Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • Zinc : Your Key to Immune Wellness
  • Zinc : Your Key to Immune Wellness

    September 10, 2024 by
    Hsu Pyae Sone

    Zinc : Your Key to Immune Wellness


    ခန္ဓာကိုယ်မှာလိုအပ်တဲ့ ဗိုက်တာမင်နဲ့ သက်စောင့်ဓာတ်တွေထဲက တခုဖြစ်တဲ့ Zinc ဟာ ခန္ဓာကိုယ်ကြီးထွားစေခြင်း၊အနာကျက်မြန်ခြင်း နဲ့ ခုခံအားကို တိုးပွါးစေခြင်းတို့ကြောင့် အရေးပါတဲ့ကဏ္ဍတစ်ခုကနေ မပါမဖြစ် ပါဝင်လျက်ရှိပါတယ်။

    Zinc ကတော့ ကျွန်မတို့နေ့စဉ်စားတဲ့ အနီရောင်ရှိတဲ့အသား၊ပင်လယ်စာ၊ပဲအမျိုးမျိုး၊ဒိန်ချဉ်၊cheese နဲ့ ဟင်းနုနွယ်လို အရွက်တွေကရရှိနိုင်နေပေမယ့် ချက်ပြုတ်မှု ပုံစံ မပါရင် လိုအပ်တဲ့ ပမာဏရသင့်သလောက်မရဘဲ ဖြစ်နေတတ်ပါတယ်။ခန္ဓာကိုယ်မှာ Zinc ဓာတ်နည်းနေရင်တော့ ခုခံအားစနစ်ကျဆင်းပြီး ပြင်ပကရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်လာနိုင်ပါတယ်။

    လူလတ်ပိုင်းတွေနဲ့ ကလေးတွေဟာဆိုရင် ခုခံအားတိုးပွါးဖို့အတွက်လိုအပ်တဲ့ Zinc ပမာဏရအောင် အစားအသောက်ကရနိုင်ပေမယ့် အသက်အရွယ်ကြီးသူတွေအနေနဲ့ကတော့ ဖြည့်စွက်အားဆေးကိုပါ သောက်သုံးဖို့ လိုအပ်ပါတယ်။ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ၊သက်သက်လွတ်သမားတွေ၊အရက်စွဲနေသူတွေနဲ့ အူလမ်းကြောင်းမှာ ရောဂါရှိနေသူတွေဟာ Zinc ဓာတ်လျော့နည်းမှုဒဏ်ကို ခံစားရလေ့ရှိပါတယ်။

    လေ့လာစမ်းသပ်ချက်တွေအရ ကြွက်တွေမှာဆိုရင် Zinc ပေးလိုက်ရုံနဲ့ ပျက်စီးနေတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းကို အကောင်းနီးပါးပြန်ဖြစ်အောင် ကူညီပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။သွေးကင်ဆာရောဂါသည်တွေမှာ ခုခံအားကိုကျဆင်းစေတတ်တဲ့ မကောင်းတဲ့သွေးဖြူဥတွေ အဆမတန်ကြီးထွားလာခြင်းကြောင့်ဖြစ်ပေါ်တဲ့ ရိုးတွင်းခြင်ဆီပျက်စီးမှုစနစ်ကို နှေးစေတဲ့အတွက် Zinc ကို ကုသရေးပိုင်းမှာ ထည့်သွင်း ကုသနေပြီပဲဖြစ်ပါတယ်။ကင်ဆာရောဂါသည်တွေနဲ့ ကီမိုဆေးသွင်းလူနာတွေမှာလည်း ဆေးဒဏ်နဲ့ရောဂါဒဏ်ခံနိုင်ပြီး ခုခံအားမြင့်အောင် Zinc ကို ပေးလေ့ရှိပါတယ်။ဒီလေ့လာတွေ့ရှိချက်တွေအရ Zinc ဟာ ခုခံအားအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ မီးမောင်းထိုးပြနေသလိုပဲ ဖြစ်နေပါတယ်။

    Zinc ဓာတ်ချို့တဲ့သူတွေမှာဆိုရင် ခုခံအားနည်းနေတဲ့အတွက်ကြောင့် ဝမ်းပျက်ဝမ်းလျှော၊အဆုတ်ရောင်ရောဂါနဲ့ အအေးမိပိုးတွေ အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ဆံပင်တွေ လက်သည်းခြေသည်းတွေဟာလည်း ကျိုးလွယ်ပြတ်လွယ်ဖြစ်ပြီး မျက်နှာအရေပြားတွေဟာလည်း ကြမ်းတမ်းနေတတ်ပါတယ်။အစားအသောက်ပျက်ရုံမက အမြင်အာရုံတွေပါ ဝေဝါးနေတတ်လို့ Zinc ဓာတ်အားနည်းသူတွေဟာ လိုအပ်တဲ့ပမာဏရအောင် အမြန်ဖြည့်တင်းဖို့ လိုပါတယ်။ခွဲစိတ်ခန်းဝင်ပြီးလူနာတွေမှာ Zinc ဓာတ်ချို့တဲ့နေရင်တော့ အနာပြည်တည်တာ၊အနာပိုးဝင်တာ၊ချုပ်ရိုးမကျက်တာမျိုး ဖြစ်တတ်လို့ အထူးသတိထားသင့်ပါတယ်။

    ကျွန်မတို့ လူသားတွေ ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်ရဖို့ တနေ့တာအတွက် Zinc လိုအပ်တဲ့ပမာဏကတော့ အမျိုးသားတွေမှာ 11 mg/day ဖြစ်ပြီး အမျိုးသမီးတွေမှာ 8 mg/day ပဲဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေအတွက်ဆိုရင်တော့ တနေ့ကို 13 mg/ day သောက်မှ လိုအပ်တဲ့ပမာဏကိုရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ခံ‌အားကောင်းဖို့ လိုအပ်တဲ့ Zinc ပမာဏရောက်အောင် စားသောက်နေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။





    in General Health
    Share this post
    Tags
    Archive

    Read Next
    Zinc: The Gift of Resilience for Your Immune System
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce