Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • အိပ်ရာနာလို့ခေါ်တဲ့ Bedsores အကြောင်း ဘာတွေသိထားသင့်လဲ
  • အိပ်ရာနာလို့ခေါ်တဲ့ Bedsores အကြောင်း ဘာတွေသိထားသင့်လဲ

    January 5, 2023 by
    Dr.Phyo

    အိပ်ရာနာ (Bedsores) ဆိုတာ အချိန်ကြာမြင့်စွာ အိပ်ရာထဲမှာ လှဲနေရတဲ့အခါ၊ ဘီးတပ်ကုလားထိုင်ပေါ်ထိုင်ရတဲ့အခါ (သို့) ကျောက်ပတ်တီးစည်းရတဲ့အခါ ဖိအားပေးခံရသော အရေပြားနေရာများမှာ ဖြစ်ပေါ်လာတဲ့ ပြည်တည်နာ (ulcers) ကို ဆိုလိုပါတယ်။ Bedsore များကို
    pressure injuries, pressure sores, pressure ulcers သို့မဟုတ် decubitus ulcers လို့လည်း ခေါ်ကြပါတယ်။ 

    အိပ်ရာနာ (Bedsores) ဟာ အားအင်ချိနဲ့နေတဲ့ သက်ကြီးရွယ်အိုများအတွက် စိုးရိမ်ရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ရရှိနိုင်သော စောင့်ရှောက်မှုအရည်အသွေးအပေါ်လည်း မူတည်နေပါတယ်။ မလှုပ်မယှက်နေရသူ (သို့) အိပ်ယာထဲလဲနေသူတစ်ဦးကို ပုံမှန် နေရာမှန်ကန်စွာလဲပေးခြင်း၊ ကောင်းမွန်သောအာဟာရနှင့် အသားအရည်ထိန်းသိမ်းမှုပေးခြင်းတို့ မရှိပါက bedsores များ ဖြစ်ပေါ်လာနိုင်ပါတယ်။
    ဆီးချိုရောဂါရှိသူများ၊ သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာရှိသူများနှင့် အာဟာရချို့တဲ့သူများတွင်လည်း bedsores ဖြစ်နိုင်ချေပိုများပါတယ်။


    Bedsores ဖြစ်စေတဲ့ အကြောင်းအရင်းများ
    အရေပြားဆီသို့ သွေးလည်ပတ်မှု 2-3 နာရီလောက် ရပ်တန့်သွားတဲ့အခါ နီရဲ၊နာကျင်လာပြီး တဖြည်းဖြည်း ခရမ်းရောင်သမ်းလာကာ bedsores ဖြစ်ပေါ်လာပါတယ်။ မကုသဘဲထားပါက အရေပြားပေါက်ပြဲသွားပြီး ပိုးဝင်နိုင်ပါတယ်။

    Bedsores ဟာ ကြွက်သားနဲ့ အရိုးတွေထိ နက်ရှိုင်းစွာ ရောက်ရှိနိုင်ပါတယ်။ Bedsores စဖြစ်လိုက်တာနဲ့ ပြန်သက်သာသွားဖို့ အရမ်းနှေးတယ်။ အနာအစွန်းတွေဟာ ပိုပြီးနက်ရှိုင်းလာနိုင်သည်။ 
    Bedsores ရဲ့ ပြင်းထန်မှု၊ လူနာရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့် ဆီးချိုကဲ့သို့သော အခြားရောဂါများရှိနေခြင်းတို့ပေါ် မူတည်၍ bedsores ပျောက်ကင်းရန် ရက်၊လမှ နှစ်ပေါင်းများစွာအထိ ကြာနိုင်ပါတယ်။ တစ်ခါတစ်လေမှာ အနာကျက်ခြင်းလုပ်ငန်းစဉ်ကို ကူညီဖို့အတွက် ခွဲစိတ်ရန် လိုကောင်းလိုလာနိုင်ပါတယ်။

    အများအားဖြင့်တော့ Bedsores တွေဟာ အောက်ပါနေရာတွေမှာ အဖြစ်များပါတယ်:
    တင်ပါးနေရာများ (မြီးညောင်ရိုး သို့မဟုတ် တင်ပါး)
    ခြေဖနောင့်
    ပခုံးရိုး
    ဦးခေါင်းနောက်ဘက်
    ဒူးနောက်နှင့် ဘေးဘက်များ


    Bedsores ရဲ့ လက္ခဏာများ


    Bedsores ကို အဆင့်အနည်းဆုံးမှ အပြင်းထန်ဆုံးအထိ အဆင့် (၄) ဆင့်ခွဲထားပါတယ်:

    အဆင့် (၁) တွင် bedsores ဖြစ်တဲ့နေရာဟာ နီရဲနေပြီး ထိလိုက်တဲ့အခါ နွေးနေပါလိမ့်မယ်။ အသားညိုတဲ့သူများမှာတော့ အပြာ (သို့) ခရမ်းရောင်သမ်းနေပါလိမ့်မယ်။ လူနာဟာ အနာက ပူလောင်ပြီး နာကျင်တယ် (သို့) ယားယံတယ်လို့ ညည်းညူနိုင်ပါတယ်။


    အဆင့် (၂) မှာတော့ အနာဖြစ်တဲ့နေရာဟာ ပိုပျက်စီးသွားပြီး ပေါက်ပြဲခြင်း၊ ခြစ်ရာများဖြစ်ခြင်း (သို့) အရည်ကြည်ဖုပေါက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ လူနာဟာ နာကျင်မှုကို သိသိသာသာ ခံစားနေရပြီး ဒဏ်ရာတစ်ဝိုက်ရှိ အရေပြားဟာလည်း အရောင်ပြောင်းသွားနိုင်ပါတယ်။


    အဆင့် (၃) တွင် အရေပြားရဲ့ မျက်နှာပြင်အောက် ထိခိုက်ပျက်စီးမှုကြောင့် အနာဖြစ်တဲ့နေရာဟာ မီးတောင်ဝနဲ့ တူနေပါလိမ့်မယ်။


    အဆင့် (၄) မှာတော့ နေရာသည် ပြင်းထန်စွာပျက်စီးသွားပြီး ဒဏ်ရာဟာ ကြီးမားလာကာ ကြွက်သားများ၊ အရွတ်များ၊ အရိုးများနှင့် အဆစ်များထိ ရောက်သွားနိုင်ပါတယ်။ ဤအဆင့်မှာ ပိုးဝင်နိုင်ခြေဟာ သိသာထင်ရှားတဲ့ အန္တရာယ်တစ်ခုဖြစ်လာပါတယ်။

    Full-thickness tissue များ ပျက်စီးသွားပြီး ulcer ရဲ့ အောက်ခြေမှာ slough (သေနေသော အရေပြားတစ်ရှူး) များ ဖုံးနေကာ အိပ်ရာထဲမှာ eschar (အနာဖေး) ကို တွေ့ရပါက အဆင့်တွေ မသတ်မှတ်တော့ပါဘူး။ Slough သည် ကြေးနီရောင်၊ မီးခိုးရောင်၊ အစိမ်း၊ အညိုရောင် (သို့) အဝါရောင်ဖြစ်တတ်ပြီး Eschar သည် အများအားဖြင့် ကြေးနီရောင်၊ အညိုရောင် သို့မဟုတ် အနက်ရောင်ဖြစ်ပါတယ်။


    Bedsores ကုသနည်းများ


    Bedsores အခြေအနေရဲ့ ပြင်းထန်မှုအပေါ်မူတည်ပြီး ကုသမှုကွာခြားနိုင်ပါတယ်။ အရေပြားပျက်စီးသွားလျှင် ကုသမှုဟာ ပိုခက်ခဲနိုင်ပြီး အောက်ပါတို့ကို လုပ်ဆောင်ရနိုင်ပါတယ်:


    ထိခိုက်သောဧရိယာအပေါ် သက်ရောက်စေသောဖိအားဖများအားဖယ်ရှားခြင်း
    ဆေးစွတ်ထားသော ပတ်တီး (သို့) အခြား dressing များဖြင့် ဒဏ်ရာကို ကာကွယ်ခြင်း
    ဒဏ်ရာကို သန့်ရှင်းအောင်ထားခြင်း
    သင့်တော်သော အာဟာရရရှိစေခြင်း
    ပျက်စီးသွားသော၊ ကူးစက်ခံရသော (သို့) သေနေသော တစ်သျှူးများကို ဖယ်ရှားခြင်း (debridement)
    ကျန်းမာသောအရေပြားကို ဒဏ်ရာရသောနေရာတွင် အစားထိုးခြင်း (skin grafts)
    ဆေးဝါးများ (ပိုးဝင်ခြင်းကို ကုသရန် ပဋိဇီဝဆေးများ)



    Bedsores ရဲ့နောက်ဆက်တွဲပြဿနာများ


    Bedsores ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပျောက်ကင်းရန် ရက်၊ လများသို့မဟုတ် နှစ်များအထိ ကြာနိုင်ပါတယ်။ ဒဏ်ရာကို ပိုးဝင်သွားပါက အဖျားတက်ခြင်းနှင့် ချမ်းတုန်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး ပျောက်ကင်းဖို့ အချိန်ပိုကြာပါတယ်။ ရောဂါပိုးဟာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပါက စိတ်ရှုပ်ထွေးခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် အားနည်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။


    Bedsores မဖြစ်အောင် ကာကွယ်နည်းများ


    အရိုးများတဲ့နေရာတွေကို အထူးသတိထားပြီး အရေပြား နီရဲနေသော နေရာများ (အရေပြားပျက်စီးခြင်းရဲ့ ပထမဆုံးလက္ခဏာ) ကို နေ့တိုင်း စစ်ဆေးခြင်းဖြင့် bedoresores ကို ကာကွယ်နိုင်ပါတယ်။ Bedsores ကို ကာကွယ်ရန်နှင့် ရှိပြီးသားအနာများကို ပိုဆိုးမလာအောင် ကာကွယ်နိုင်တဲ့ အခြားနည်းလမ်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်:
    လူနာ့ခန္ဓာကိုယ်ကို 2 နာရီတိုင်း ဘက်ပြောင်းပြီး နေရာမှန်မှန်လှည့်ပေးပါ။
    ဘီးတပ်ကုလားထိုင်မှာ မတ်မတ်ထိုင်ပြီး ၁၅ မိနစ်တိုင်း ခန္ဓာကိုယ် အနေအထားပြောင်းပေးပါ။
    ဖိအားကိုလျှော့ချရန် ဘီးတပ်ကုလားထိုင်များနှင့် ကုတင်များတွင် ပျော့ပျောင်းသောအခင်းများ ခင်းပေးပါ။
    အသားအရေကို သန့်ရှင်းခြောက်သွေ့အောင် ထားပေးခြင်းဖြင့် ကောင်းမွန်သော skin care ကို ပံ့ပိုးပေးပါ။
    လုံလောက်သော ကယ်လိုရီ၊ ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အရည်များနှင့် ပရိုတိန်းများ မရရှိပါက ဘယ်လောက်ပဲ ဂရုစိုက်ပေးနေပါစေ bedsores ပျောက်နိုင်မှာမဟုတ်လို့ အာဟာရမျှတစွာ စားသောက်ပါ။

    in General Health
    Share this post
    Tags
    Archive

    Read Next
    အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးများ
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce