Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • Hangover ပြေစေမဲ့နည်းလမ်းများ
  • Hangover ပြေစေမဲ့နည်းလမ်းများ

    January 16, 2025 by
    Hsu Pyae Sone

    Happy New Year ဆိုတော့ သူငယ်ချင်းတွေ၊မိသားစုတွေနဲ့ပြန်လည်တွေ့ဆုံပြီး ပျော်စရာကောင်းတဲ့ နှစ်တစ်နှစ်ရဲ့နောက်ဆုံးညလေး ဖြစ်ခဲ့ကြမှာ အသေအချာပါပဲ။လူစုံတဲ့အချိန်မှာ ဖွယ်ဖွယ်ရာရာ ဟင်းလျာတွေအပြင် အမျိုးမျိုးသော အဖျော်ယမကာတွေကိုလည်း သောက်သုံးပြီး ပျော်ရွှင်ကြည်နူးနေကြမှာပါ။ဒါပေမယ့် New Year ညတင်သာမက သောကြာညတွေ၊လူစုံတဲ့ရက်တွေမှာ သောက်မိတဲ့အခါ မိုးလင်းရင် hangover ရလာတော့တာပေါ့။

    Hangover ဆိုတာ မြန်မာလို အရက်နာကျခြင်းလို့ ခေါ်ပါတယ်။တယောက်နဲ့တစ်ယောက်ခံနိုင်ရည်အား မတူတဲ့အပြင် သောက်တဲ့ပမာဏအနည်းအများမတူလို့ အရက်နာကျတဲ့ပုံစံတွေဟာ မတူညီနိုင်ကြပါဘူး။များသောအားဖြင့် ခေါင်းကိုက်ခြင်း၊ရီဝေဝေနဲ့ ခေါင်းနောက်ခြင်း၊ပျို့အန်ချင်သလိုဖြစ်ခြင်း၊မအီမသာဖြစ်ခြင်း၊အစားအသောက်ပျက်ခြင်း၊ချွေးစေးများထွက်ပြီး ဖြူဖတ်ဖြူလျော်ဖြစ်ခြင်းနဲ့ အားမရှိသလို ခြေကုန်လက်ပန်းကျကာ ရင်တုန်ခြင်းများလည်း ခံစားရနိုင်ပါတယ်၊

    အဓိကကတော့ အရက်မှာပါတဲ့ ပါဝင်ပစ္စည်းတွေက ရေဓာတ်ခမ်းခြောက်ခြင်းကိုဖြစ်စေလို့ပါ။ဘီယာ၊ဝီစကီ၊ဗော်ကာ၊တက်ကီလာနဲ့ ရမ် အစရှိတဲ့အမျိုးမျိုးသောအရက်တွေသောက်ပြီးရင် ဆီးသွားချင်စိတ်ပိုဖြစ်စေပါတယ်။ရှူးပေါက်လိုက်၊အရက်သောက်လိုက်နဲ့ ခန္ဓာကိုယ်မှာရေဓာတ်ကုန်ဆုံးမှုက အလျင်အမြန်ဖြစ်လာရတော့တာပါပဲ။Hangover ဖြစ်တဲ့အခါ စိတ်မကြည်မလင်ဘဲ အာရုံစူးစိုက်ရခံခြင်း၊ကတုန်ကရင်ဖြစ်ခြင်းများလည်း ပိုဆိုးစေနိုင်ပါသေးတယ်။

    ဒါတွေကို သက်သာစေဖို့ အရင်ဆုံးရေဓာတ်ဖြည့်ပေးဖို့ လိုပါတယ်။ရိုးရိုးရေသောက်ခြင်းက ပျို့အန်ခြင်းကိုပိုဆိုးစေတဲ့အတွက် ပျားသံပုရာနွေးနွေးလေးလိုမျိုး၊လက်ဖက်စိမ်းရေနွေးလိုမျိုးအရင်ဆုံးခံတွင်းရှင်းအောင် စသောက်ပေးသင့်ပါတယ်။ကိုရီးယားထုံးစံလို အမူးပြေဟင်းရည်ချက်ဖို့က အချိန်ကုန်စေလို့ ဂတ်စ်မပါတဲ့ ဖျော်ရည်အမျိုးမျိုးကို များများသောက်ပေးလို့ရပါတယ်။အဲဒီအချိန် ကော်ဖီ၊လက်ဖက်ရည်ရှောင်ပေးပါ။အရက်နာကျတဲ့အခါ နှလုံးခုန်နှုန်းမမှန်ခြင်းပါဖြစ်စေနိုင်တဲ့အတွက် ကဖင်းဓာတ်ကပိုဆိုးစေပါတယ်။

    ဒါ့အပြင် နုန်းနေတာသက်သာဖို့ ငှက်ပျောသီးစားခြင်း(သို့မဟုတ်)အုန်းရေ သောက်ပေးခြင်း ပြုလုပ်လို့ ရပါတယ်။ဂျင်းဖျော်ရည်ပူပူလေးနဲ့ ခရမ်းချဉ်သီးဖျော်ရည် က လည်း အရက်နာခြင်းနဲ့ အမူးပြေခြင်းကိုတော်တော်သက်သာစေပါတယ်။မနက်စာစားဖို့ကိုလည်းလုံးဝမမေ့သင့်တဲ့အရာပါ။အီလည်လည်ကြီးခံစားနေရပေမယ့်ခန္ဓာကိုယ်ထဲကဆားဓာတ်များလျော့နည်းထားတဲ့အတွက် အစာစားကိူစားပေးရပါမယ်။ခေါင်းကိုက်သက်သာဖို့ အကိုက်အခဲပျောက်ဆေးတစ်ခုခုသောက်ပေးပါ။အဆုံးသတ်အနေနဲ့ ရေဆူဆေးပြားလ်ို အားဆေး မျိုးသောက်ပေးခြင်းဖြင့် hangover က အသေအချာကို ပြန်လည်သက်သာလာမှာပဲဖြစ်ပါတယ်။ဒါကြောင့် ဒီနည်းလမ်းလေးတွေနဲ့ လုပ်ကြည့်ကြဖို့ မမေ့နဲ့နော်။


    in General Health
    Share this post
    Tags
    Archive

    Read Next
    အကြောပြင်ကုထုံးတွေဟာ တကယ်ပဲထိရောက်လို့လား
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce