Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Maternity And Child Care
  • ရာသီနောက်ကျနေပြီလား
  • ရာသီနောက်ကျနေပြီလား

    တစ်ခါတစ်လေ ရာသီနောက်ကျတာက စိုးရိမ်စရာမရှိပေမယ့် ခဏခဏနောက်ကျနေပြီဆိုရင်တော့ ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ သေချာပေါက်ပြသဖို့လိုပါတယ်။
    February 14, 2023 by
    Dr.Phyo

    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

    ပျိုမေတို့ရေ ရာသီနောက်ကျတာနဲ့ ပတ်သတ်ပြီး စိုးရိမ်မှုတွေရှိနေပြီလား? ပုံမှန်လိင်ဆက်ဆံမှုရှိတဲ့သူဆိုရင် ရာသီနောက်ကျတာလောက် စိတ်ဖိစီးတာ မရှိဘူးဟုတ်။ စိတ်ဖိစီးလို့ ရာသီနောက်ကျနိုင်သလို ကိုယ်ဝန်ရှိနေပြီလားဆိုတဲ့ စိတ်ဖိစီးမှုက (၂)ဆ ပိုနောက်ကျစေနိုင်ပါတယ်။ 

    ဒါပေမယ့်လည်း ရာသီနောက်ကျတာက လူနေမှုပုံစံပြောင်းလဲခြင်း၊ ဟော်မုန်းမညီမျှခြင်းနဲ့ တခြားကျန်းမာရေးအချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

    တစ်ယောက်နဲ့ တစ်ယောက် ရာသီလာတဲ့စက်ဝန်းက မတူပါဘူး။ အများစုက (၂၈)ရက်နေရင် တစ်ကြိမ်လာပေမယ့် (၂၁)ရက်မှ (၄၀)ရက်အတွင်းဆိုရင်လဲ ပုံမှန်ရာသီစက်ဝန်းလို့ပဲ သတ်မှတ်ပါတယ်။ 

    သို့သော် အခုမှ ရာသီစလာတဲ့ ဆယ်ကျော်သက်လေးတွေမှာတော့ ရာသီစက်ဝန်းမှန်နေဖို့ဆိုတာ ခဲယဉ်းပါတယ်။ အပျိုဖော်စဝင်တဲ့အချိန်ကနေစပြီး နှစ်အနည်းငယ်အကြာမှ ရာသီစက်ဝန်းမှန်နိုင်တာကြောင့် တစ်လနဲ့ တစ်လမတူဘဲ ရာသီစောတာ၊ နောက်ကျတာမျိုးတွေက ကလေးတွေမှာ သိပ်စိုးရိမ်စရာတော့မရှိပါဘူး။ 

    ဘယ်လိုဆို ရာသီနောက်ကျတယ်လို့ ယူဆတာလဲ 

    ရာသီစက်ဝန်းမှန်နေရင်းနဲ့မှ
     
    နောက်ဆုံးရာသီလာပြီး (၄၅)ရက်ကြာတဲ့အထိ မလာသေးတာ 
    ပုံမှန်ရာသီလာရက်မှာ မလာဘဲ (၃)ရက်ထက်ပိုပြီးနောက်ကျနေတာမျိုးဆိုရင် ရာသီနောက်ကျတယ်လို့ သတ်မှတ်ပါတယ်။ 

    ရာသီနောက်ကျရခြင်း အကြောင်းအရင်း (၂)မျိုးရှိပါတယ်

    သဘာဝအတိုင်း ရာသီနောက်ကျခြင်း 

    ကိုယ်ဝန်ရှိနေတာ
    ခလေး နို့တိုက်နေတာ
    သွေးဆုံးချိန်ဖြစ်နေတာတို့ ဆိုရင် သဘာ၀အလျှောက် ရာသီနောက်ကျတယ်လို့ သတ်မှတ်ပါတယ်။ 

    သဘာဝအတိုင်းမဟုတ်ဘဲ ရာသီနောက်ကျခြင်း

    ကိုယ်ဝန်တားဆေးများကြောင့် 
    စိတ်ဖိစီးမှုများခြင်းကြောင့်
    ကိုယ်အလေးချိန် ရုတ်တရက် ကျခြင်း၊ တက်ခြင်းကြောင့် 
    လေ့ကျင့်ခန်း အပြင်းအထန်ပြုလုပ်ခြင်းကြောင့်
    သားအိမ်ရေအိတ်တည်ခြင်းကြောင့် 
    သိုင်းရွိုက်ဟော်မုန်းများခြင်းကြောင့် 
    နာတာရှည်ရောဂါများကြောင့် (ဥပမာ - ဆီးချို) 
    တချို့ဆေးဝါးများကြောင့် (ဥပမာ - စိတ်ကျဆေး၊ ကင်ဆာဆေး)

    ရာသီနောက်ကျနေပြီဆိုရင် ဘယ်လိုနေထိုင်ရမလဲ 

    စိတ်ဖိစီးမှုလျော့ချပါ
    အိပ်ရေးဝဝအိပ်ပါ
    အနားယူပါ
    အာဟာရဖြစ်တဲ့ အစားများများစားပါ 

    ရာသီလာရက်ကို မှတ်သားထားပါ။ အဲ့ဒါမှ ရာသီနောက်ကျတာကို သိနိုင်မှာပါ။ အခုဆိုရင် ဖုန်းထဲမှာတင် ရာသီလာတဲ့ရက်ကိုမှတ်ထားနိုင်ပြီး ဘယ်ရက်လာနိုင်တယ်ဆိုတာ အချက်ပြပေးတဲ့ App တွေရှိနေပါပြီ။ ဆရာဝန်နဲ့ ပြသတဲ့အခါမှာလည်း ဘယ်နှရက်နောက်ကျနေတယ်ဆိုတာ သိဖို့လိုတဲ့အတွက် သေချာမှတ်သားထားပါ။ 

    တစ်ခါတစ်လေ ရာသီနောက်ကျတာက စိုးရိမ်စရာမရှိပေမယ့် ခဏခဏနောက်ကျနေပြီဆိုရင်တော့ ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ သေချာပေါက်ပြသဖို့လိုပါတယ်။ 

    ဒါ့အပြင် အသက် (၁၅) နှစ်အထိ ရာသီမပေါ်သေးတာ ဒါမှမဟုတ် ပုံမှန်လာနေရင်းနဲ့မှ (၃)လလောက်ထိ ရာသီထိန်သွားတာမျိုးဆိုရင်တော့ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများနဲ့ ချက်ချင်းပြသပြီး ကုသမှုခံယူသင့်ပါတယ်။ 

    ရာသီနောက်ကျတာနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ဆရာဝန်ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ပြသဆွေးနွေးလိုပါက My-Medicine ကိုနှိပ်၍ (သို့) အောက်မှာဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းပြီး ရက်ချိန်းရယူနိုင်ပါတယ်။

    ဆေးဝါးများဝယ်ယူပါက ရန်ကုန်မြို့တွင်းဆို (၂၄) နာရီအတွင်း ပို့ဆောင်ပေးပြီး မြန်မာတစ်နိုင်ငံလုံးကို အိမ်အရောက်ပို့ ဝန်ဆောင်မှုဖြင့် မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးနေပါပြီ။ ကိုယ်လိုချင်တဲ့ ဆေးဝါးများကို www.mymedicine.com.mm (သို့မဟုတ်) KBZPay Market မှာ လွယ်လွယ်ကူကူ ရှာဖွေလို့ရပြီး အစအဆုံးကူညီရှင်းပြပေးမယ့် ဆေးဝါးပညာရှင်များကလည်း မနက် (၉) နာရီမှ ည (၁၂) နာရီအထိ အဆင်သင့်ရှိနေပါတယ်။

    အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Hotline နံပါတ် 09-77-999-5588 နဲ့ 5588 (MPT မှလွဲ၍ အခြား Operator များ) ကို ဆက်သွယ်နိုင်ပါတယ်။

     



    in Maternity And Child Care
    Share this post
    Tags
    Archive

    Read Next
    အနိုင်ကျင့်တတ်တဲ့ကလေးလေး မဖြစ်စေဖို့
    တချို့ကျတော့ အာရုံစိုက်ခံရချင်လို့၊ လူအများကြမှာ Popular ဖြစ်ချင်လို့ အနိုင်ကျင့်ကြတာ များပါတယ်။ တချို့ကျတော့လဲ အနိုင်ကျင့်တတ်တဲ့အပြုအမူတွေကို ပုံမှန်လို့ ထင်တတ်ကြပါတယ်။
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce