Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Maternity And Child Care
  • ကိုယ်ဝန်ဆောင်နှင့်ကလေးတိုးခြင်း
  • ကိုယ်ဝန်ဆောင်နှင့်ကလေးတိုးခြင်း

    November 28, 2024 by
    Hsu Pyae Sone
    ကိုယ်ဝန်ဆောင်နဲ့ ကလေးတိုးခြင်း


    မိခင်လောင်းတွေဘဝရဲ့ပျော်စရာ က ကလေးလေး လှုပ်တာ ကို စတင်ခံစားမိတဲ့အချိန်ပဲဖြစ်ပါတယ်။သက်ရှိလူသားလေးတဦးကို ဗိုက်ထဲမှာ လွယ်ထားရတယ်ဆိုတဲ့ကြည်နူးပီတိနဲ့ ကလေးတိုးတာကို စတင်ခံစားရပြီဆိုရင် မေမေတွေဟာ ခင်ပွန်းသည်ဖေဖေ့ကိုရော ပတ်ဝန်းကျင်က်ိုရော ဆွေမျိုးတွေကိုရော ဝမ်းသာစွာနဲ့ပြောပြလေ့ရှိပါတယ်။ဒါပေမယ့် ကလေးမတိုးဘဲ ငြိမ်နေရင်ရော အဆင်ပြေရဲ့လားဆိုပြီး နောက်ဆက်တွဲပူပန်မှုတွေ အစပြုလာကြပါတယ်။

    ကာလရေကြည် သန္ဓေတည် တဲ့ ဘဝကနေ ကလေးလေးကငြိမ်ငြိမ်နေလာရာကနေ ကိုယ်ဝန် ၁၈ပတ်ကနေ ၂၄ပတ်အတွင်းမှာ ကလေး စပြီး ခြေလက်လှုပ်ရှားတာ အပျင်းဆန့်တာအနေနဲ့ ကလေးတိုးခြင်းဆိုပြီး စတင်သိရှိနိုင်ပါတယ်။သားဦး ကိုယ်ဝန်ဆောင်တွေ ဆိုရင်တော့ ၂၄ပတ် လောက်မှ စသတိထားမိကောင်း ထားမိပေမယ့် ပထမတခါတခါကိုယ်ဝန်ဆောင်ဖူးသူတွေဆိုရင်တော့ ကလေး ၁၆-၁၈ ပတ်အတွင်းမှာ စတင်သတိထားမိနေပါပြီ။၃၂ ပတ်အထိကလေးတိုးတာကပိုသိသိသာသာဖြစ်တတ်ပါတယ်။

    ကိုယ်ဝန် ၁၆ ပတ် ကျော်တာနဲ့ လက်တွေခြေတွေစဖွံ့ဖြိုးလာတဲ့ ကလေးလေးက အကြောအချဉ်ဆန့်တဲ့အနေနဲ့ ဗိုက်ကိုကန်တာ ခြေလက်လှုပ်တာရှိတတ်သလို ပြင်ပကအသံ၊အထိအတွေ့၊မိခင်စားလိုက်တဲ့အစားအစာ၊အပူအအေးတွေကြောင့်လည်း လှုပ်ရှားတတ်ပါတယ်။တစ်နေ့ကို ပျဉ်းမျှခန့်မှန်းခြေ အကြိမ် ၃၀လောက် လှုပ်ရှားတတ်ပါတယ်။ကိုယ်ဝန် လရင့်လေ ပိုပြီး အကြိမ်စိပ်လာလေပါပဲ။ဒီလို ကလေးလှုပ်ရှားတာက မေမေအိပ်တဲ့အချိန်ဆိုရင် မေမေကလန့်နိုးသွားတတ်ပေမယ့် ကလေးလေးလှုပ်နေတယ်ဆိုတာ ကျန်းမာသန်စွမ်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။မေမေ လှဲအိပ်လိုက်တဲ့အချိန် ထိုင်နေတဲ့အချိန်တွေမှာ ကလေးလှုပ်တာကို ပိုသိနိုင်ပါတယ်။

    ကလေးကြီးလာလေလေဖြစ်ပြီး သူလှုပ်ဖို့နေရာလွတ်လည်း နည်းလာတဲ့အတွက် ကလေးသိပ်မလှုပ်တာမျိုးဖြစ်တတ်ပါတယ်။ကလေးက မိနစ် ၂၀ နဲ့ မိနစ် ၄၀ အထိအချိန်ယူပြီး တခါတခါအိပ်လေ့ရှိပါတယ်။အဲလိုမှမဟုတ်ဘဲ ကလေးငြိမ်တာ ကြာနေပြီဆိုရင်တော့ မေမေကဗိုက်ပွတ်ပေးတာ၊စကားပြောပေးတာ၊ဘေးတစောင်းလှဲနေတာနဲ့ အချိုပါတာတခုခုစားတာ စသဖြင့်ကလေးလှုပ်အောင် ပြန်နိုးဆွလို့ရပါတယ်။ကလေးအလှုပ်ဆုံးအချိန်တွေကတော့ ည၁၀ နာရီနဲ့ ၁ နာရီကြားဖြစ်ပြီး မိခင်ရဲ့ ဇီဝကမ္မစနစ်ပြောင်းလဲတဲ့အချိန်မှာ ပိုသိသာတတ်ပါတယ်။

    ကလေးကတနေကုန်မလှုပ်ဘဲရှိနေတယ်ဆိုရင်တော့  မိခင်ရဲ့အချင်းတခုခုဖြစ်နေတာလား၊ကလေးမှာနှလုံးခုန်နှုန်းတခုခုဖြစ်နေတာလား၊ရေမွှာရေနည်းနေလားဆိုပြီး သားဖွားမီးယပ်ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။ဒါကြောင့်မို့လို့ မွေးခါနီး မမဗိုက်တွေကိုဆိုရင် ဆရာဝန်တွေက နေ့တပိုင်းမှာ ၂ နာရီအတွင်းဆယ်ကြိမ်အထိ ကလေးတိုးပြီးပြီလားဆိုတာနဲ့ တိုးတာမှတ်ထားကြဖို့သတိပေးလေ့ရှိပါတယ်။ပင်ဖြစ်စေကာမူ ဗိုက်ထဲကကလေးလေးလှုပ်တယ်ဆိုတာ မေမေတို့အတွက်ပျော်စရာသတင်းဖြစ်တဲ့အတွက် မကြောက်သင့်တာမကြောက်ရဖို့ ရေးသားဖော်ပြပေးလိုက်ရပါတယ်။

    သားဖွားမီးယပ်ဆရာဝန်ကြီးများနှင့်ဆွေးနွေးပြသရန် - https://mymedicine.com.mm/r/OGNov


    in Maternity And Child Care
    Share this post
    Tags
    Archive

    Read Next
    Understanding Childhood Epilepsy - ကျောင်းနေအရွယ်ဝက်ရူးပြန်ရောဂါအကြောင်း
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce