Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • ရင်သားဆီလီကွန်ထည့်ပြီး လေယာဉ်စီးတော့မယ်ဆိုရင်
  • ရင်သားဆီလီကွန်ထည့်ပြီး လေယာဉ်စီးတော့မယ်ဆိုရင်

    January 3, 2023 by
    Dr.Phyo

    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

    ဒီ​နေ့​တော့ .. ရင်သားဆီလီကွန်ထည့်ပြီး ​လေယာဥ်စီးရတဲ့အခါ ဘာ​တွေပြင်ဆင်ထားသင့်သလဲ .. ပြီး​တော့ ဘာ​တွေ အမှတ်မှား​နေတာ​တွေရှိတတ်သလဲ ဆိုတာ​လေးကို မျှ​ဝေ​ပေးသွားပါမယ်​​နော်။ 



    ရင်သားဆီလီကွန်ထည့်ခြင်းဟာ ၁၉၇၀ ခုနှစ်ကတည်းကရှိခဲ့တာဖြစ်ပြီး ၁၉၉၀ နှစ်ဦးပိုင်း​လောက်ကစပြီး ကမ္ဘာ့​နေရာ အနှံ့အပြားမှာ တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြတဲ့ ပလတ်စတစ်ဆာဂျရီနည်းပညာတစ်ခု ဖြစ်ပါတယ်။ အခုလတ်တ​လော ခုနှစ်​တွေမှာဆိုရင်​တော့ ရင်သားတစ်ခုထဲသာမဟုတ်​တော့ဘဲ အခြား​ခန္ဓာကိုယ် အစိတ်အပိုင်း​တွေမှာလဲ ဆီလီကွန်ကိုထည့်သွင်းလာကြပြီဖြစ်ပါတယ်။ ဆီလီကွန်ဂျယ်လ်​တွေရဲ့ ထုတ်လုပ်မှု တိုးတက်​ပြောင်းလဲလာတာဟာဆိုရင်လဲ အခုဆိုရင် ပဥ္စမ​​မြောက်မျိုးဆက်သစ် (5th Generation) အထိ​တောင်​ရောက်ရှိ​နေပြီဖြစ်ပါတယ်။

    ဆီလီကွန်ဟာ ခန္ဓာကိုယ်ထဲမှာ ဆယ်စုနှစ်​တွေချီတဲ့အထိ အချို့ဆို တစ်သက်လုံး ပြန်ထုတ်စရာ၊ လဲစရာ မလိုတဲ့ အဆင့်(၃) ​ဆေးဘက်ဆိုင်ရာထည့်သွင်းပစ္စည်း (Class 3 Medical Device) ဖြစ်ပါတယ်။ အများက ​ပြောကြတဲ့အခါမှာ ဆီလီကွန်ထည့်တယ်လို့ အ​ပြောများ​ပေမယ့် တစ်ကယ်​တော့ ထည့်သွင်းလို့ရတဲ့ ပစ္စည်းက (၃)မျိုးရှိတာဖြစ်ပါတယ်။ အဲ့ဒီ (၃) မျိုးက​တော့

    ဆလိုင်း​ဖျော်ရည် (Saline solution)
    ဆီလီကွန် (Silicone) နဲ့
    ပိုလီပရိုပိုင်လင်းကြိုးမျှင်များ (Polypropylene String) [ထပ်မံထုတ်လုပ်ခြင်းမရှိ​တော့] တို့ဖြစ်ပါတယ်

    ဟုတ်ကဲ့ပါ ​​ခေါင်းစဥ်ကိုပြန်​ကောက်ရမယ်ဆိုရင်​တော့ ရင်သား သို့မဟုတ် တင်ပါး ဆီလီကွန်ထည့်သွင်းထားသူ​တွေ ​လေယာဥ်ပျံစီးရမယ်ဆိုရင် ဘာ​တွေပြင်ဆင်ထားဖို့လိုသလဲဆိုတာ​လေးကို ဆက်​ပြောပါ့မယ်။



    ဆီလီကွန်ဂျယ်လ် အမျိုးအစားကို ထည့်သွင်းထားသူ​​တွေဆိုရင်​တော့ ခွဲစိတ်ပြုပြင်​ပေးတဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ချုပ်ရိုးရက်ပြည့်ပြီ အနာ​ကောင်းမွန်စွာကျက်ပြီ ခွဲစိတ်ပြုပြင်ပြီးတဲ့ ​နေ့ကစလို့ (၁၄) ရက်အတွင်း ​နောက်ဆက်တွဲဆိုးကျိုး ဓါတ်မတည့်တာမျိုးလဲ မရှိခဲ့ရင်​တော့ အထူးတလည် ပြင်ဆင်ထားစရာ ဘာမှမလိုပါဘူး။

    အမြင့်​ပေ ​သောင်းဂဏန်း​ကျော်​တွေမှာ အချိန်ကြာမြင့်စွာပျံသန်းသွားလာရတဲ့အခါ ​လေယာဥ်အတွင်းမှာ ​လေထုဖိအားမြင့်တက်လာတာမျိုးရှိ​ပေမယ့် ဆီလီကွန်ဂျယ်လ်က ​ကောင်းစွာခံနိုင်ရည်ရှိပါတယ်။ ​ဆီလီကွန်ထည့်ပြီး ​လေယာဥ်​တွေအကြာကြီးစီးနင်းလိုက်ပါရရင် ​ပေါက်ထွက်တတ်တယ်၊ ကွဲတတ်တယ်ဆိုတာ​တွေက ယုံတမ်းစကား​တွေသာ ဖြစ်ပါတယ်​နော်။ နိုင်ငံတကာ စစ်တမ်းတစ်ချို့အရဆိုရင် ရင်သားဆီလီကွန်ထည့်ထားတဲ့ အများစုက ​​လေယာဥ်အမြဲလိုစီး​နေရတဲ့ ​လေယာဥ်မယ် (Flight attendants) ​တွေဖြစ်တယ်လို့ဆိုထားပါတယ်။
    (ref : healthshots.com)

    ဆီလီကွန်မဟုတ်တဲ့ ၁၉၉၀ နှစ်ဦးပိုင်း​တွေတုန်းက အသုံးများခဲ့တဲ့ ဆလိုင်း​ဖျော်ရည်အထုပ်​တွေဆိုရင်​တော့ အမြင့်​ပေနဲ့ဖိအား​တွေ​ကြောင့် ရင်သားအတွင်းမှာပဲ ယိုစိမ့်တာမျိုး ​ပေါက်တာမျိုး​လေး​တွေ ရှိ​ကောင်းရှိနိုင်တယ်လို့ ကျွမ်းကျင်​​သော သု​တေသနပညာရှင်တစ်ချို့က ယူဆခဲ့ကြဖူးပါတယ်။ ဒါ​ပေမယ့် သက်​သေပြစရာ ဘယ်သူတစ်ဦးတစ်​ယောက်မှ သမိုင်းမှာ မရှိခဲ့ပါဘူး။

    ဆလိုင်း​ဖျော်ရည်ထုပ်ရဲ့ ဖိအားခံနိုင်ရည်ဟာ ၁၇၅ ​ပေါင်အထိဖြစ်ပြီး ဆီလီကွန်ဂျယ်လ်​တွေဟာဆိုရင် ​ပေါင် ၃၀၀ အထိ ဖိအားကို ​​ကောင်း​ကောင်းခံနိုင်တာဖြစ်ပါတယ်။



    ဟုတ်ကဲ့ပါ .. ​ဆောင်းပါး​​လေးကို အဆုံးထိဖတ်ရှု​ပေးတဲ့အတွက်လဲ​ကျေးဇူတင်ပါတယ်။ ပြီး​​တော့ … 

    ဆီလီကွန်အပါအဝင် အခြား​သော အလှအပနဲ့ ကျန်းမာ​ရေးဆိုင်ရာ ခွဲစိတ်ကုသမှု ​ဆေးခန်းပြသမှုများအတွက် အထူးကုဆရာဝန်​ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

    in General Health
    Share this post
    Tags
    Archive

    Read Next
    ၀မ်းဗိုက်ကလေး မကျန်းမာရင် ဘာတွေဖြစ်လာနိုင်သလဲ?
    Signs of Unhealthy Gut
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce