Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • မိုးရာသီနှင့် သွေးလွန်တုပ်ကွေး
  • မိုးရာသီနှင့် သွေးလွန်တုပ်ကွေး

    သွေးလွန်တုပ်ကွေးကိုဖြစ်စေတဲ့ ဗိုင်းရပ်စ် (၄)မျိုးရှိပါတယ်။ သွေးလွန်တုတ်ကွေးရောဂါကနေ ပြန်ကောင်းလာပြီဆိုရင် သင့်ကိုကူးစက်သွားတဲ့ ဗိုင်းရပ်စ်တစ်မျိုးကို ခုခံနိုင်စွမ်းရှိသွားပေမယ့် နောက်ထက် (၃)မျိုးကျန်သေးတဲ့အတွက်ကြောင့် ထပ်မံကူးစက်နိုင်ပါသေးတယ်။
    February 14, 2023 by
    Dr.Phyo

    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

    ခြင်ပေါများတဲ့ မိုးရာသီကို ရောက်ရှိနေပြီဆိုတော့ သွေးလွန်တုပ်ကွေးအန္တရာယ်ကို သတိထားရပါတော့မယ်။ 

    သွေးလွန်တုပ်ကွေးဆိုတာ ခြင်ကိုက်ခံရတာကနေတစ်ဆင့် ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါပိုးရှိနေတဲ့သူကို ခြင်ကိုက်လိုက်တဲ့အခါ ဗိုင်းရပ်စ်က ခြင်ထဲကို ဝင်သွားပြီး အဲ့ဒီခြင်က အခြားလူကို ကိုက်ခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါကို ကူးစက်စေပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှုကနေတော့ မကူးစက်နိုင်ပါဘူး။ 

    သွေးလွန်တုပ်ကွေးကိုဖြစ်စေတဲ့ ဗိုင်းရပ်စ် (၄)မျိုးရှိပါတယ်။ သွေးလွန်တုတ်ကွေးရောဂါကနေ ပြန်ကောင်းလာပြီဆိုရင် သင့်ကိုကူးစက်သွားတဲ့ ဗိုင်းရပ်စ်တစ်မျိုးကို ခုခံနိုင်စွမ်းရှိသွားပေမယ့် နောက်ထက် (၃)မျိုးကျန်သေးတဲ့အတွက်ကြောင့် ထပ်မံကူးစက်နိုင်ပါသေးတယ်။ ဒါကြောင့် တစ်ခါဖြစ်ဖူးထားတယ်ဆိုပြီး ပေါ့ပေါ့ဆဆမနေပါနဲ့။ 

    သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာများ 

    ဗိုင်းရပ်စ်ပိုးရှိတဲ့ ခြင်ကိုက်ခံရပြီး (၅) ရက်မှ (၈) ရက်ခန့်အကြာတွင် 

    အဖျားကြီးခြင်း 
    ပျို့အန်ခြင်း 
    ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း
    ကြွက်သားနဲ့ အဆစ်တွေနာကျင်ခြင်း 
    မျက်စိနောက်ဘက်နာကျင်ခြင်း
    အနီကွက်ထခြင်း တို့ဖြစ်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့် (၁)ပတ်လောက်အကြာတွင် သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ 

    သို့သော် တချို့လူတွေမှာတော့ အထက်ပါလက္ခဏာများအပြင် ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါအဆင့်ထိ ရောက်သွားတဲ့သူတွေလဲ ရှိကြပါတယ်။ အဖျားပျောက်ပြီး (၁)ရက် (၂)ရက်အကြာတွင် 

    ပြင်းပြင်းထန်ထန်ဗိုက်နာခြင်း 
    ခဏခဏ အန်ခြင်း (ကော်ဖီရောင်) 
    သွားဖုံး ဒါမှမဟုတ် နှာခေါင်းမှ သွေးထွက်ခြင်း
    ဆီး၊ ဝမ်း (သို့) အန်တဲ့ထဲမှာ သွေးပါခြင်း 
    အသက်ရှူရခက်ခဲခြင်း 
    ပင်ပန်းနွမ်းနယ်ခြင်း
    ဂနာမငြိမ်ဖြစ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ 

    နောက်ဆုံး သွေးပေါင်ရုတ်တရက်ကျပြီး သေစေနိုင်တဲ့အတွက်ကြောင့် အထက်ပါ လက္ခဏာတွေဖြစ်ပြီဆိုတာနဲ့ ဆေးရုံတက်ကုသဖို့လိုပါတယ်။ ကလေးလေးတွေမှာအဖြစ်များတဲ့အတွက်ကြောင့် မေမေတို့က ရောဂါလက္ခဏာတွေကို သေချာစောင့်ကြည့်ဂရုစိုက်ပေးပါ။ 

    သွေးလွန်တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်လို့ရလဲ 

    အသက် (၉) နှစ်ကနေ (၄၅) နှစ်ကြား သွေးလွန်တုပ်ကွေးတစ်ခါဖြစ်ဖူးသူတွေကတော့ Dengvaxia လို့ခေါ်တဲ့ သွေးလွန်တုပ်ကွေးကာကွယ်ဆေး ထိုးလို့ရပါတယ်။ ထိုးမယ်ဆိုရင် (၄)လတစ်ခါ (၃)ကြိမ်ထိုးဖို့ လိုပါတယ်။ 

    သွေးလွန်တုပ်ကွေးတစ်ခါမှ မဖြစ်ဖူးတဲ့သူတွေကတော့ ခြင်ကိုက်မခံရအောင် ကာကွယ်ရပါမယ်။ ခြင်ပေါက်ဖွားမှုနည်းအောင် 

    ရေစည် ရေအိုးတို့ကို လုံခြုံစွာ ဖုံးအုပ်ထားပြီး ပန်းအိုးတွေကို တစ်ပတ်နှစ်ကြိမ်လဲလှယ်ပါ။ 
    ရေတင်နိုင်တဲ့ စွန့်ပစ်ပစ္စည်း (ဥပမာ - ပလပ်စတစ်ဗူးခွံ၊ ပုလင်းခွံ၊ မော်တော်ကားတာယာ) တို့ကို စနစ်တကျ စွန့်ပစ်ပါ။ 
    အိမ်နီးနားပတ်ဝန်းကျင်မှာ ရေမဝပ်စေရန် ရေစီးရေလာကောင်းစေရန် ဆောင်ရွက်ပါ။ 
    ခြင်ဆေးဖျန်းပါ။ ခြင်ခိုနိုင်တဲ့ ချုံတွေကို ရှင်းလင်းပါ။
    ခြင်ကိုက်တဲ့နေရာမှာဆိုရင် ခြင်ထောင်နဲ့အိပ်ပါ။ 
    အိမ်ကို အလင်းရောင်ဝင်အောင် နေ့ပိုင်းတွေမှာ ပြတင်းပေါက်တွေဖွင့်ထားပါ။ 

    ခြင်ပေါတဲ့နေရာမှာ ကလေးတွေကို ခြင်မကိုက်အောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပေးပါ။ ကလေးတွေအတွက် ထုတ်ထားတဲ့ ခြင်ပြေးဆေးများလည်း လူးပေးနိုင်သလို ကလေးအဝတ်အစားမှာ ကပ်လို့ရတဲ့ ခြင်ပြေးကပ်ခွာလေးတွေလည်း ဆောင်ထားပါ။ အခုဆိုရင် လက်မှာပတ်လို့ရတဲ့ ခြင်ပြေးလက်ပတ်လေးတွေလည်း ရှိနေပါပြီ။ 

    သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သတ်ပြီး အွန်လိုင်းမှတစ်ဆင့် ဆေးခန်းပြသလိုပါက My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို အောက်မှာဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကိုလည်း တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

    ဆေးများကို ရန်ကုန်မြို့တွင်းဆို (၂၄) နာရီအတွင်း ပို့ဆောင်ပေးပြီး မြန်မာတစ်နိုင်ငံလုံးကို အိမ်အရောက်ပို့ ဝန်ဆောင်မှုဖြင့် မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးနေပါပြီ။ ကိုယ်လိုချင်တဲ့ ဆေးဝါးများကို www.mymedicine.com.mm (သို့မဟုတ်) KBZPay Market မှာ လွယ်လွယ်ကူကူ ရှာဖွေလို့ရပြီး အစအဆုံးကူညီရှင်းပြပေးမယ့် ဆေးဝါးပညာရှင်များကလည်း မနက် (၉) နာရီမှ ည (၁၂) နာရီအထိ အဆင်သင့်ရှိနေပါတယ်။

    အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Hotline နံပါတ် 09-77-999-5588 နဲ့ 5588 (MPT မှလွဲ၍ အခြား Operator များ) ကို ဆက်သွယ်နိုင်ပါတယ်။



    in General Health
    Share this post
    Tags
    Archive

    Read Next
    အံဆုံးပေါက်ချိန်ရောက်ပြီလား
    အံဆုံး​ပေါက်တယ်လို့ အလွယ်​ခေါ်​ပေမယ့် .. အံဆုံးဟာ ​ပေါက်တဲ့အချိန်မှာ ချက်ချင်း​တော့ အပြင်ကိုထွက်လာတာမျိုးမဟုတ်ပါဘူး။
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce