Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • သာမန်ချောင်းလား...အဆုတ်ရောင်ချောင်းလား?
  • သာမန်ချောင်းလား...အဆုတ်ရောင်ချောင်းလား?

    June 12, 2025 by
    Hsu Pyae Sone

    ချောင်းတွေဆက်တိုက်ဆိုးနေတာက အအေးမိတာထက် ပိုတဲ့ လက္ခဏာဖြစ်မလားဆိုပြီး စိတ်ပူနေပါသလား။ ဒီလိုအချိန်မှာ သာမန်ချောင်းဆိုးတာနဲ့ နမိုးနီးယား (အဆုတ်ရောင်)ကြောင့် ချောင်းဆိုးတာကို ခွဲခြားသိရှိခြင်းက ဆေးကုသမှုခံယူသင့်/မသင့် ဆုံးဖြတ်ရာမှာ အရေးကြီးပါတယ်။ ချောင်းဆိုးတာဟာ လေပြွန်တွေကို ရှင်းလင်းပေးတဲ့ သဘာဝကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်တစ်ခုဆိုပေမဲ့ နမိုးနီးယားကြောင့် ချောင်းဆိုးရင်တော့ သတိထားသင့်တဲ့ ထူးခြားလက္ခဏာတွေရှိပါတယ်။

     ဒီဆောင်းပါးမှာတော့ သာမန်ချောင်းဆိုးတာနဲ့ နမိုးနီးယားကြောင့်ချောင်းဆိုးတာ ဘယ်လိုကွာလဲဆိုတာကို ခွဲခြားသိနိုင်အောင် မျှဝေလိုက်ပါတယ်။

     ▪️အသံနဲ့ ခံစားရမှု

    နမိုးနီးယားကြောင့် ချောင်းဆိုးတာဟာ များသောအားဖြင့် ရင်ခေါင်းသံပါပြီး ကျယ်လောင်ပါတယ်။ ချောင်းတစ်ခါဆိုးရင် အဆုံးပိုင်းရောက်လာလေလေ အသံကပိုကျယ်လေဖြစ်နိုင်ပါတယ်။ ရောဂါပိုဆိုးလာတာနဲ့အမျှ ပိုပြင်းထန်လာပြီး မသက်မသာ ပိုခံစားရတတ်ပါတယ်။ သာမန်ချောင်းဆိုးကတော့ အားသိပ်မပါဘဲ လည်‌ချောင်းယားလို့ဆိုးသလို အသံကပေါ့ပါတယ်။

     ▪️ချွဲသလိပ် 

    ဒီအချက်ကလည်း နမိုးနီးယားကြောင့် ချောင်းဆိုးတာနဲ့ သာမန်ချောင်းဆိုးတာကို ခွဲခြားရာမှာ အရေးကြီးတဲ့ လက္ခဏာတစ်ခုပါ။ နမိုးနီးယားကြောင့် ဆိုးတဲ့ချောင်းက ချွဲသလိပ်ပါတဲ့ ချောင်းစိုပါ။ ဒီအချွဲ၊ သလိပ်တွေက အဝါရောင်၊ အစိမ်းရောင် ဖြစ်နိုင်သလို တခါတလေ သွေးစအနည်းငယ်ပါလာနိုင်ပါတယ်။

    ဒါပေမဲ့ တချို့အဆုတ်ရောင်ရောဂါအမျိုးအစားတွေ (ဥပမာ- ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ခြင်း) တွေမှာတော့ အစပိုင်းမှာ အချွဲမပါဘဲ ချောင်းခြောက်နဲ့စတတ်ပြီး နောက်ပိုင်းမှ အချွဲတွေ ပါလာတတ်ပါတယ်။

    သာမန်အအေးမိချောင်းဆိုးကတော့ များသောအားဖြင့် လည်ချောင်းနဲ့ နှာခေါင်းဝန်းကျင်မှာပဲ လက္ခဏာပြတာ များပြီး (လေပြွန်နဲ့ အဆုတ်ထဲကထွက်တဲ့) အချွဲ၊ သလိပ်ပါလေ့မရှိတဲ့ ချောင်းခြောက်ဖြစ်ပါတယ်။  

     ▪️ချောင်းဆိုးခြင်းနဲ့အတူပါလာနိုင်တဲ့ အသံများ

    အဆုတ်ရောင်တဲ့သူတွေရဲ့ ချောင်းဆိုးသံမှာ (သို့) အသက်ရှူတဲ့အခါမျိုးမှာ ထူးခြားတဲ့အသံလေးတွေ ကြားရတတ်ပါတယ်။ အဆုတ်ထဲကလေအိတ်လေးတွေမှာ အရည်တွေစုလာလို့ ရေဆူပွက်သလိုအသံမျိုး (Crackling sounds) ကြားရတတ်ပါတယ်။ နောက်ပြီး ပန်းနာရင်ကျပ်သူတွေမှာဖြစ်သလို တရွှီရွှီနဲ့လည်း အသံတွေမြည်တတ်ပါတယ်။

     ▪️နာကျင်မှု

     အဆုတ်ရောင်ချောင်း က အားနဲ့ ခဏခဏဆိုးရတဲ့အတွက် ရင်ဘတ်အောင့်တာ၊ မအီမသာဖြစ်တာတွေ ကြုံနိုင်ပါတယ်။ အဆုတ်ရောင်နေတာကြောင့် အသက်ပြင်းပြင်းရှူလိုက်ရင်လည်း နာနိုင်ပါတယ်။ သာမန်ချောင်းဆိုးခြင်းမှာတော့ ရင်ဘတ်အောင့်တာမျိုး မဖြစ်တတ်ပါဘူး။

     ▪️ကြာချိန်

    သာမန်အအေးမိချောင်းဆိုးတာက ကုသမှုခံယူလိုက်ရင် ၃ - ၅ ရက်အတွင်း သက်သာသွားလေ့ရှိပါတယ်။ ဒါပေမဲ့ အဆုတ်ရောင် ချောင်းဆိုးတာကတော့ ပိုကြာရှည်ပြီး နှစ်ပတ်လောက်အထိ ဆိုးတတ်သလို တခြားလက္ခဏာတွေပျောက်သွားတာတောင် ချောင်းကတော့ ရက်သတ္တပတ်ပေါင်းများစွာ ဆက်ရှိနေနိုင်ပါတယ်။ အဆုတ်ရောင်တာသက်သာဖို့၊ သလိပ်တွေရှင်းသွားဖို့ အချိန်ယူရပါတယ်။ ချောင်းဆိုးတာ ၈ ပတ် (သို့) ဒီထက်ပိုကြာရင်တော့ နာတာရှည်ချောင်းဆိုးလို့ သတ်မှတ်ပြီး ဆရာဝန်နဲ့ပြကိုပြသင့်ပါတယ်။

     ▪️တခြားရောဂါလက္ခဏာများ

    အဓိကကွာခြားချက်ကတော့ တခြားရောဂါလက္ခဏာတွေ ရှိမရှိပါပဲ။ အဆုတ်ရောင်ချောင်းဆိုးက ဖျားတာ၊ အသက်ရှူမဝတာ၊ ရင်ဘတ်အောင့်တာတွေပါ ဖြစ်တတ်ပါတယ်။ ဖျားတာ၊ ချောင်းဆိုးတာ(သလိပ်ပါနိုင်) နဲ့ အသက်ရှူမဝတာ ... ဒီသုံးမျိုးကို အဆုတ်ရောင်ခြင်းရဲ့အဓိကလက္ခဏာ (Pneumonia Triad) လို့ခေါ်ကြပါတယ်။ 

    ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ခြင်းကတော့ ရုတ်တရက် သိသိသာသာကြီးဖျားတာ၊ ချမ်းတုန်တာ၊ အသက်ရှူမြန်တာ၊ အရောင်ပါတဲ့သလိပ်နဲ့ ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ခြင်းဆိုရင်တော့ အစပိုင်းမှာ တုပ်ကွေးလို လက္ခဏာအပျော့စားလေးတွေနဲ့စပြီး တစ်ရက်နှစ်ရက်အတွင်း ပိုဆိုးလာတတ်ပါတယ်။ ချောင်းပိုဆိုးလာတာ၊ အသက်ရှူမဝတာ၊ ကြွက်သားနာတာတွေ ဖြစ်လာနိုင်ပါတယ်။အပျော့စားအဆုတ်ရောင်ခြင်းကတော့ ညဘက်မှာ ချောင်းခြောက်ပိုဆိုးတာ၊ ကိုယ်ငွေ့ငွေ့ရှိတာ၊ နုံးတာတွေ ဖြစ်နိုင်ပါတယ်။

    တကယ်လို့ ချောင်းဆိုးတာက မပျောက်ဘဲဆက်ဖြစ်နေရင်၊ ပိုဆိုးလာရင် ဒါမှမဟုတ် ဖျားတာ၊ အသက်ရှူမဝတာ၊ ရင်ဘတ်အောင့်တာလို လက္ခဏာတွေပါဖြစ်လာရင်တော့ ဆေးရုံဆေးခန်းသွားဖို့ အလွန်အရေးကြီးပါတယ်ေ။အဆုတ်ရောင်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဆေးဝါးတွေနဲ့ စောစောစီးစီး သင့်တော်တဲ့ကုသမှုကို ခံယူဖို့က အရေးကြီးဆုံးပါပဲ။ ရေများများသောက်တာ၊ အနားယူတာ၊ ချောင်းပိုဆိုးစေတဲ့အရာတွေကို ရှောင်တာကလည်း ပြန်ကောင်းလာဖို့ အထောက်အကူပြုပါတယ်။

    မပျောက်တဲ့ ချောင်းဆိုးကြောင့် စိတ်ထဲဟိုဟိုဒီဒီတွေးမနေပါနဲ့တော့။  အခုပြောပြသွားတဲ့လက္ခဏာတွေကို သိထားမယ်ဆိုရင် သာမန်ချောင်းလား၊အဆုတ်ရောင်ချောင်းလားဆိုတာ ခွဲခြားပြီး ကျွန်မတို့ My-medicine မှာ ဆွေးနွေးကုသမှု အချိန်မီရယူနိုင်ပြီပဲဖြစ်ပါတယ်။

     

     

     


    in General Health
    Share this post
    Tags
    Archive

    Read Next
    မိုးရေထိရုံနဲ့ အဆစ်အမြစ်တွေ ကိုက်နေပြီလား
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce