Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Healthy Lifestyle
  • အိမ်မှာတင်ဆော့လို့ရတဲ့ Cardio
  • အိမ်မှာတင်ဆော့လို့ရတဲ့ Cardio

    October 23, 2024 by
    Hsu Pyae Sone

    မင်္ဂလာပါစာဖတ်ပရိတ်သတ်တို့ရေ . . .

    ကိုဗစ်စဖြစ်လိုက်တုန်းကတိုင်း အပြင်မထွက်ဖြစ်ဘဲ အိမ်ထဲမှာနေလိုက်ရတာကနေ စလာတဲ့ ပြဿနာကတော့ active မဖြစ်တော့တာပါပဲ။ နေ့စဉ်ဘဝကို စိတ်လက်ရွှင်လန်းကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုက အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။

    ဒါကြောင့် ဒီနေ့မှာတော့ အိမ်တွင်းပုန်း ပျိုပျိုကိုကိုတို့အတွက် ကယ်လိုရီတွေလဲ လောင်ကျွမ်းရင်း ‌စိတ်လက်ပေါ့ပါးအောင် အိမ်မှာနေရင်း အလွယ်တကူဆော့နိုင်မယ့် cardio လေ့ကျင့်ခန်းအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။


    Jumping Jacks

    🥊 Jumping Jacks လေ့ကျင့်ခန်းက နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ခြေထောက်ကြွက်သားတွေကိုလည်း တောင့်တင်းစေပါတယ်။ ဒါ့အပြင် အားစိုက်ထုတ်ရမှုနည်းတဲ့ low-impact လေ့ကျင့်ခန်းတစ်ခုလဲဖြစ်တာမလို့  အဆစ်အမြစ်နာတတ်သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။  

    🥊 Jumping Jacks ဆော့ဖို့ အရင်ဆုံး ပုံမှန်မတ်တပ်ရပ်သလောက် အကွာအဝေးမှာပဲ ခြေနှစ်ဖက်ကို အညီရှေ့လှည့်ထားပါ။ ပြီးရင် ခုန်လိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်ရင်း ခြေထောက်တွေကို ဘေးကိုကားလိုက်ပါ။ နဂိုအနေအထားကို ပြန်သွားပြီးရင် ဒီနည်းအတိုင်း စက္ကန့် 30-60 ကြာ ပြန်လုပ်နိုင်ပါတယ်။


    High Knees

    🥊 ဒီလေ့ကျင့်ခန်းကတော့ ခြေထောက်ကြွက်သားတွေကို အဓိကထိရောက်စေပြီး နှလုံခုန်နှုန်းကိုလည်း တိုးတက်စေပါတယ်။

    🥊 High Knees ဆော့ဖို့အတွက် ခြေဖဝါးတွေကို တင်ပါးအကျယ်အကွာအဝေးအတိုင်း ခွာပြီး မတ်တပ်ရပ်ပါ။ ပြီးနောက် ညာဘက်ဒူးကို ရင်ဘတ်ဆီသို့ မြှောက်လိုက်ရင်း ဘယ်ဘက်လက်ကိုလည်း အလိုက်သင့် ရှေ့ကိုမြှောက်လိုက်ပါ။ ပြီးရင်တော့ ညာဘက်ခြေထောက်ကို ပြန်ချလိုက်ပြီး နောက်တစ်ဖက်ကို မြှောက်လိုက်ပါ။ စက္ကန့် 30-60 လောက် မြန်နိုင်သမျှ မြန်မြန်ပြောင်းပြီး ဒူးတွေကို ဆက်တိုက်မြှောက်ပေးရပါမယ်။


    Burpees 

    🥊 Burpees ကတော့ ရင်ဘတ်၊ ပခုံး၊ ဝမ်းဗိုက်၊ တင်၊ ပေါင်၊ ခြေသလုံးနဲ့ လက်မောင်းနောက်က triceps ကြွက်သားတွေအားလုံးကို ထိရောက်စေတာမတာမလို့ ခန္ဒာကိုယ်တစ်ခုလုံးက ကယ်လိုရီတွေအများကြီး လောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။

    🥊 Burpees ဆော့နည်းကတော့ ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အကွာအဝေးအတိုင်း ခြားပြီးရပ်လိုက်ပါ။ ပြီးရင် ခုန်ပြီး squat အနေအထား ထိုင်ချလိုက်ပါ။ လက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်းပဲခြား ကြမ်းပြင်ပေါ်‌ထောက်လိုက်ပြီးရင်တော့ ခုန်ပြီး ခြေထောက်နှစ်ဖက်ကို plank ထောက်ထားတဲ့ အနေအထားရောက်အောင် ထားပါ။ ပြီးရင်တော့ အရှေ့ကိုပြန်ခုန်လိုက်ပြီး မူလအနေအထားအတိုင်း ပြန်ရပ်ပါ။ ဒီပုံစံအတိုင်း စက္ကန့် 30-60 လောက် ပြန်လုပ်နိုင်ပါတယ်။

    လေ့ကျင့်ခန်းစလုပ်တဲ့အချိန်မှာ ကြွက်သားတွေ နာတတ်တာတော့ သဘာဝပဲမလို့ အရမ်းမလောဘဲ

    ဖြည်းဖြည်းချင်းပဲ စပေးပါ။ အဓိကကတော့ ဒဏ်ရာမရအောင် လေ့ကျင့်ခန်းမဆော့ခင်နဲ့ ဆော့ပြီးတိုင်း သွေးပူလေ့ကျင့်ခန်း မဖြစ်မနေ လုပ်ပေးရပါမယ်။  

    Cardio လေ့ကျင့်ခန်းတွေပဲ ဆော့ရတာ ပျင်းလာတဲ့အခါ အိပ်ထမတင်၊ squats နဲ့ lunges တို့လို ကြွက်သားတက်စေမယ့် လေ့ကျင့်ခန်းတွေကိုလည်း ထည့်ဆော့ကြည့်ပါ။ ဒါ့အပြင် ဘာပစ္စည်းကိရိယာမှ မလိုတဲ့ ယောဂ၊ Pilates နဲ့ အကလေ့ကျင့်ခန်းတွေကိုလည်း စိတ်ပါသလို ထည့်ဆော့နိုင်တာမလို့ ကိုယ်စိတ်ရှိသလို တစ်နေ့တစ်မျိုး မရိုးရအောင် workout routine လေးတွေကို အိမ်မှာပဲ အလွယ်တကူ ဖန်တီးပြီး ဆော့နိုင်ပြီ ဖြစ်ပါတယ်🍀

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ  My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။




    in Healthy Lifestyle
    Share this post
    Tags
    Archive

    Read Next
    ယောဂဖြင့် စိတ်ရောကိုယ်ပါချိန်ညှိခြင်း
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce