Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • Vape သောက်ခြင်းရဲ့ အန္တရာယ်
  • Vape သောက်ခြင်းရဲ့ အန္တရာယ်

    September 5, 2024 by
    Hsu Pyae Sone

    Vape သောက်ခြင်းရဲ့ အန္တရာယ်


    ဆယ်ကျော်သက်နဲ့ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ Vape က သမားရိုးကျ စီးကရက်သောက်တာထက် တကယ်ရော ပိုဘေးကင်းရဲ့လား???

    E-Cigarette လို့ လူသိများကြတဲ့ Vape ဆိုတာ နီကိုတင်း၊ အနံ့အရသာနှင့် အခြားဓာတုပစ္စည်းတွေကို ရှုရှိုက်နိုင်တဲ့ အခိုးအငွေ့တွေအဖြစ် ပြောင်းလဲပေးတဲ့ အီလက်ထရွန်နစ် ကိရိယာတစ်မျိုးပဲ ဖြစ်ပါတယ်။  Vape က ဘက်ထရီနဲ့ လည်ပတ်တာဖြစ်ပြီး အပေါ်ကပါဝင်ပစ္စည်းတွေပါတဲ့ အရည်ကို အပူပေးလိုက်တာကနေ ထွက်လာတဲ့ aerosol အငွေ့တွေကို ရှူရှိုက်ရတာမျိုးပါ။ တချို့ E-Cigarette တွေက သမားရိုးကျ စီးကရက်တွေနဲ့ ဆင်တူတတ်ပေမယ့် တချို့ကတော့ ဖောင်တိန်၊ USB drive ပုံစံတွေလဲ လာတတ်ကြပါတယ်။

    Vape သောက်တာကို သမားရိုးကျ စီးကရက်တွေထက် ပိုမိုဘေးကင်းတဲ့ နည်းလမ်းတစ်မျိုးဆိုပြီး စျေးကွက်မှာ ရောင်းချနေကြတယ်ဆိုပေမယ့် သူတို့မှာ အန္တရာယ်လုံးဝမရှိ‌တာတော့ မဟုတ်ပါဘူး။ Vape သောက်တဲ့အခါ ကြုံတွေ့ရမယ့် အန္တရာယ်တွေကတော့....


    နီကိုတင်းစွဲလမ်းခြင်း 

    အီး-စီးကရက်တွေမှာ သာမန်စီးကရက်တွေလိုပဲ စွဲလမ်းစေတတ်တဲ့ နီကိုတင်းပါရှိပါတယ်။ နီကိုတင်းက ဖွံ့ဖြိုးဆဲ ဦးနှောက်ကို ထိခိုက်စေတာကြောင့် ဆယ်ကျော်သက်တွေမှာဆိုရင် မှတ်ဥာဏ်နှင့် အပြုအမူဆိုင်ရာ လုပ်ငန်းတွေကို ရေရှည်မှာ ထိခိုက်စေပါတယ်။


    အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ

    အီး-စီးကရက်မှ အငွေ့ကို ရှူရှိုက်ခြင်းက အဆုတ်ပျက်စီးခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှုကြပ်ခြင်းတို့လို အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။


    နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ

    နီကိုတင်းက သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို တိုးစေတာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်တာတို့လို နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်စေပါတယ်။


    အန္တရာယ်ရှိတဲ့ chemical တွေနဲ့ ထိတွေ့မှု

    အီးစီးကရက်တွေမှာ formaldehyde၊ acetaldehyde နဲ့ acrolein တို့လို ရှူသွင်းလိုက်ရင် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။


    ပေါက်ကွဲခြင်းနဲ့ လောင်ကျွမ်းခြင်းအန္တရာယ်များ

    အီး-စီးကရက်တွေက အခန့်မသင့်တဲ့အခါ ပေါက်ကွဲတတ်တဲ့ ရာဇဝင်ရှိတာကြောင့် သတိမပြုရင် ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာနဲ့ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ 


    ဒါကြောင့် ဈေးကွက်ထဲမှာ Vape သောက်တာကို ဘယ်‌လောက်ပဲ ခေတ်မီပြီး အန္တရာယ်ကင်းတဲ့ လုပ်ဆောင်ချက်တစ်ခုလိုမျိုး ထင်ရအောင် ရောင်းချနေကြပါစေ Vape မှာလည်း သာမန်စီးကရက်တွေနဲ့နည်းတူ ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတာလေးကို သတိထားပေးစေလိုပါတယ်နော်…

    ဆောင်းပါးလေးကိုအချိန်ပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

    in General Health
    Share this post
    Tags
    Archive

    Read Next
    Supplement တွေ တကယ်ပဲ လိုအပ်ပါသလား
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce