Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Maternity And Child Care
  • အလွယ်လေးဝါးစား ကလေးတို့အတွက်ကျန်းမာခြင်းများ
  • အလွယ်လေးဝါးစား ကလေးတို့အတွက်ကျန်းမာခြင်းများ

    ​ဆေးရည်လေးတွေကို ဇွန်းနဲ့ ချိန်တွယ်တိုက်ရမယ့် ဘေဘီပိစိလေးတွေမဟုတ်တော့တဲ့ သားသားမီးမီးတို့အတွက် အလွယ်တကူ ဝါးစားလို့ရပြီး ဗီတာမင်စီနဲ့ဇင့်ပါဝင်တဲ့ Ceelin Plus Chewable အား​ဆေးအခဲ​လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်​။
    February 26, 2023 by
    Dr.Phyo

    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

    ဗီတာမင် စီ နှင့် ဇင့် နှစ်မျိုးလုံးက ကလေးများရဲ့ ကိုယ်ခံအားနှင့် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာဖြစ်ပြီး မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓါတ်များဖြစ်ပါတယ်။

    ဗီတာမင် စီ နှင့် ဇင့်တို့ကို အဆင့်မြင့်နည်းပညာများနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကလေးများအတွက် ကိုယ်ခံအား မြှင့်တင်ပေးတဲ့ အကျိုးသက်ရောက်မှုကို ၂ဆ ပေးစွမ်းနိုင်ပြီး တုပ်ကွေးနှင့် အအေးမိခြင်းကဲ့သို့ အဖြစ်များသော ဝေဒနာများကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဒီအာဟာရဓာတ်တွေက အရိုးများ၊ ကြွက်သားများနှင့် အခြားမရှိမဖြစ်လိုအပ်တဲ့ တစ်သျှူးများဖွဲ့စည်းခြင်းကို ပံ့ပိုးပေးတာကြောင့် ကျန်းမာကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးပါတယ်။

    ဖေ​ဖေ​မေ​မေတို့အ​နေနဲ့ အထူးသဖြင့် အခုလို ကိုဗစ်ကပ်​ရောဂါကြီးအပြင် အခြား​သော ဖျားနာ​စေတတ်တဲ့ဗိုင်းရပ်စ်​တွေ ​ပေါများ​နေတဲ့အချိန်​တွေမှာ သားသားမီးမီးတို့ရဲ့ ကျန်းမာရေးအတွက်ဆိုရင် အကောင်းဆုံးကိုပဲ လိုချင်ကြမှာပါ။ ကျွန်တော်တို့သိထားတဲ့အတိုင်း မြန်မာနိုင်ငံက ကလေးအများစုက အစား​အ​သောက်ဆိုရင် အနည်းနဲ့အများတော့ ဂျီးများတတ်ကြတာမို့ ​နေ့စဥ်အတွက်လုံ​လောက်တဲ့ ဗီတာမင်စီနဲ့ဇင့်ဓါတ်ကို နေ့စဉ်အစားအသောက်တွေကနေ သိပ်မရတတ်ကြပါဘူး။

    ဒီနေ့ခေတ်မှာ ဗီတာမင် စီ ချို့တဲ့မှုဆိုတာမျိုးက ရှားပါးပေမယ့် လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို လုံးဝမစားတဲ့ ကလေးတွေမှာ ဖြစ်ပွားနိုင်ပါသေးတာမို့ သတိတော့ထားသင့်ပါတယ်နော်။

    ကလေးတွေမှာ ဗီတာမင် စီ ချို့တဲ့နေရင် ဒီလိုလက္ခဏာတွေ ရှိလာနိုင်ပါတယ် - 

    - ကိုယ်ခံအားနည်းခြင်း သို့မဟုတ် ဖျားနာလွယ်ခြင်း
    - အလွယ်တကူ မောပန်းခြင်း သို့မဟုတ် အားနည်းခြင်း
    - ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း
    - သွားဖုံးရောင်ခြင်း သို့မဟုတ် သွေးထွက်ခြင်း
    - အညိုမဲစွဲလွယ်၊ သွေးခြေဥလွယ်ခြင်း
    - အရေပြား ခြောက်သွေ့ခြင်း
    - အဆစ်နှင့် ကြွက်သားများ နာကျင်ခြင်း

    ဒါ​ကြောင့် ဒီ​နေ့မှာ​တော့ ​ဆေးရည်လေးတွေကို ဇွန်းနဲ့ ချိန်တွယ်တိုက်ရမယ့် ဘေဘီပိစိလေးတွေမဟုတ်တော့တဲ့ သားသားမီးမီးတို့အတွက် အလွယ်တကူ ဝါးစားလို့ရပြီး ဗီတာမင်စီနဲ့ဇင့်ပါဝင်တဲ့ Ceelin Plus Chewables အား​ဆေးအခဲ​လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်​။ ဝါးစားနိုင်တဲ့ လိမ္မော်အရသာ Ceelin Plus Chewables ဆေးပြား ၁ ပြား မှာ ကလေးတစ်ယောက်အတွက် နေ့စဉ် လိုအပ်တဲ့ ကိုယ်ခံစွမ်းအား အလုံအလောက် ရရှိနိုင်မယ့် Vitamin-C အပြင်၊ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ခုခံစွမ်းအားအတွက် Zinc ဓာတ်တို့ကို Zinc Plus နည်းပညာဖြင့် ပေါင်းစပ်ထားတာကြောင့် ကိုယ်ခံစွမ်းအား နှစ်ဆမြင့်ပြီး ရရှိမှာတော့ အသေအချာပါပဲ။

    ပြီး​တော့ သားသားမီးမီးတို့ကျန်းမာဖို့၊ အရပ်ရှည်ဖို့၊ ကြီးထွားဖွံ့ဖြိုးဖို့ကို ပံ့ပိုးပေးနိုင်ပြီး အလွယ်လေးဝါးစားလို့ရတဲ့ ဆေးပြား​လေး​တွေကို ရွေးချယ်သင့်တဲ့ အကြောင်းရင်းတစ်ချို့ကိုလဲ ​ဖော်ပြ​ပေးပါ​ရ​စေ။

    သယ်ဆောင်ရလွယ်ကူခြင်း - ကျစ်လျစ်တဲ့ အရွယ်အစားနဲ့သယ်ဆောင်ရလွယ်တဲ့ထုပ်ပိုးမှုက ကျောင်းမှာ ဒါမှမဟုတ် ခရီးတွေသွားတဲ့အခါ အသုံးပြုနိုင်ပြီး သားသားမီးမီးတို့ရဲ့ ကျောပိုးအိတ် ဒါမှမဟုတ် နေ့လယ်စာထမင်းဗူးနဲ့အတူ အလွယ်တကူ ထည့်ပေးလိုက်လို့ရပါတယ်။

    အရသာကောင်းခြင်း - ဝါးစားနိုင်တဲ့ ဆေးပြားလေးတွေအားလုံးက ကလေးတွေ ကြိုက်နှစ်သက်စေမယ့် အရသာရှိအောင် အထူးဖော်စပ်ထားကြတာဖြစ်ပါတယ်။

    အလွယ်လေးဝါးစားနိုင်ခြင်း - သမားရိုးကျအားဆေးရည်များနှင့် မတူဘဲရေမပါဘဲ သောက်နိုင်တာမို့ ရေအလွယ်တကူမရနိုင်တဲ့ အခြေအနေ ဒါမှမဟုတ် အရည်ကိုချင်တွယ်ပြီး မတိုက်နိုင်သေးတဲ့ အခြေအနေမျိုးတွေ (ဥပမာ - ဇွန်း သို့မဟုတ် ချင်တွယ်ခွက်ကလေးတွေ မရှိနေတဲ့အချိန်) အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုလဲ ဖြစ်စေပါတယ်။ အိမ်မှာလို လူကြီးမိဘတွေက သေချာတိုင်းတာပြီး မတိုက်ကျွေးနိုင်တဲ့ ကျောင်းချိန်မျိုးတွေမှာဆိုရင် သိပ်ကိုအဆင်ပြေတာပေါ့။

    ဆိုတော့ . . ဒီကာလကြီးမှာ သားသားမီးမီးတို့အတွက် ဖေဖေမေမေတို့က အားဆေးတစ်မျိုးရှာနေပြီဆိုရင်တော့ ကြီးထွားဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးပြီး ကိုယ်ခံစွမ်းအားကိုလည်းပြည့်ဝစေတဲ့အပြင် အထာကျကျဝါးစားလို့ရတယ့် Ceelin Plus Chewables ကိုသတိရလိုက်ပါနော်။

    ဟုတ်ကဲ့ပါ ဆောင်းပါး​​လေးကို အဆုံးထိဖတ်ရှု​ပေးတဲ့အတွက်လဲ​ကျေးဇူတင်ပါတယ်။ ပြီး​​တော့ … 

    Ceelin Plus Chewables အားဆေးလေးကို သားသားမီးမီးတို့အတွက်ဝယ်ယူချင်တယ်ဆိုရင် My-Medicine (သို့မဟုတ်) KBZPay Market တို့ကိုနှိပ်ပြီး တိုက်ရိုက်ဝယ်ယူလို့ရသလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မှာယူလို့လဲ ရပါတယ်။ ရန်ကုန်မြို့တွင်းဆို နေချင်းရောက် ဝန်ဆောင်မှုဖြင့် အိမ်အရောက်ပို့ဆောင်ပေးပြီး မြန်မာတစ်နိုင်ငံလုံးကိုတော့ (၃)ရက်အတွင်း ပို့ပေးပါတယ်။ 

    “ဤ ဆောင်းပါးကို United Pharma Company Ltd. မှ ပံ့ပိုးထားပါသည်။”

    ကျေးဇူးပြု၍ အကြံပြုထားသော ပမာဏကို လိုက်နာပြီး အေးမြခြောက်သွေ့သောနေရာတွင် သိမ်းဆည်းပါ။ သင့်ကလေးတွင် ကျန်းမာရေးအခြေအနေတစ်ခုခု ရှိပါက သို့မဟုတ် အခြားဆေးဝါးများသောက်နေပါက အသုံးမပြုမီ ဆရာဝန်နှင့် တိုင်ပင်ပါ။

    #ceelin 
    #mymedicine 
    ​

    in Maternity And Child Care
    Share this post
    Tags
    Archive

    Read Next
    ကလေးရဖို့ ခက်ခဲနေသူတို့အတွက်
    ကလေးရဖို့ခက်တာရဲ့ (40%) က သုတ်ပိုးအရေအတွက်နည်းခြင်း၊ သုတ်ပိုး မူမမှန်ခြင်း၊ ဆီးချိုရောဂါရှိခြင်းနဲ့ အရက်သောက်ခြင်း/ဆေးလိပ်သောက်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်တာကြောင့် အမျိုးသားတွေရဲ့ ချို့ယွင်းချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce