Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • အထိုင်များရင် ဒါတွေသတိထားပါ
  • အထိုင်များရင် ဒါတွေသတိထားပါ

    September 5, 2024 by
    Hsu Pyae Sone
    Sitting Diseases - အထိုင်များရင် ဒါတွေသတိထားပါ


    တစ်နေကုန် စားပွဲပေါ်ထိုင်ပြီး အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ အကြိုက်ဆုံး TV show တွေကို ဆက်တိုက်ကြည့်တာပဲဖြစ်ဖြစ် လူတော်တော်များများက တစ်နေ့တာအချိန်တွေကို ထိုင်ရင်းနဲ့ ကုန်ဆုံးတာ များကြပါတယ်။ ဒါပေမယ့်လည်း ကြာရှည်ထိုင်ခြင်းက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာအချို့ကို ဖြစ်စေတယ်ဆိုတာ သိပါသလား???

    ဟုတ်ပါတယ်…"𝑺𝒊𝒕𝒕𝒊𝒏𝒈 𝑫𝒊𝒔𝒆𝒂𝒔𝒆𝒔" လို့ခေါ်တဲ့ ကြာရှည်ထိုင်ခြင်းကြောင့် ဖြစ်တဲ့ရောဂါတွေ တကယ်ရှိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ 𝑺𝒊𝒕𝒕𝒊𝒏𝒈 𝑫𝒊𝒔𝒆𝒂𝒔𝒆𝒔 ဆိုတာ ဘာတွေလဲ၊ ဘာတွေကို သတိထားရမလဲနဲ့၊ အရေးကြီးဆုံးဖြစ်တဲ့ သူတို့ကို ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

    𝑺𝒊𝒕𝒕𝒊𝒏𝒈 𝑫𝒊𝒔𝒆𝒂𝒔𝒆𝒔 ဆိုတာကတော့ လှုပ်ရှားမှုမရှိခြင်း သို့မဟုတ် ကြာရှည်ထိုင်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာတဲ့ နာတာရှည် ကျန်းမာရေးပြဿနာ (34) မျိုးကို ချိတ်ဆက်ရန် အသုံးပြုတဲ့ အသုံးအနှုန်းပဲ ဖြစ်ပါတယ်။ ဘယ်လိုပြဿနာတွေလဲဆိုတော့ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးနဲ့ ကင်ဆာတို့လို နာတာရှည်ရောဂါများ ပါဝင်နေပါတယ်။

    𝑺𝒊𝒕𝒕𝒊𝒏𝒈 𝑫𝒊𝒔𝒆𝒂𝒔𝒆𝒔 တစ်ခုခု ခံစားနေရကြောင်း ညွှန်ပြနိုင်တဲ့ လက္ခဏာအချို့ကတော့ -

    🔹ခါး၊ ပုခုံး၊ လည်ပင်းတွေ နာခြင်း

    🔹သွေးတိုးနဲ့ ကိုလက်စထရော ပမာဏများခြင်း 

    🔹သွေးလည်ပတ်မှု အားနည်းခြင်း

    🔹အရိုးသိပ်သည်းဆများ လျော့ပါးခြင်း

    🔹တင်ပါးနဲ့ ခြေထောက်တွေမှာ ကြွက်သားများတောင့်ခြင်း 

    🔹မအီမသာခံစားရခြင်းနဲ့

    🔹စိတ်ကျန်းမာရေးနဲ့ သိမြင်မှုဆိုင်ရာ လုပ်ဆောင်မှုများ ကျဆင်းခြင်း တို့ ပါဝင်ပါတယ်။


    သတင်းကောင်းတစ်ခုကတော့ 𝑺𝒊𝒕𝒕𝒊𝒏𝒈 𝑫𝒊𝒔𝒆𝒂𝒔𝒆𝒔 တွေကို ရိုးရှင်းတဲ့ လူနေမှုပုံစံပြောင်းလဲမှု အနည်းငယ်နဲ့တောင် ကာကွယ်ကုသနိုင်ပါတယ်။


    အနားယူပါ - အလုပ်လုပ်နေချိန် မိနစ် 30 လောက်တိုင်း အနားယူပြီး ဟိုဟိုဒီဒီလျှောက်ပေးပါ။ ရုံးပတ်ပတ်လည်ကို အမြန်လမ်းလျှောက်တာ၊ ဒါမှမဟုတ် ခြေထောက်ဆန့်တာလိုမျိုး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်‌ပေးနိုင်ပါတယ်။


    မတ်တပ်ပိုရပ်ပါ - မတ်တပ်ရပ်ခြင်းက ကယ်လိုရီပိုလောင်ကျွမ်းစေပြီး နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ တစ်နေကုန် စားပွဲက မထရတဲ့ အလုပ်မျိုးလုပ်နေရတာဆိုရင် မတ်တပ်ရပ်စားပွဲခုံ (standing desk) သုံးကြည့်ဖို့ အကြံပေးလိုပါတယ်။


    လေ့ကျင့်ခန်းပုံမှန်လုပ်ပါ - လေ့ကျင့်ခန်းလုပ်ခြင်းက 𝑺𝒊𝒕𝒕𝒊𝒏𝒈 𝑫𝒊𝒔𝒆𝒂𝒔𝒆𝒔 တွေရဲ့ ဆိုးကျိုးတွေရန်ကနေ ခုခံကာကွယ်ပေးနိုင်တာကြောင့် တစ်နေ့ကို အနည်းဆုံး မိနစ် 30 လောက် အတန်အသင့်ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။


    ထိုင်နည်းမှန်အောင် လေ့ကျင့်ပါ - ထိုင်တဲ့အချိန် ခြေဖဝါးကို မြေပြင်ပေါ် အညီထားပြီး ကျောနောက်မှီတစ်ခုခု ရှိနေပါစေ။


    𝑺𝒊𝒕𝒕𝒊𝒏𝒈 𝑫𝒊𝒔𝒆𝒂𝒔𝒆𝒔 တွေက ဒီနေ့ခေတ်လို အထိုင်များတဲ့ လူ့အဖွဲ့အစည်းအတွက်တော့ သတိထားသင့်တဲ့ အခြေအနေတစ်ခုပါ။ ဒါကြောင့်မလို့ အထိုင်များတာတွေ လျှော့လိုက်ပြီး ပုံမှန် ကိုယ်လက်လှုပ်ရှားပေးခြင်းနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာဖို့ ကြိုတင်ကာကွယ်လိုက်ပါနော်…


    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။





    in General Health
    Share this post
    Tags
    Archive

    Read Next
    Heat Rash - နွေပူပူမှာထတဲ့မိတ်
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce