Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Maternity And Child Care
  • ကလေးတွေဖျားနာရင်
  • ကလေးတွေဖျားနာရင်

    November 25, 2024 by
    Hsu Pyae Sone
    ကလေးတွေဖျားနာရင်


    မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးငယ် နေမကောင်းဖြစ်တဲ့အခါ စိုးရိမ်လွန်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ပူထူသွားတတ်တာ သဘာဝပါ…

    ဒါပေမယ့်လည်း သားသားမီးမီးတို့ကို ဘာဝေဒနာမှ မခံစားစေချင်တာလဲ မိဘတိုင်းရဲ့ ဆန္ဒမလို့ ဒီနေ့မှာတော့ ကလေးငယ်တွေမှာ အဖြစ်များတတ်တဲ့ အခြေအနေတွေနဲ့ ဖျားနာရင် ဘယ်လိုလုပ်ကိုင်ပေးရမယ်ဆိုတာလေး ဝေမျှပေးသွားပါမယ်နော်👨‍👩‍👧‍👦


    ကိုယ်ပူပြီး ဖျားတဲ့အခါ

    ကိုယ်ပူပြီး ဖျားတာက ကလေးငယ်တွေမှာ အဖြစ်အများဆုံး အခြေအနေတစ်ခုဖြစ်ပြီး ရောဂါပိုးနဲ့ ဗိုင်းရပ်စ်တွေ အပါအဝင် ရာသီဥတုအရမ်းပူတာတို့လို အခြားမတူညီတဲ့ အရာများစွာကြောင့် ဖြစ်ပွားနိုင်ပါတယ်။ များသောအားဖြင့်တော့ အဖျားကို အိမ်မှာပဲ အနားယူပေးတာ၊ အရည်များများသောက်ပေးတာနဲ့ acetaminophen နဲ့ ibuprofen တို့လို ဆေးသောက်ပေးရုံနဲ့ သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် အတော်ကြာတဲ့အထိ အဖျားဆက်ရှိနေမယ်ရင်တော့ ဆရာဝန်ပြပေးဖို့ အကြံပေးပါရစေ။


    အအေးမိတဲ့အခါ

    အအေးမိတယ်ဆိုတာ နှာခေါင်းနဲ့ လည်ချောင်းတို့လို အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှုတစ်ခုပါ။ အအေးမိတာက တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တတ်ပြီး နှာရည်ယိုတာ၊ နှာခေါင်းပိတ်တာ၊ ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာတို့လို လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ သာမန်အအေးမိတာအတွက် ဆေးသပ်သပ်ရယ်လို့ မရှိပေမယ့် ခံစားနေတဲ့ လက္ခဏာအလိုက် နှာစေးပျောက်စေး၊ လည်ချောင်းနာပျောက်ဆေး စတာတွေ သောက်ပေးပြီး ကောင်းကောင်းအနားယူပေးမယ်ဆို ပြန်လည်သက်သာသွားမှာပါ။


    တုပ်ကွေးဖြစ်တဲ့အခါ

    တုပ်ကွေးကလည်း အအေးမိတာလိုပဲ အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတစ်ခုပါပဲ။ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာနဲ့ ခန္ဓာကိုယ်ကိုက်ခဲတာတို့ ပါဝင်ပါတယ်။ တုပ်ကွေးကလည်း တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်တာမလို့ အသက် (6)လနဲ့အထက် ကလေးငယ်တွေကို နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးပေးသင့်ပြီး သားသားမီးမီးတို့မှာ တုပ်ကွေးမိနေတယ်လို့ ထင်ရပြီဆိုရင်တော့ လက္ခဏာတွေ ထပ်ဆိုးမလာခင် ဆရာဝန်နဲ့ အမြန်ပြပေးပါနော်။


    အထက်လှန်အောက်လျှောဖြစ်တဲ့အခါ

    သားသားမီးမီးတို့ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရောဂါပိုးဝင်တဲ့အခါ stomach flu လို့ခေါ်တဲ့ အထက်လှန်အောက်လျှောဖြစ်တတ်ပြီး အော့အန်တာ၊ ဝမ်းလျှောတာနဲ့ ဗိုက်အောင့်တာတို့ကို ခံစားရတတ်ပါတယ်။ အထက်လှန်အောက်လျှောဖြစ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ဗိုင်းရပ်စ်ပိုးဖြစ်တာမလို့ ရောဂါပိုးရှိတဲ့သူနဲ့ ထိတွေ့တဲ့အခါနဲ့ မသန့်ရှင်း မလတ်ဆက်တဲ့ အစားအသောက်တွေ စား‌တဲ့အခါမှာ ကူးစက်တတ်ပါတယ်။  အထက်လှန်အောက်လျှောဖြစ်တဲ့အခါ ကလေးကို အရည်များများသောက်ခိုင်း‌သင့်ပြီး အရမ်းအခြေအနေဆိုးလာရင်တော့ ဆေးရုံတင်ဖို့ အကြံပေးလိုပါတယ်။


    အရေပြားပြဿနာတွေ ဖြစ်တဲ့အခါ

    ပဲသီတာ၊ ဝက်သက်နဲ့ ရေကျောက်တို့လို အရေပြားပြဿနာတွေက ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ရတာဖြစ်ပြီး ခန္ဓာကိုယ်တစ်ဝိုက်မှာ ယားယံတဲ့ အဖုတွေနဲ့ အရည်ကြည်ဖုလေးတွေ ပေါက်လာတတ်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး လိမ်းဆေး၊ သောက်ဆေးတွေနဲ့ သက်သာသွားနိုင်တယ်ဆိုပေမယ့် ကလေးငယ်တွေအတွက် ကူးစက်လွယ်တဲ့ အခြေအနေတွေဖြစ်တာမလို့ ကာကွယ်ဆေးထိုးပေးတာကတော့ စိတ်အချရဆုံး နည်းလမ်းတစ်ခုပါ။  


    ‼️ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သင့်ကလေး ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေရင် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အမြဲသတိရပါ။ သားသားမီးမီးတို့ လျင်လျင်မြန်မြန်၊ ဘေးကင်းကင်းနဲ့ ပြန်လည်နေကောင်းလာဖို့အတွက် ဆရာဝန်တွေ အကြံပြုတဲ့အတိုင်း လိုက်နာဆောင်ရွက်ပေးရပါမယ်‼️

    ကိုယ့်ကလေး နေ‌မကောင်းဖြစ်နေတာကို ကြည့်ရတာ ဘယ်မိဘအတွက်မှ စိတ်မချမ်းသာရပါဘူး။ ဒါကြောင့် က‌လေးငယ်တွေမှာ အဖြစ်များတတ်တဲ့ အ‌ခြေအနေတွေအကြောင်းကို နားလည်ထားတယ်ဆိုရင် သားသားမီးမီးတို့ နေမကောင်းဖြစ်တဲ့အခါ ပြုစုစောင့်ရှောက်ပေးဖို့လဲ ပိုအဆင်သင့်ရှိပြီး ယုံကြည်မှုရှိနေမှာပါ…

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/child ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

    in Maternity And Child Care
    Share this post
    Tags
    Archive

    Read Next
    သတိပြုသင့်တဲ့ကိုယ်ဝန်အဆိပ်တက်ခြင်း
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce