Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • အိပ်မပျော်ခြင်းကို ဘယ်လိုဖြေရှင်းကြမလဲ
  • အိပ်မပျော်ခြင်းကို ဘယ်လိုဖြေရှင်းကြမလဲ

    July 29, 2025 by
    Hsu Pyae Sone

    ခုနောက်ပိုင်း ဆေးခန်းတွေမှာ “အိပ်မပျော်လို့ဆေးပေးပေးပါ” ဆိုတဲ့ လူနာတွေ အရွယ်အစုံ တွေ့နေရပါတယ်။ အိပ်မပျော်ရတဲ့ အကြောင်းကတော့ အများကြီးရှိပါတယ်။ နာတာရှည်ရောဂါများနဲ့  စိတ်ရောဂါတစ်မျိုမျိုးကြောင့်သာမက အခြားသော အကြောင်းအမျိုးမျိုး (ဥပမာ- အရက်အလွန်အကျွံသောက်သူ၊ မူးယစ်ဆေးသုံးသူ၊ စိတ်ကြည်လင်အောင် အားဖြည့်အချိုရည်သောက်တာ ကော်ဖီသောက်တာတွေကအစ အိပ်မပျော်အောင် စွမ်းဆောင်ပါတယ်။

     အရင်ဆုံး ညဘက်ကောင်းကောင်း အိပ်မပျော်တဲ့ သူဟာ နေ့ခင်းဘက်မှာ လုံးဝ မအိပ်သင့်ပါဘူး။ အရမ်းကို အိပ်ချင်နားချင်တယ်ဆိုရင်တော့ အိပ်ရာထဲ ကျကျနနအိပ်တာမျိုး မလုပ်ပဲ ထိုင်ခုံမှာ ထိုင်ပြီးအိပ်တာမျိုးလောက်သာအိပ်သင့်ပါတယ်။  ၁၅မိနစ်ထပ်တော့ မပိုသင့်ပါ။

     ညအိပ်ရာဝင်ချိန်ကို အချိန်မှန် သက်မှတ်ပါ။ အိပ်ဖို့အချိန်ရောက်မှ အိပ်ရာထဲဝင်ပါ။ ကြိုပြီး အိပ်ရာထဲ လှဲနေတာ ဖုန်းသုံးနေတာမျိုး မလုပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ blue light အလင်းက ဦးနှောက်ကို နိုးကြားစေပြီး melatonin မယ်လတိုနင်လို့ ခေါ်တဲ့ အိပ်ပျော်မှု နိုးထမှုအချိန်မှန်စေတဲ့ ဟော်မုန်းကိုလည်း တားလိုက်တာကြောင့် အိပ်ပျော်ဖို့ အနှောင့်အယှက်တစ်ခုပဲ ဖြစ်ပါတယ်။

     ညဘက်မှာ mindfulness လို့ခေါ်တဲ့ ဝင်လေထွက်လေလေးမှတ်ပေးတာ၊ တရားဓမ္မနာကြားတာမျိုးလို အလေ့အကျင့်ကောင်းလေးတွေ လုပ်သင့်ပါတယ်။ နောက်တခုက အိပ်မပျော်ရင် စာဖတ်ပါ။ ညနေတိုင်း ပုံမှန် နာရီဝက် လေ့ကျင့်ခန်း လုပ်ပေးပါ။ နေ့ခင်းဘက်မှာ တတ်နိုင်သမျှ တက်ကြွနေအောင် သင့်တင့်တဲ့ ကိုယ်လုပ်နိုင်တဲ့ အလုပ်လေးတွေ လုပ်ပေးပါ။ ညနေခင်းမှာ သို့မဟုတ် ညဘက်တွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်၊ လက်ဖက်သုပ်စတာတွေ စားတာသောက်တာကို ရှောင်ရပါမယ်။

     အရက်သောက်သူ/မူးယစ်ဆေးသုံးစွဲနေသူ ဖြစ်ပါက အမြန်ဆုံး စိတ်ကျန်းမာရေးဆရာဝန်နဲ့တိုင်ပင်ပြီး အရက်နဲ့ မူးယစ်ဆေးကို ဖြတ်နိုင်အောင်ကြိုးစားသင့်ပါတယ်။ အရက်နဲ့ မူးယစ်ဆေးသုံးသူတွေ အိပ်မပျော်ဘူးဆိုတာက အပယိကပါ။ နောက်ဆက်တွဲ အသည်းခြောက်၊ အသည်းကင်ဆာ၊ သွေးတိုး၊ နှလုံးရောဂါ စတာတွေက ပိုပြီးကြောက်စရာပါ။

     ဒါ့အပြင် အိပ်မပျော်တာတစ်မျိုးထဲ မဟုတ်ပဲ ထင်ယောင်ထင်မှား မြင်ယောင်ကြားယောင်နေတာ၊ ဒေါသထွက်လွယ်တာ၊ အပူဒဏ်မခံနိုင်တာ၊ ပိန်ပိန်လာတာ စတဲ့ အခြားသော ရောဂါလက္ခဏာတွေနဲ့ တွဲနေရင်တော့ ချက်ချင်းကို ဆရာဝန်တစ်ယောက်ယောက်နဲ့ အမြန်ဆုံး တိုင်ပင်သင့်ပါတယ်။ ဒီလို သတိပြုစရာတွေ လိုက်နာပြီး ကောင်းစွာ အိပ်စက်အနားယူကြပါစို့နော်။

     

    in General Health
    Share this post
    Tags
    Archive

    Read Next
    လက်သည်းခြေသည်း မှိုစွဲခြင်း အကြောင်း( Tinea unguium )
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce