Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • Beyond Immunity: The Multi-Faceted Benefits of Zinc
  • Beyond Immunity: The Multi-Faceted Benefits of Zinc

    September 10, 2024 by
    Hsu Pyae Sone

    "Beyond Immunity: The Multi-Faceted Benefits of Zinc" 


    ကျွန်မတို့ရဲ့နေ့စဉ်အစားအစာနဲ့နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ Zinc ရဲ့ ကောင်းကျိုးတွေကို သိပြီးကြပြီလား။Zinc ကို အဓိကအားဖြင့် အအေးမိချောင်းဆိုးပျောက် ငုံဆေးတွေ သာမက သွားကိုက်ရင်ထည့်တဲ့ cream တွေထဲပါ တွေ့ရလေ့ရှိတော့ သူ့ရဲ့ အစွမ်းအာနိသင် က ကိုယ်ခံစွမ်းအားကောင်းမွန်ရေး တခုထဲတင်မကဘူးဆိုတာ သတိထားမိကြမှာပါ။

    Zinc ရဲ့ စွမ်းအားဟာ မွေးကင်းစကလေး၊ကိုယ်ဝန်ဆောင်မိခင်၊နို့တိုက်မိခင်နဲ့ နာတာရှည်ရောဂါသည်တွေအထိပါ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပံ့ပိုးပေးနေပါတယ်။အစားအသောက်ကရတဲ့Zinc ပဲဖြစ်ဖြစ်၊ဖြည့်စွက်သောက်ရတဲ့ Zinc ပဲ ဖြစ်ဖြစ် ကျွန်မတို့ရဲ့ အရိုးနဲ့ ကြွက်သားတွေမှာ သိုလောင်ထားလေ့ရှိပါတယ်။ဒါပေမယ့် Zinc ရဲ့ ပမာဏ ကို သွေးတွင်းမှာ တိတိကျကျတိုင်းတာလို့မရပါဘူး။ဒါပေမယ့် အအေးမိတုပ်ကွေးဖြစ်ခြင်း၊နာတာရှည်ရောဂါရှိခြင်း၊အာဟာရမျှတအောင်မစားခြင်း နဲ့  အရက်စွဲနေတဲ့သူတွေမှာ Zinc level ဟာကျနေလေ့ရှိပါတယ်။အမျိုးသမီးတစ်ယောက်ဟာ အနည်းဆုံး တနေ့ကို Zinc 1.5 g လိုအပ်ပြီး အမျိုးသားတစ်ယောက်အတွက်တော့ 2.5 g လိုအပ်ပါတယ်။

    နာမည်ကြီးတဲ့အတိုင်း Zinc ဟာ အဆုတ်ရောဂါနဲ့ အအေးမိတုပ်ကွေးတွေမှာ အဓိက ကာကွယ်ပေးပါတယ်။HIV/AIDS လို ခုခံအားကျဆင်းမှုကူးစက်ရောဂါမှာလည်း Zinc က ခုခံအားကိုတဖက်တလမ်းကမြှင့်တင်ပေးပြီး နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ဝမ်းခဏခဏလျှောတဲ့လူနာတွေမှာလည်း Zinc ဓာတ်ပေးခြင်းအားဖြင့် အူလမ်းကြောင်းကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေပါတယ်။ဆီးချိုလူနာတွေမှာလည်း insulin ရဲ့အစွမ်းကို ကူညီထောက်ပံ့ပေးပြီး သကြားဓာတ်ကို ထိန်းသိမ်းပေးပါတယ်။


    Zinc ရဲ့ ကောင်းကျိုးထဲကတချို့အချက်တွေကို ထပ်မံဖော်ပြရမယ်ဆိုရင်ဖြင့်

    -အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပါတယ်။


    -Zinc ဓာတ်ဟာ မျက်နှာအသားအရေနဲ့ ဆံကေသာကို လှပစေလို့ ဝက်ခြံနဲ့ ဒဏ်ရာတွေဆိုရင် အရင်လို ခဏခဏမဖြစ်တော့ဘူးပေါ့။


    -အစားစားချင်စိတ်ကို ဖြစ်စေရုံသာမက အမြင်အာရုံကြည်လင်စေပြီး မှတ်ဉာဏ်ယိုယွင်းမှုကို လျှော့ချပေးတဲ့အတွက် လူကြီးတိုင်းအတွက် မရှိမဖြစ်ပါပဲ။


    -ခန္ဓာကိုယ်ရဲ့ ဟော်မုန်း level တွေကိုထိန်းညှိပေးတဲ့အတွက် ရာသီလာရင် ကိုက်ခဲနာကျင်တာမျိုး၊စိတ်တိုလွယ်တာမျိုးတွေ မဖြစ်တော့ပါဘူး။


    -အမျိုးသမီးရောဂါတွေဖြစ်တဲ့ သားအိမ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာ ဖြစ်နှုန်းကိုလည်း လျော့ကျစေပါတယ်။


    -ကလေးလိုချင်တဲ့စုံတွဲတွေအတွက်လည်း မျိုးအောင်နိုင်မှုစွမ်းအား မြှင့်တင်ပေးနိုင်ပါတယ်။


    -အမျိုးသား၊အမျိုးသမီးတို့ရဲ့ လိင်မှုပိုင်းဆိုင်ရာဟော်မုန်းတွေကို အားကောင်းစေတဲ့အတွက် တူတူနေတဲ့အခါမှာလည်း အဆင်ပြေချောမွေ့စေပါတယ်။


    -သွေးကြောတွင်းမှ မကောင်းတဲ့အဆီဓာတ်ကို လျော့နည်းစေနိုင်လို့ နှလုံးကျန်းမာရေးနဲ့ သွေးတိုးဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပြန်ပါတယ်။


    -အသည်းရဲ့ ရောင်ရမ်းနှုန်းကို လျှော့ချပေးတဲ့အတွက် အသည်း​ပျက်စီးတာကိုလည်း ကြိုတင်ကာကွယ်ပြီးသားပေါ့။


    -အားကစားသမားတွေနဲ့ gym ဆော့တဲ့သူတွေမှာလည်း ကြွက်သားထုအတွက် အဓိကလိုအပ်တဲ့ သက်စောင့်ဓာတ်တခုဖြစ်ပါတယ်။


    ဒီလောက်ကောင်းမွန်တဲ့အစွမ်းတွေရှိတဲ့ Zinc ကို အနီရောင်ရှိတဲ့ ဝက်သား၊အမဲသား၊ကြက်ဆင်သား အပြင် ပင်လယ်စာတွေမှာလည်း သဘာဝအတိုင်းပါပါတယ်။နို့နဲ့နို့ထွက်ပစ္စည်း၊ပဲအမျိုးမျိုးနဲ့ ကြက်ဥမှာလည်း Zinc က ပါနေတုန်းပါပဲ။ဒါပေမယ့် အစားဂျီးများတဲ့သူတွေ၊နာတာရှည်ရောဂါသည်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာဆိုရင်တော့ Zinc ကို ဖြည့်စွက်စာ နဲ့ အားဆေးတွေကနေ ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်ရှင်။ကျန်းမာသန်စွမ်းလှပဖို့ သဘာဝရဲ့ သက်စောင့်ဓာတ် Zincကို ရွေးချယ်ကြပါစို့။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။





    in General Health
    Share this post
    Tags
    Archive

    Read Next
    သဘာဝအတိုင်း အားအင်ဖြည့်တတ်ဖို့
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce