Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Healthy Lifestyle
  • ကျန်းကျန်းမာမာ အလုပ်ရှုပ်ကြမယ်
  • ကျန်းကျန်းမာမာ အလုပ်ရှုပ်ကြမယ်

    August 19, 2024 by
    Hsu Pyae Sone

    ကျန်းကျန်းမာမာ အလုပ်ရှုပ်ကြမယ်


    တစ်နေ့တစ်နေ့ လုပ်စရာတွေ ပုံနေပြီးတော့ ကိုယ့်ကိုယ်ကို ဘာမှပြန်ပြီး ဂရုမစိုက်နိုင်ဘူးလို့ ခံစားနေရပြီလား?

    အစားပျက်၊ အအိပ်ပျက်နဲ့ အလုပ်တွေပဲ ပိနေလို့ ကျန်းမာရေးကို ထိခိုက်နေပြီလား?

    ဒါဆိုရင်တော့ ဘယ်လောက်ပဲ အလုပ်တွေရှုပ်နေပါစေ၊ အချိန်ဘယ်လောက်မှ မပေးရဘဲနဲ့ ကျန်းမာရေးကို တိုးတက်စေမယ့် နည်းလမ်းတွေကို အောက်မှာ မျှဝေပေးသွားပါမယ်နော်

    - အာဟာရရှိတဲ့ နံနက်စာနဲ့ စတင်လိုက်ပါ

    တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ နံနက်စာကို အာဟာရပြည့်ဝအောင် စားပေးတာက တစ်‌နေ့တာလုပ်ငန်းတွေ ပြီးမြောက်စေဖို့ လိုအပ်တဲ့ အားအင်တွေ ဖြည့်တင်းပေးမှာပါ။ ကြက်ဥ၊ ဒိန်ချဉ် တို့လို ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေရယ်၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ ရောဖျော်ထားတဲ့ smoothie ‌တို့လိုကို ရွေးချယ်စား‌သောက်နိုင်ပါတယ်။ ဒီလိုတွေ ပြင်ဆင်စားသောက်ဖို့ အချိန်မရဘူးဆိုရင်တော့ ညအိပ်ယာမဝင်ခင်ထဲက နံနက်စာ ကြိုပြီးပြင်ထားလို့ရသလို oat နဲ့ cereal တို့လို ပြင်ဆင်ရ မြန်ဆန်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

    - ကိုယ်လက်လှုပ်ရှားပေးပါ

    တက်ကြွစွာနေထိုင်ခြင်းက ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။ အလုပ်အများဆုံး ကာလ‌တွေမှာတောင် အနည်းငယ်လောက် ကိုယ်လက်လှုပ်ရှားပေးတာက ကျန်းမာရေးအတွက် သိသာထင်ရှားတဲ့ ခြားနားမှုတွေကို တွေ့ရမှာပါ။ ခဏအနားယူတဲ့အချိန်တွေဆို အကြောလျှော့ပြီး ရုံးပတ်ပတ်လည်မှာ လမ်းလျှောက်တာမျိုး လုပ်ပေးနိုင်ပါတယ်။ ခရီးတိုလေးတွေဆို ကား၊ဆိုင်ကယ်တွေ မသုံးဘဲ လမ်းလျှောက်တာ၊ စက်ဘီးစီးသွားတာတို့ဆို လေ့ကျင့်ခန်းလုပ်ဖို့တောင် အချိန်သပ်သပ်ပေးနေစရာ မလိုတော့ပါဘူး။ 

    - အစားအသောက်တွေကို ကြိုတင်ပြင်ဆင်ပါ

    တစ်ပတ်စာ ချက်မယ့် အစားအသောက်တွေကို ကြိုတင်စီစဉ်ပြီးတော့ ပါဝင်ပစ္စည်းတွေကို ကြိုပြီး အသင့်ပြင်ထားပေးကြည့်ပါ။ ရုံးပိတ်ရက်တွေမှာ တစ်ပတ်စာဟင်းတွေ ကြိုချက်ထားပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားပေးတာကလည်း ရုံးသွားရတဲ့ရက်တွေမှာ အချိန်ကုန်သက်သာစေတာပေါ့။ အလုပ်တွေရှုပ်နေချိန် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သရေစာတွေ မစားမိစေဖို့ အသီးအနှံနဲ့ အစေ့အဆံလေးတွေလို အာဟာရပြည့်ဝတဲ့ သရေစာတွေကိုလည်း ပြင်ဆင်ထားနိုင်ပါတယ်။

    - ရေဓာတ်ပြည့်ဝအောင်နေပါ

    ရေဘူးကို အချိန်တိုင်း အနားမှာ ထားထားပြီး ရေသောက်ဖို့ မေ့တတ်တယ်ဆိုရင် ဖုန်းမှာ reminder လေးတွေ ထားပေးပါ။ ပုံမှန် ရေသောက်မိစေဖို့ အရသာပိုရှ်ိအောင် လီမွန်နဲ့ ပူစီနံတို့လို အသီးအအရွက်တွေ စိမ်ပြီးလဲ သောက်ပေးနိုင်ပါတယ်။ သကြားဓာတ်နဲ့ ကဖိန်းဓာတ်ပါတဲ့ အချိုရည်တွေကတော့ ရုတ်တရက် စွမ်းအင်တွေ ကျဆင်းစေပြီး အိပ်ချိန်တွေကို ထိခိုက်စေတာမလို့ များများမ‌သောက်သင့်ပါဘူးနော်။ 

     - အိပ်ရေးဝအောင် အိပ်ပါ

    အိပ်စက်ချိန်ဇယားကို တသမတ်တည်း ချမှတ်ပြီး အိပ်ရာဝင်ချိန် အပန်းဖြေဖို့ routine လေးတွေလည်း ဖန်တီးပေးပါ။ Blue light တွေက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေသောကြောင့် အိပ်ရာမဝင်ခင် screen ကြည့်တာတွေ ရှောင်ပေးပါ။ ညတိုင်း အိပ်ပျော်ဖို့ ခက်နေတယ်ဆိုရင် ကိုယ်အိပ်တဲ့ နေရာမှာ မှောင်မည်း၊ အေးမြပြီး အခြားအာရုံထွေပြားစရာတွေ မရှိတော့အောင် ပြင်ဆင်ကြည့်ပေးပါ။ အိပ်ခါနီး lavender tea နဲ့ နွားနို့ပူပူလေး သောက်ပေးတာကလည်း စိတ်တည်ငြိမ်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေမှာပါ။

    ဒ့ါအပြင် အလုပ်တွေ ရှုပ်ရှင် စိတ်တွေလဲ ရှုပ်လာတာမလို့ အားတဲ့အချိန်တွေမှာ တရားထိုင်တာတို့ ယောဂကျင့်တာတို့ လုပ်ပြီးတော့လည်း ကိုယ်ကျန်းမာရေးအပြင် စိတ်တည်ငြိမ်အောင် လေ့ကျင့်ပေးနိင်ပါတယ်

     အလုပ်တွေရှုပ်နေတယ်ဆိုတာနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကို ပစ်ထားလိုက်စရာ မလိုပါဘူးနော်!

    ရှုပ်နေတဲ့ အချိန်တွေကြားထဲမှာပဲ လုပ်ပေးနိုင်တဲ့ အချက်သေးသေးလေးတွေက ရေရှည်မှာ ကိုယ့်ကျန်းမာရေးအတွက် ပြောင်းလဲမှု အကြီးစားတွေ ဖြစ်လာမှာမလို့ အလုပ်ရှုပ်နေရင်တောင် ကျန်းကျန်းမာမာနဲ့ အလုပ်ရှုပ်ကြဖို့ အကြံပြုလိုက်ပါရစေ…

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ၊Healthy Lifestyle နဲ့ပတ်သက်ပြီး lifestyle physicianများနှင့်ဆွေးနွေးလို၍ဖြစ်စေ၊ https://mymedicine.com.mm/r/lifestyleeကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


    in Healthy Lifestyle
    Share this post
    Tags
    Archive

    Read Next
    အိမ်မှာတင်ဆော့လို့ရတဲ့ Cardio
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce