Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Mental Health
  • စိတ်ဖိစီးမှုများနေခြင်းကRelationshipအပေါ် အကျိုးသက်ရောက်နိုင်လား
  • စိတ်ဖိစီးမှုများနေခြင်းကRelationshipအပေါ် အကျိုးသက်ရောက်နိုင်လား

    December 9, 2024 by
    Hsu Pyae Sone

    လူရယ်လို့ ဖြစ်လာလျှင် တစ်ယောက်နဲ့တစ်ယောက်ဟာ အလုပ်ကိစ္စ၊မိသားစုကိစ္စနဲ့ တခြားသောအရာများကြောင့် စိတ်ဖိစီးမှု အနည်းအများဆီရှိကြမှာ အသေအချာပါပဲ။တခါတလေ ဖိအားများသော ရပ်ဝန်းတွေကြောင့် မဆိုင်သည့် ကိုယ့်ဘေးနားကလူများကိုပါ အပြစ်တင်မှု၊အော်ဟစ်မှုတွေပါ ပြုလုပ်လာနိုင်ကြပါတယ်။အလုပ်ကမပြီးပြတ်သေးတဲ့ကိစ္စတွေက အိမ်အထိ ပါလာတဲ့အခါအိပ်ရာဝင်နောက်ကျခြင်း၊အိပ်ရေးပျက်ခြင်းနဲ့ စိတ်ဖိစီးမှုများကိုပါ ဖြစ်စေပါတယ်။

    မတူညီတဲ့ လူ ၂ ယောက်ပေါင်းစပ်ပြီး နားလည်မှုယူနေရတဲ့သမီးရည်းစားဆက်ဆံရေးနဲ့ အိမ်ထောင်ရေးတို့မှာလည်း စိတ်ဖိစီးမှုများခြင်းကြောင့် အနည်းနဲ့အများပွတ်တိုက်မှုများကို ဖြစ်စေပါတယ်။ပွတ်တိုက်မှုများကို အချိန်မှီမထိန်းသိမ်းနိုင်ရင်တော့ ၂ ဦးသားဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်ပျက်စီးစေမှာပဲ ဖြစ်ပါတယ်။စိတ်ဖိစီးမှုများလာတဲ့အခါ အာရုံစိုက်ရမယ့်ကိစ္စတွေကိုပါ မစိုက်နိုင်တော့ဘဲ စိတ်ဖိစီးစေတဲ့အရာကိုပဲ ပိုပိုတွေးမိရင် ပြဿနာတွေက ပိုဆိုးလာပါတော့တယ်။

    ဘယ်လောက်ပဲ စိတ်တည်ငြိမ်အေးချမ်းသူလို့ပဲ သတ်မှတ်ထားပါစေဦးတော့၊"တွန်းပါများရင် နှဲ့တတ်တဲ့သစ်ပင်တွေ" လိုပဲ ခေါင်းပေါ်ကို ဖိအားတွေက ပြုံကျလာတဲ့အခါ သင့်တော်စွာစဉ်းစားဆင်ခြင်န်ိုင်ခြင်းမရှိတော့ပါဘူး။တပြိုင်နက်ထဲမှာပဲ မိမိကိုယ် မိမိထိန်းချုပ်နိုင်အား (Self control) လျော့သွားပြီး ဒေါသတကြီးအရာရာကို တုန့်ပြန်နေမိတော့တာပဲ ဖြစ်ပါတယ်။လုပ်ငန်းခွင်က တက်ခဲ့တဲ့ပြဿနာနဲ့ စိတ်ရှုပ်ထွေးမှု အပူမီးတွေဟာ မိမိရဲ့အတွင်းစည်းမှာရှိ နေကြတဲ့ မိဘမောင်နှမသမီးရည်းစား အိမ်ထောင်ဖက်တွေကိုပါ ကူးစက်စေပါတော့တယ်။

    ကျွန်မတို့ တည်ငြိမ်နေတဲ့ရေကန်ထဲကို ခဲတလုံးပစ်ချလိုက်တယ်ပဲ ဆိုကြပါစို့။ခဲလုံးရဲ့ အရှိန်ကြောင့် ကန်ရေပြင်မှာ ဝဲဂယက်လေးတွေ ကျန်ခဲ့တတ်ပါတယ်။ထိုနည်းတူစွာပဲ တခြားတနေရာကရရှိလာတဲ့ စိတ်ဖိစီးမှုဒဏ်ကြောင့် မိမိပါတနာနဲ့ ဆက်ဆံတဲ့နေရာမှာ အများကြီး သက်ရောက်စေနိုင်ပါတယ်။ဒီလိုမဖြစ်ရလေအောင် ကျွန်မတို့တားဆီးလို့မရပါဘူး။စိတ်ဖိစီးမှုရှိတဲ့သူဖက်ကလည်း ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ဖို့ လိုအပ်သလို ပါတနာလုပ်သူကလည်း နားလည်ပေးနိုင်ဖို့လိုအပ်ပါတယ်။

    အကောင်းဆုံးကတော့ မိမိမှာ စိတ်ဖိစီးမှုရှိနေပါက ရည်းစား/အိမ်ထောင်ဖက်ကို ပွင့်ပွင့်လင်းလင်းပြောပြီး Alone time ယူပေးပါ။Alone time အတွင်းမှာ ခေါင်းအေးအေးနဲ့ထားပြီး ဖြေရှင်းသင့်တဲ့ပြဿနာကို ဖြေရှင်း၊ကျော်သွားသင့်တာကို ကျော်သွားရပါမယ်။ပါတနာဖြစ်သူဖက်ကလည်း တဖက်သားစိတ်ညစ်နေကြောင်း ပြောပြလျှင် ဘာဖြစ်လဲ အတင်းမေးမယ့်အစား Space ပေးထားလိုက်တာ ပိုသင့်တော်ပါတယ်။ပြဿနာကို ဖြေရှင်းပြီးတဲ့အချိန်(ဒါမှမဟုတ်)တဖကိသားဖွင့်ပြောတဲ့အချိန်ကျမှ Judge မလုပ်ဘဲ နားထောင်ပေးစေချင်ပါတယ်။

    ဒီလောက်ဆိုရင်တော့ စိတ်ဖိစီးမှုရဲ့ဆိုးကျိုးတွေနဲ့ ဖြစ်လာရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာသိလောက်ပြီလို့မျှော်လင့်ပါတယ်။အောင်မြင်သာယာပျော်ရွှင်သော Relationship များပိုင်ဆိုင်နိုင်ကြပါစေရှင်။



    in Mental Health
    Share this post
    Tags
    Archive

    Read Next
    Nutrition and Mental Health
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce