Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Maternity And Child Care
  • သင့်ကလေးတုပ်ကွေးမိလျှင် လုပ်ဆောင်ရမည့် အချက် (၄) ချက်
  • သင့်ကလေးတုပ်ကွေးမိလျှင် လုပ်ဆောင်ရမည့် အချက် (၄) ချက်

    အအေးမိတဲ့အခါ အမြဲတမ်း မဖျားနာတတ်ပေမယ့် တုပ်ကွေးကတော့ အမြဲဖျားနာစေတာကြောင့် ကလေးတွေကို ကိုက်ခဲပင်ပန်းပြီး အားနည်းစေပါတယ်။
    February 6, 2023 by
    Dr.Phyo


    တုပ်ကွေးနှင့် အအေးမိဖျားနာခြင်းတို့ဟာ ဗိုင်းရပ်ကြောင့်ဖြစ်တတ်ပြီး ရောဂါလက္ခဏာတွေလည်း တူညီနေတတ်ကြပါတယ်။ နှာစေး၊ နှာခေါင်းပိတ်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားနာခြင်းနှင့် ခေါင်းကိုက်ခြင်းတို့လို လက္ခဏာတွေကို တုပ်ကွေးနှင့် အအေးမိခြင်း နှစ်မျိုးလုံးမှာ ခံစားရတတ်ပါတယ်။ 

    အကြီးမားဆုံး ကွာခြားချက်တစ်ခုကတော့ သင့်ကလေး အဆိုပါလက္ခဏာတွေကို ဘယ်လောက် မြန်မြန်နှင့် ပြင်းထန်စွာ ခံစားရမှုအပေါ်မှာ မူတည်ပါတယ်။ အအေးမိတာကို ရက်အနည်းငယ်ကြာမှ တဖြည်းဖြည်းခံစားရမှာဖြစ်ပြီး တုပ်ကွေးကတော့ ရုတ်တရက် ဖြစ်လာသလို နေမကောင်းတာကို အရမ်းမြန်မြန်နှင့် ပြင်းပြင်းထန်ထန် ခံစားရပါလိမ့်မယ်။ 

    အအေးမိတဲ့အခါ အမြဲတမ်း မဖျားနာတတ်ပေမယ့် တုပ်ကွေးကတော့ အမြဲဖျားနာစေတာကြောင့် ကလေးတွေကို ကိုက်ခဲပင်ပန်းပြီး အားနည်းစေပါတယ်။ ဒါ့အပြင် ကလေးတွေ တုပ်ကွေးမိတဲ့အခါ အော့အန်တာ၊ ဝမ်းလျှောတာတွေလည်း ပိုပြီးခံစားရတတ်ပါတယ်။ ယေဘုယျပြောရလျှင်တော့ တုပ်ကွေးရောဂါလက္ခဏာတွေကို ဦးခေါင်းပိုင်းတစ်ခုတည်းသာမက ခန္ဓာကိုယ်တစ်ခုလုံးမှာ ခံစားရမှာဖြစ်ပါတယ်။

    သင့်ကလေးမှာ တုပ်ကွေးရှိနေတာ သေချာသွားရင် နောက်ထပ်လုပ်ရမယ့် အချက်တွေကတော့:

    1. ဆရာဝန်နှင့်ပြပါ။
    တစ်ပတ်လောက်နေရင် တုပ်ကွေးက သူ့အလိိုလို ပျောက်သွားတတ်တယ်ဆိုပေမယ့် တချို့အခါတွေမှာတော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဆက်လက်ဖြစ်ပွားစေတတ်ပါတယ်။ ၅နှစ်အောက် ကလေးများ (အထူးသဖြင့် ၂နှစ်မပြည့်သေးသော ကလေးများ) နှင့် ပန်းနာရင်ကျပ်လို အခြားကျန်းမာရေးအခြေအနေများ ခံစားနေရတဲ့ ကလေးတွေမှာ ဒီလိုပြဿနာတွေ ပိုဖြစ်နိုင်တာကြောင့် သင့်ကလေး တုပ်ကွေးမိနေပြီလို့ ထင်တာနဲ့ ကလေးအထူးကုဆရာဝန်နှင့် ချက်ချင်းပြသဖို့ အရေးကြီးပါတယ်။

    2. ရောဂါလက္ခဏာများ သက်သာအောင် ကြိုးစားပါ။
    သင့်ကလေးတုပ်ကွေးမိချိန်မှာ အလိုအပ်ဆုံးက အနားယူဖို့နှင့် အရည်များများသောက်ဖို့ပဲ ဖြစ်ပါတယ်။ မွေးကင်းစကလေးဆိုလျှင် မိခင်နို့ သို့မဟုတ် ဖော်မြူလာနို့ကို ပမာဏနည်းနည်းစီ ခဏခဏတိုက်ပေးသင့်ပြီး အသက်ပိုကြီးတဲ့ ကလေးတွေကိုတော့ ရေ၊ ဖျော်ရည်၊ oral electrolyte solution နှင့် ရေခဲချောင်းတို့လို အရည်များများ တိုက်ပေးရပါမယ်။ သို့သော်လည်း သင့်ကလေးကို ကဖိန်းဓာတ်ပါတဲ့ အရည်တွေ မတိုက်မိစေဖို့လည်း သတိထားရပါမယ်။

    ကလေးငယ်များ သောက်ဖို့ ဘေးကင်းပြီး ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ ဆေးတွေ အရမ်းရှားပါတယ်။ ဒါပေမယ့် acetaminophen နှင့် ၆နှစ်အထက် ကလေးများအတွက် ibuprofen များကို တိုက်ပေးခြင်းက အဖျားကျစေပြီး၊ နာကျင်ကိုက်ခဲမှုများကို သက်သာစေနိုင်ပါတယ်။ သင့်ကလေးမှာ ချောင်းအရမ်းဆိုးနေခဲ့လျှင်လည်း ဆရာဝန်က ချောင်းဆိုးပျောက်ဆေး သောက်ဖို့ ညွှန်းပေးပါလိမ့်မယ်။ (Reye's syndrome ရောဂါဖြစ်နိုင်တာကြောင့် ကလေးငယ်များကို aspirin မတိုက်မိပါစေနှင့်။) 

    နှာခေါင်းပိတ်တာ သက်သာစေဖို့အတွက် သင့်ကလေးရဲ့ အိပ်ခန်းထဲမှာ စိုထိုင်းမှုကို ထိန်းသိမ်းနိုင်ရန် humidifier သုံးပေးပါ။ နှာခေါင်းထဲက ချွဲတွေကို bulb syringe သုံးပြီး ဖယ်ရှားပေးပါ။ အသက်ပိုကြီးတဲ့ ကလေးဆိုလျှင်တော့ နှာရည်တွေကို ညှစ်ထုတ်ခိုင်းပါ။ နှာချောင်းထဲက ချွှဲတွေ နည်းသွားအောင် saline nasal spray သုံးနိုင်ပြီး နှာခေါင်းပိတ်တာ သက်သာဖို့အတွက် saline nasal gel ကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ကလေးကို ရေနွေးနှင့် ရေချိုးပေးပြီး ပေါ့ပါးတဲ့ အဝတ်အစားများ ဝတ်ဆင်ပေးကာ အေးမြတဲ့ အခန်းမှာ ထားရပါမယ်။ 

    3. Antiviral ဆေးဝါးများ တိုက်ပေးပါ။
    Antiviral ဆေးဝါးဆိုတာ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်တွေ ထပ်ပွားလာမှာကို တားဆီးပေးခြင်းဖြင့် တုပ်ကွေးကို ကုသပေးနိုင်တဲ့ ဆရာဝန်ညွှန်ကြားသော ဆေးဝါးများ ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးရဲ့ အာနိသင် သေချာထိရောက်ဖို့အတွက် လက္ခဏာတွ စတင်ပေါ်လာပြီး ၄၈နာရီအတွင်းမှာ သောက်ပေးရပါမယ်။

    ပြီးရင်တော့ ဆေးလုံး၊ ဆေးရည် သို့မဟုတ် inhaler ပုံစံရှိတဲ့ ဆေးဝါးတွေကို ၅ရက် သောက်ရပါလိမ့်မယ်။ Antiviral ဆေးဝါးတွေက တုပ်ကွေးလက္ခဏာတွေ ခံစားရတာ သက်သာစေပြီး အမြန် နေကောင်းအောင်လည်း ကူညီပေးနိုင်ပါတယ်။ လေ့လာချက်များအရ ဒီဆေးဝါးတွေက အဆုတ်ရောင်ရောဂါလို အခြားကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ချေ ပိုနည်းစေကြောင်းကိုလည်း​​ တွေ့ရှိရပါတယ်။ 

    4. ဘယ်အချိန်မှာ ဆရာဝန်ခေါ်သင့်တယ်ဆိုတာကို သိထားပါ။
    တုပ်ကွေးရောဂါနဲ့ ရှုပ်ထွေးမှုအခြေအနေတွေကို သတိထားဖို့ အရေးကြီးပါတယ်။ သင့်ကလေးမှာ ၄၈နာရီထက်ပိုပြီး အပြင်းအထန်ဖျားနေကာ သက်သာမယ့်ပုံ မရှိသေးရင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားရပါမယ်။ ( ဒါဟာ အနည်းဆုံး အသက်3လရှိတဲ့ ကလေးတွေမှာ အပူချိန် 101°F ထက် မြင့်နေရင် ဆရာဝန်ခေါ်ရမယ်လို့ ဆိုလိုတာဖြစ်ပြီး ဒီထက်ငယ်တဲ့ ကလေးတွေအတွက်တော့ ဘယ်လိုဖျားနာတာပဲဖြစ်ဖြစ် ဆရာဝန်နှင့် ချက်ချင်းပြရမှာ ဖြစ်ပါတယ်။)

    အခြားသတိထားသင့်တာတွေကတော့ ရေဓာတ်ခန်းခြောက်ခြင်း (မျက်လုံးနှင့် ပါးစပ်ခြောက်သွေ့ခြင်း၊ ဆီးအလွန်နည်းခြင်း)၊ အသက်ရှူမမှန်ခြင်း (အသက်ရှူကျပ်ခြင်း၊ မောဟိုက်ခြင်း၊ အသက်ပြင်းပြင်းရှူဖို့ ခက်ခဲခြင်း) နှင့် မျက်နှာ၊ နှုတ်ခမ်းတို့မှာ အပြာရောင်သန်းလာခြင်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ကလေး သတိလစ်ချင်သလို ဖြစ်နေလျှင်၊ မအိပ်မစားနိုင်ဖြစ်နေလျှင်လည်း ဆရာဝန်ကို ဆက်သွယ်ရပါမယ်။ 


    အကယ်၍ သင့်ကလေးမှာ အောက်ပါတို့ ခံစားနေရလျှင် ဆရာဝန်ကို ချက်ချင်းဆက်သွယ်ရပါမယ်။


    တက်ခြင်း (seizure)
    သတိလစ်ခြင်း
    အသက်ကောင်းကောင်း မရှူနိုင်ခြင်း
    နှုတ်ခမ်းပြာလာခြင်း
    အသက် ၃လမပြည့်သေးခြင်း
    ကိုယ်အပူချိန် 104°F နှင့် အထက်မြင့်ခြင်း။


    ကလေးတွေ ဘယ်အချိန်မှာ ကျောင်းပြန်တက်လို့ရမလဲ?
    တုပ်ကွေးဟာ အရမ်းကူးစက်လွယ်တာကြောင့် သင့်ကလေး စဖျားသလို ခံစားရတာနှင့် အိမ်မှာပဲနေပြီး အနားယူဖို့ အရေးကြီးပါတယ်။ အဖျားကျဆေးသောက်စရာမလိုဘဲ အနည်းဆုံး ၂၄နာရီလောက် အဖျားကျသွားပြီဆိုလျှင်တော့ ဘေးကင်းစွာနှင့် ကျောင်းပြန်တကိနိုင်ပြီ ဖြစ်ပါတယ်။


    တုပ်ကွေးရောဂါမှ ကာကွယ်ဖို့အတွက် အသက် ၆လပြည့်ပြီး ကလေးအားလုံးနှင့် သူတို့နှင့် ထိတွေ့သမျှ လူကြီးအားလုံး နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးရပါမယ်။

    in Maternity And Child Care
    Share this post
    Tags
    Archive

    Read Next
    ကင်ဆာရောဂါနှင့်ကိုယ်ဝန်ဆောင်ခြင်း
    Cancer and pregnancy
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce