Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Mental Health
  • ဆိုရှယ်မီဒီယာနဲ့ စိတ်ကျန်းမာရေး
  • ဆိုရှယ်မီဒီယာနဲ့ စိတ်ကျန်းမာရေး

    လူတိုင်းနီးပါးနဲ့ မကင်းကွာတဲ့ ဆိုရှယ်မီဒီယာအသုံးပြုခြင်းနဲ့စိတ်ကျန်းမာ​ရေး
    February 6, 2023 by
    Dr.Phyo



    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

    ဒီ​နေ့မှာ​တော့ လူတိုင်းနီးပါးနဲ့ မကင်းကွာတဲ့ ဆိုရှယ်မီဒီယာအသုံးပြုခြင်းနဲ့စိတ်ကျန်းမာ​ရေး ဆက်စပ်​နေမှုတစ်ချို့ကို တင်ပြ​ပေးသွားမှာပဲဖြစ်ပါတယ်။ 

    ယ​နေ့​ခေတ်မှာဆိုရင် လူအ​တော်များများဟာ ကိုယ့်ရဲ့ စမတ်ဖုန်း​တွေကို ကိုယ့်ရဲ့စိတ်ကူးထဲက မိတ်​ဆွေတစ်​ယောက်လိုသ​ဘောထားပြီး ​နေထိုင်လာကြပါတယ်။ အဲ့ဒီမိတ်​ဆွေဆီကတစ်ဆင့် ပြင်ပက ကိုယ့်မိတ်​ဆွေ သူငယ်ချင်း​တွေရဲ့ အ​ကြောင်းအရာအသစ်​တွေ၊ ကိုယ်ကြိုက်နှစ်သက်တဲ့ ဆယ်လီဘရစ်တီ​တွေ၊ ကမ္ဘာတစ်ဝှမ်းက ပြပွဲ​တွေအ​ကြောင်းကို လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာ​တွေ​ပေါ်မှာ ဖတ်ရှု​နေထိုင်ကြပါတယ်။

    ​ပြောရမယ်ဆိုရင် ဆိုရှယ်မီဒီယာ​တွေဟာ လူတစ်ဦးနဲ့တစ်ဦးဆက်ဆံ​ရေးဖြစ်​စေ၊ သတင်းအချက်အလက်​တွေဖလှယ်ခြင်းဖြစ်​စေ၊ အ​တွေးမြင်အသစ်​တွေကိုမျှ​ဝေခြင်း​တွေကိုဖြစ်​စေ အလွန်လျှင်မြန်စွာတိုးတက်​စွာပြုလုပ်လာနိုင်ပြီး တိုးတက်မှုအား​ကောင်းတဲ့ လူမှုဆက်သွယ်​ရေးကိရိယာတစ်ခုဖြစ်ပါတယ်။

    ဒါ​ပေမယ့်လဲ .. ​အ​ကောင်းနဲ့အဆိုး ဒွန်တွဲ​နေတတ်တဲ့​လောကကြီးမို့ ဆိုရှယ်မီဒီယာအသုံးပြုခြင်းဟာ အသုံးပြုသူ​တွေအတွက်​ကောင်းတာ​တွေရှိသလို ထိခိုက်​စေနိုင်တာ​လေး​တွေလဲရှိ​နေပါတယ်။

    ပထမဆုံးတစ်ချက်အ​နေနဲ့ .. ဆိုရှယ်မီဒီယာပလက်​ဖောင်း​တွေ​ပေါ်မှာ တစ်​ရက်ကို ၉ နာရီနဲ့အထက် ဟဲဗီးအသုံးပြု​တွေမှာ ဒီပရက်ရှင်​လို့ခေါ်တဲ့ စိတ်ဓါတ်ကျဆင်းခြင်း​တွေ၊ အန်ဇိုင်ယတီလို့​ခေါ်တဲ့ စိုးရိမ်စိတ်​တွေ အဖြစ်များတာကို ​လေ့လာ​တွေ့ရှိရပါတယ်။

    ​နောက်တစ်ချက်က​တော့ ဆိုရှယ်မီဒီယာအသုံးများခြင်းဟာ အိပ်​ရေးပျက်ခြင်း၊ နှစ်ခြိုက်စွာ အိပ်မ​ပျော်နိုင်ခြင်းများကို ဖြစ်​စေနိုင်ပြီး ကျန်းမာ​ရေးကို ထိခိုက်​စေတတ်ပါတယ်။

    ဆိုရှယ်မီဒီယာပလက်​ဖောင်း​တွေ​အ​ပေါ်မှာ ကိုယ်ကိုယ်တိုင်က စ'ပြီး သတင်းအမှား​တွေ အ​ကြောင်းအရာအမှား​တွေကို ဖြန့်​ဝေမိနိုင်သလို တစ်ခြားသူ​တွေတင်ထားတဲ့ မမှန်ကန်တဲ့အ​ကြောင်းအရာ​တွေကို ထပ်ဆင့်မျှ​​ဝေခြင်း​တွေပြုလုပ်မိနိုင်ပါတာမို့ သတိထားသင့်ပါတယ်။

    ​နောက်တစ်ခုက​တော့ .. ဆိုရှယ်မီဒီယာ​တွေဟာ အလွန်အကျွံသုံးတဲ့သူ​တွေရဲ့ စိတ်ထဲမှာ Inadequacy လို့​ခေါ်တဲ့ စိတ်အလိုမပြည့်မှု​တွေကိုလဲ ဖြစ်​ပေါ်​စေ​ကြောင်း ​​လေ့လာ​တွေ့ရှိရပါတယ်။ အွန်လိုင်း​ပေါ်မှာ မြင်ရတဲ့ ရုပ်ဝတ္ထုနဲ့အ​ကြောင်းအရာ​တွေဟာ တစ်ကယ့်အပြင်က လက်​တွေ့ဘဝ​တွေနဲ့ နှိုင်းယှဥ်လို့ မရ​ကြောင်းကို ​မေ့​ပျောက်သွား​စေတတ်ပြီး အားကျစိတ် အတုယူလိုစိတ်က​နေ မနာလိုစိတ်နဲ့ မိမိရဲ့ဖြစ်တည်မှုအ​ပေါ်မှာ အလိုမကျခြင်းတို့အထိ ပြောင်းလဲသွား​စေတတ်ပါတယ်။

    ဟုတ်ကဲ့ပါ ဆောင်းပါး​​လေးကို အဆုံးထိဖတ်ရှု​ပေးတဲ့အတွက်လဲ​ကျေးဇူတင်ပါတယ်။ ပြီး​​တော့ … 

    မိမိရဲ့ စိတ်အဆင်မ​ပြေမှု​တွေအတွက်ဖြစ်​စေ စိတ်ကျန်းမာ​ရေးအတွက် ဖြစ်​စေ ဖြည့်စွက်​အားဖြည့်​ဆေးဝါးများဝယ်ယူရန် သို့မဟုတ် အထူးကုဆရာဝန်​ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


    in Mental Health
    Share this post
    Tags
    Archive

    Read Next
    စိတ်ဖိစီးမှုလျှော့ချဖို့ နေ့စဉ်လုပ်ဆောင်သင့်တဲ့ အလေ့အထများ
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce