hsu Pyae Sone

    နှစ်တိုင်း ပြောင်းလဲနေတဲ့ ရာသီဥတုနဲ့အတူလိုက်ပြီး စိတ်အခြေအနေတွေ သိသိသာသာ ပြောင်းလဲတာမျိုးကို သတိထားမိဖူးလား❓

    တစ်နှစ်တာလုံးရဲ့ တချို့ကာလတွေမှာမှ စိတ်ဓာတ်ကျတာ ဒါမှမဟုတ် အားအင်နည်းပါးတယ်လို့ တွေးဖူးသလား❓

    ဒါဆို ကမ္ဘာတစ်ဝှမ်းလုံးက လူသန်းပေါင်းများစွာနဲ့ ချီပြီး ခံစားဖူးကြတဲ့ Seasonal Affective Disorder (SAD) ကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်‼️

    SAD ဆိုတာ ရာသီအလိုက် ဖြစ်ပေါ်တတ်တဲ့ စိတ်ဓာတ်ကျခြင်း တစ်မျိုးဖြစ်ပြီး ပုံမှန်အားဖြင့်တော့ တစ်နှစ်တာလုံးရဲ့ အအေးဆုံးနဲ့ အမှောင်ဆုံးလတွေမှာ အဖြစ်များတတ်ပါတယ်။ SAD က ခန္ဓာကိုယ်မှာ သဘာဝအလင်းရောင်ရရှိမှု အပြောင်းအလဲတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆကြပြီး ရာသီဥတုအပြောင်းအလဲမှာ သဘာဝအလင်းရောင်ရရှိပုံတွေ ပြောင်းလဲသွားတာကြောင့် ဦးနှောက်အတွင်းရှိ စိတ်ခံစားချက်ကို ထိန်းညှိပေးတဲ့ ဓာတုပစ္စည်းတွေ ထုတ်လုပ်မှုကို ထိခိုက်စေပြီးတော့ စိတ်အခြေအနေ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။

    ရာသီဥတုပူနွေးပြီး နေသာတဲ့ မြန်မာနိုင်ငံလို နေရာမျိုးမှာတော့ ပိုမိုပြင်းထန်တဲ့ ဆောင်းရာသီရှိတဲ့ နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် SAD ဖြစ်နိုင်ချေ အတော်နည်းပါတယ်။ ဒါပေမယ့်လည်း ဆောင်းရာသီသိပ်မအေးတဲ့ ဒေသတွေမှာတောင်  အချို့လူတွေက SAD ရဲ့ လက္ခဏာတွေကို ခံစားနေရတတ်တာမလို့ ဒီလိုခံစားချက်တွေကို အသိအမှတ်ပြုပေးဖို့ ခံစားနေရတာတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ အရမ်းအရေးကြီးပါတယ်။

    SAD က ပုံစံအမျိုးမျိုးနဲ့ ဖြစ်လာနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့ လက္ခဏာတွေကလည်း ကွဲပြားတတ်ပါတယ်။ သတိထားရမယ့် အဖြစ်များတဲ့ လက္ခဏာတွေကတော့ -

    ◾ စိတ်ဓာတ်ကျပြီး ဝမ်းနည်းမှုတွေ ဆက်တိုက်ခံစားနေရတာ

    ◾ အားအင်တွေ ယုတ်‌လျော့ပြီး ပင်ပန်းနွမ်းနယ်မှုတွေ တိုးလာတာ

    ◾ အာရုံစူးစိုက်ရခက်ခဲတာ

    ◾ အစာစားချင်စိတ်ပျောက်တာ/ အလွန်အကျွံစားချင် တို့လို အစာစားချင်စိတ်တွေ ပြောင်းလဲလာတာ

    ◾ လူတွေနဲ့ ဆက်ဆံမှုလျော့နည်းလာတာ

    ◾ အရင်က ဝါသနာပါခဲ့တာတွေအပေါ်  စိတ်ဝင်စားမှု လျော့ကျလာတာ

    ◾ အိပ်ချိန်တွေ အရမ်းတိုးလာတာ/ အိပ်ပျော်ဖို့ ခက်ခဲတာ

    ◾ စိတ်ဆတ်လွယ်တာ တို့ပါ။


    ရောဂါလက္ခဏာတွေ အကြောင်းကို သေချာသိသွားပြီဆိုတော့ SAD ခံစားနေရပြီဆိုရင် သက်သာအောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်👇

    🌲 နေရောင်ခြည်က ခန္ဓာကိုယ်အတွက် ဗီတာမင် D ထုတ်လုပ်ပေးဖို့ ကူညီပေးရင်း သဘာဝအတိုင်း စိတ်ဓာတ်မြှင့်တင်ပေးတာကြောင့် မြန်မာနိုင်ငံမှာ အပေါဆုံးရရှိမယ့် နေရောင်ခြည်ကို အသုံးချပြီး မနက်တိုင်း ခဏလောက် နေရောင်ခံပေးပါ

    🌲 နေရောင်ခြည် လုံလုံလောက်လောက် ရရှိဖို့ ခက်ခဲနေမယ်ဆိုရင်တော့ light therapy box အသုံးပြုကြည့်ပါ။ ဒီ box လေးတွေက သဘာဝနေရောင်ခြည်လိုမျိုး တောက်ပတဲ့ အလင်းရောင်ကို ထုတ်လွှတ်ပေးတာကြောင့် SAD ရဲ့ လက္ခဏာတွေကို သက်သာစေမှာပါ။ သင့်အတွက် ကိုက်ညီတဲ့ အလင်းကုထုံး အမျိုးအစားနဲ့ ကြာချိန်ကို ဆုံးဖြတ်ပေးဖို့တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ရပါမယ်

    🌲 ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာကလည်း ဦးနှောက်အတွင်းမှာ ပျော်ရွှင်စေတဲ့ endorphin ဟော်မုန်းတွေကို ထုတ်ပေးတာကြောင့် အက၊ ယောဂနဲ့ အားကစားတို့လို ကိုယ်လက်လှုပ်ရှားပေးတာက စိတ်နဲ့ တစ်ကိုယ်လုံးကျန်းမာရေးကို မြှင့်တင်ပေးမှာပါ

    🌲 မျှတတဲ့ အစားအစာ စားပေးတာ၊ ရေများများသောက်ပေးတာနဲ့ အိပ်ရေးဝအောင် အိပ်ပေးတာတို့ကလည်း SAD ကို စီမံခန့်ခွဲတဲ့နေရာမှာ အရေးပါပါတယ် 

    🌲 စိတ်တွေအရမ်းရှုပ်နေပြီဆိုရင် သူငယ်ချင်း၊ မိသားစုနဲ့ ယုံကြည်ရသူ‌တွေဆီ ဖွင့်ပြောဖို့ မတွန့်ဆုတ်လိုက်ပါနဲ့။ ခံစားချက်နဲ့ အတွေ့အကြုံတွေကို အခြားသူတွေဆီ မျှဝေလိုက်တာက စိတ်ခံစားမှုဆိုင်ရာ အထောက်အပံ့ကို ပေးစွမ်းနိုင်ပြီး ဒီလိုခံစားနေရတာ ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူးဆိုတာ သိလိုက်ရတာက အထောက်အကူ အများကြီးပေးမှာပါ

    တကယ်လို့ စိတ်အခြေအနေတွေ သက်သာလာတယ်လို့ မထင်ရရင် စိတ်ကုထုံးပညာရှင်‌တွေနဲ့ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးတွေလို professional တွေဆီမှာ တိုင်ပင်ဖို့ အကြံပေးပါရစေ🩺🧑‍⚕️

    SAD က နေရောင်များများရတဲ့ မြန်မာနိုင်ငံမှာ အဖြစ်နည်းတယ်ဆိုပေမယ့် ရာသီအကူးအပြောင်းမှာ ခံစားရတဲ့ စိတ်ဓာတ်ကျမှုတွေက နေ့စဉ်ဘဝကို ထိခိုက်နိုင်တာမလို့ လိုအပ်လာရင် အကူအညီရယူဖို့ မတွန့်ဆုတ်လိုက်ပါနဲ့နော်…

    📢 ဒါ့အပြင် December 31 အထိ စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများအတွက် 20% off ရှိကြောင်းလေးကိုလည်း လက်တို့လိုက်ပါစေနော်!


    👩‍⚕️ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးများနှင့် ဆေးခန်းပြရန် >>> https://mymedicine.com.mm/r/PsychiatristDec​


    👩‍⚕️ စိတ်ကုထုံးဆရာဝန်ကြီးများနှင့် ဆေးခန်းပြရန် >>> https://mymedicine.com.mm/r/PsychotherapistDec






    in Mental Health
    Share this post
    Tags
    Archive

    Read Next
    ဒေါသကြီးလွယ်သူတွေဖတ်ဖို့
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce