Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Maternity And Child Care
  • Understanding Childhood Epilepsy - ကျောင်းနေအရွယ်ဝက်ရူးပြန်ရောဂါအကြောင်း
  • Understanding Childhood Epilepsy - ကျောင်းနေအရွယ်ဝက်ရူးပြန်ရောဂါအကြောင်း

    November 25, 2024 by
    Hsu Pyae Sone
    Understanding Childhood Epilepsy - ကျောင်းနေအရွယ်ဝက်ရူးပြန်ရောဂါအကြောင်း


    ဝက်ရူးပြန်ရောဂါဆိုတာ လူတိုင်း အသက်အရွယ်မရွေး ဖြစ်နိုင်တဲ့ အာရုံကြောဆိုင်ရာ ချို့ယွင်းမှုတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ ကလေးတွေ 1% လောက်ရဲ့ ဘဝမှာ တစ်ချိန်ချိန်တော့ ဝက်ရူးပြန်ရောဂါ ခံစားရတတ်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ‌ဝက်ရူးပြန်ရောဂါဟာ ကလေးငယ်တို့ရဲ့ နေ့စဉ်ဘဝအပေါ် သိသိသာသာ အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ဖေဖေမေမေတို့အနေနဲ့ ဝက်ရူးပြန်ရောဂါအကြောင်းကို မဖြစ်မနေသိရှိထားသင့်ပြီး သားသားမီးမီးတို့ဆီမှာ လက္ခဏာတွေကို အမြဲသတိထား စောင့်ကြည့်သင့်ပါတယ်။

    ပထမဆုံး‌အနေနဲ့ ဝက်ရူးပြန်ရောဂါဆိုတာ ဦးနှောက်အတွင်း ပုံမှန်မဟုတ်တဲ့ လျှပ်စစ်လှုပ်ရှားမှုတွေကြောင့် ဖြစ်ရတဲ့ ခဏခဏတက်တာကို ခေါ်ပါတယ်။

    ဝက်ရူးပြန်ရောဂါဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို အမြဲမသိနိုင်ပေမယ့် တချို့အခါတွေမှာတော့ ဦးနှောက်ဒဏ်ရာ သို့မဟုတ် ဦးနှောက်ထဲ ပိုးဝင်ခြင်း၊ မျိုးဗီဇဆိုင်ရာအချက်များနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းမှုများကြောင့် ဖြစ်တတ်တာကို တွေ့ရပါတယ်။


    သားသားမီးမီးတို့မှာ ဝက်ရူးပြန်ရောဂါ ခံစားနေရမလား သိနိုင်တဲ့ လက္ခဏာတွေကတော့ -

    🚨ခဏခဏ တက်ခြင်း

    🚨ကြွက်သားများ တောင့်တင်းလာပြီး လှုပ်ရှားမှုတစ်မျိုးထဲကိုပဲ ထပ်ခါထပ်ခါ လုပ်နေခြင်း

    🚨အချိန်အကြာကြီး တစ်နေရာထဲ စူးစိုက်ကြည့်နေခြင်း

    🚨ရုတ်တရက် သတိလစ်သွားခြင်း 

    🚨သတိပြန်ရလာပြီးနောက် မှတ်ဉာဏ်ပျောက်ဆုံးခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်း တို့ ပါဝင်ပါတယ်။


    သားသားမီးမီးတို့မှာ အပေါ်က ဖော်ပြခဲ့တဲ့ လက္ခဏာတွေ ခံစားနေရတယ်ဆိုရင် ဖေဖေမေမေတို့အနေနဲ့ အဓိက သတိထားလုပ်ဆောင်ပေးရမှာက‌တော့ ကလေး တက်နေချိန်တွေမှာ မထိခိုက်စေဖို့ အနားက အန္တရာယ်ရှိစေမယ့် ပစ္စည်းတွေကို ရှင်းလင်းပြီး သက်တောင့်သက်သာဖြစ်တဲ့ နေရာမှာ ထားပေးဖို့ပါ။

    ဝက်ရူးပြန်ရောဂါကို အရှင်းပျောက်သွားအောင် ကုသနည်းမရှိပေမယ့် အစား‌အသောက်ပြောင်းလဲတာ၊ အိပ်ချိန်မှန်အောင် လေ့ကျင့်တာတို့အပါအဝင် ဆေးသောက်တာတို့ကနေ တက်တာတွေ မဖြစ်လာအောင် တားနိုင်တာကြောင့် ချက်ချင်း ဆေးကုသမှု ခံယူဖို့ မတွန့်ဆုတ်သင့်ပါဘူး။ ကုသမှုခံယူတဲ့အခါ ရောဂါအခြေအနေအလိုက် ဆေးသောက်ရုံနဲ့ သက်သာသွားတာရှိသလို အရမ်းစိုးရိမ်ရတဲ့ အခြေအနေအချို့မှာဆိုရင် တက်တာတွေ ဖြစ်စေတဲ့ ဦးနှောက်အစိတ်အပိုင်းကို ခွဲထုတ်ပစ်ရတာမျိုးလည်း ရှိတာကြောင့် အချိန်မှီ ဆေးကုသမှုခံယူဖို့ အရမ်းအရေးကြီးပါတယ်။

    ကျောင်းနေအရွယ်မှာ ဝက်ရူးပြန်ရောဂါဟာ ကလေးငယ်တို့ရဲ့ ဘဝအပေါ် သိသာတဲ့ ထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့‌ဆိုပေမယ့် မှန်ကန်တဲ့ ကုသမှု ခံယူရရှိပြီးတဲ့နောက် ဝက်ရူးပြန်ရောဂါရှိတဲ့ ကလေးအတော်များများဟာ ဘဝကို ပုံမှန်ပြန်လည် ဖြတ်သန်းသွားနိုင်ကြပါတယ်။ ဒါကြောင့် ဖေဖေမေမေတို့အနေနဲ့ ကိုယ့်ကလေးမှာ ဝက်ရူးပြန်ရောဂါ ခံစားနေရတဲ့ အရိပ်အယောင်တွေ တွေ့နေပြီဆိုရင် သားသားမီးမီးတို့အတွက် စိတ်ဖိစီးမှုကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝလေးကို ပြန်လည်ရရှိနိုင်ဖို့ ချက်ချင်းဆေးကုသမှု ခံယူပေးပါနော်… 

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။



    in Maternity And Child Care
    Share this post
    Tags
    Archive

    Read Next
    ကလေးတွေဖျားနာရင်
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce