Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Maternity And Child Care
  • ကလေးကာကွယ်ဆေးတွေက အရေးကြီးရခြင်းအကြောင်း
  • ကလေးကာကွယ်ဆေးတွေက အရေးကြီးရခြင်းအကြောင်း

    November 22, 2024 by
    Hsu Pyae Sone

    ကလေးကာကွယ်ဆေးတွေက အရေးကြီးရခြင်းအကြောင်း


    မိဘတစ်ယောက်ဖြစ်လာပြီဆိုရင် ရင်သွေးလေးတွေရဲ့ ကျန်းမာရေးအတွက် ဂရုစိုက်ရတဲ့နေရာမှာ ကာကွယ်ဆေးထိုးဖို့ဆိုတာ မဖြစ်မနေ ထည့်သွင်းစဉ်းစားရတဲ့ ကဏ္ဍတစ်ခုပါ။

    မွေးကင်းစအရွယ်ကနေ အသက်အရွယ်အလိုက် တုပ်ကွေး၊ ငှက်ဖျား၊ ဝက်သက် တို့လို မလိုလားအပ်တဲ့ အခြေအနေတွေကနေ ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးတွေက အဓိက နေရာက ပါဝင်နေပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကလေးတွေကို ကာကွယ်ဆေးထိုးပေးဖို့ ဘာကြောင့် အရေးကြီးလဲဆိုတာနဲ့ ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး အတော်များများ အထင်လွဲနေကြတဲ့ အချက်လေးတွေကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်

    1️⃣ ကာကွယ်ဆေးရဲ့အစွမ်း

    ကာကွယ်ဆေးထိုးတာက အန္တရာယ်ရှိတဲ့ ရောဂါ‌တွေ ပျံ့နှံ့မှုကို ဟန့်တားပေးရင်းနဲ့ ကလေးငယ်တွေကြား ဖျားနာမှုနဲ့ အသက်ဆုံးရှုံးမှုနှုန်းတွေကို သိသိသာသာ လျှော့ချပေးပါတယ်။ ဒီလို သေးငယ်တဲ့ ကာကွယ်မှုပမာဏလေးက ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားအချို့လို လူကို အန္တရာယ်ဖြစ်စေတဲ့ ပိုးမွှားတွေကို တိုက်ထုတ်ပေးဖို့ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးတာကြောင့် ကလေးတွေကို ကာကွယ်ဆေးထိုးပေးတာက သူတို့မှာ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေရန်က ကာကွယ်ပေးရုံမကဘဲ နေထိုင်ရာ ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကိုလည်း အထောက်အကူပြုပေးမှာပါ။


    2️⃣ ပြင်းထန်တဲ့ရောဂါတွေရန်က ကာကွယ်ပေးခြင်း

    ကာကွယ်ဆေးတွေက ကလေးငယ်တွေအတွက် ရေရှည်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့ ရောဂါများစွာတွေဆီကလဲ ကာကွယ်ပေးပါတယ်။  ဝက်သက်၊ ဂျိုက်သိုး၊ ပိုလီယို၊ အသည်းရောင်အသားဝါ၊ ကြက်ညှာချောင်းဆိုးနဲ့ ရေကျောက်တို့လို ရောဂါတွေက အဆုတ်ရောင်ခြင်း၊ ဦးနှောက်ပျက်စီးခြင်းနဲ့ အသက်ဆုံးရှုံးခြင်းတို့လို ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် ကာကွယ်ဆေးထိုးပေးတာက ဒီလိုပြဿနာတွေ ဖြစ်နိုင်ခြေကို အများကြီး လျှော့ချပေးပါတယ်။


    3️⃣ ရပ်ရွာတစ်ခုလုံးရဲ့ ကိုယ်ခံအားကို တိုးမြင့်စေခြင်း

    ကာကွယ်ဆေးတွေက လူတစ်ဦးချင်းစီကို ကာကွယ်ပေးရုံမကလဲ ပတ်ဝန်းကျင်တစ်ခုလုံးက လူတွေရဲ့ ကိုယ်ခံစွမ်းအားကို ထူထောင်တဲ့နေရာမှာလည်း ကူညီပေးပါတယ်။ ဆိုလိုတာကတော့ ‌တစ်နေရာထဲမှာရှိတဲ့ လူဦးရေ အများအပြားကို ကာကွယ်ဆေးထိုးထားတဲ့အခါ ရောဂါပြန့်ပွားမှု သိသာထင်ရှားစွာ လျော့ကျသွားတာမလို့ ကာကွယ်ဆေးမထိုးနိုင်တဲ့ မွေးကင်းစကလေး၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေအတွက် အကာအကွယ်တစ်ခု ဖန်တီးပေးရာလဲ ရောက်ပါတယ်။


    အခုဆိုရင် ကလေးတွေမှာ ဘာလို့ ကာကွယ်ဆေးထိုးပေးသင့်တယ်ဆိုတဲ့ အကြောင်းတွေကို သိသွားပြီဆိုတော့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အချို့အထင်မှားနေကြတဲ့ အချက်လေးတွေကို ဆက်လက်ရှင်းပြသွားပါမယ်။


    ❌ အတော်များများက ကာကွယ်ဆေးတွေက ကလေးတွေကို အော်တစ်ဇင် (autism) ဖြစ်စေတယ်လို့ အထင်မှားကြပါတယ်


    ✅ တကယ်တော့ မဟုတ်ပါဘူး။ လေ့လာမှုအများအပြားက ကာကွယ်ဆေးနဲ့ အော်တစ်ဇင်ကြားမှာ ယုံကြည်စိတ်ချရတဲ့ ဆက်စပ်မှုမရှိကြောင်း ပြသခဲ့ကြပါတယ်။ ချိတ်ဆက်မှုရှိတယ်ဆိုပြီး အကြံပြုခဲ့တဲ့ မူရင်းလေ့လာမှုကို နှိုက်နှိုက်ချွတ်ချွတ် ‌လေ့လာခဲ့ကြပြီးနောက်မှာတော့ နောက်ဆက်တွဲ သုတေသနတွေက ကာကွယ်ဆေးတွေရဲ့ ဘေးကင်းမှုကို တသမတ်တည်း ထောက်ခံထားကြပါတယ်။


    ❌ ရောဂါတွေ အဖြစ်နည်းလို့ ကာကွယ်ဆေးထိုးဖို့ မလိုအပ်ဘူးလို့လဲ အချို့က ယူဆကြပါတယ်


    ✅ အချို့ရောဂါတွေက ကာကွယ်ဆေးထိုးပြီး တားဆီးဖို့ ကြိုးပမ်းမှု‌တွေ အောင်မြင်သွားလို့ အဖြစ်နည်းသွားတယ်ဆိုပေမယ့် ကာကွယ်ဆေးထိုးနှုန်းတွေ ကျဆင်းသွားရင် ပြန်လည်ပေါ်ပေါက်လာနိုင်ပါတယ်။ ကာကွယ်ဆေးတွေက ရောဂါအတော်များများ ဖြစ်ပွားမှုကို လျှော့ချတဲ့နေရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ကြတာမလို့ ဒီလိုရောဂါတွေ ပြန်ပေါ်မလာဖို့အတွက် ကာကွယ်ဆေးထိုးနှုန်းကို ပုံမှန်ထိန်းထားဖို့ အရေးကြီးပါတယ်။


    ကလေးငယ်တွေရဲ့ နေ့စဉ်ဘဝမှာ တက်ကြွကျန်းမာစွာနဲ့ နေထိုင်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတာမလို့ ကလေးရဲ့ ကျန်းမာရေးအခြေအနေနဲ့လိုက်ပြီး ထိုးဖို့ လိုအပ်တဲ့ ကာကွယ်ဆေးတွေကို သိရဖို့ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေဆီ အပြေးလေး သွားတိုင်ပင်လိုက်တော့နော်

    ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး

    အထူးကုဆရာဝန်ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်စေ https://mymedicine.com.mm/r/child ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။



    in Maternity And Child Care
    Share this post
    Tags
    Archive

    Read Next
    စပျစ်သီးသန္ဓေ
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce