Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • အခုနောက်ပိုင်းကြုံတွေ့နေရတဲ့ လေထုညစ်ညမ်းခြင်း
  • အခုနောက်ပိုင်းကြုံတွေ့နေရတဲ့ လေထုညစ်ညမ်းခြင်း

    February 26, 2025 by
    Hsu Pyae Sone

    ကျွန်မတို့ရဲ့ မြန်မာနိုင်ငံမှာ ဇန်နဝါရီလကစပြီးတော့ အခုဖေဖော်ဝါရီလကုန်ခါနီးထိကို မနက်စောစောဆိုရင် နှင်းတွေဝေသလို၊မြူတွေဆိုင်းသလို ကာလလေး ဖြစ်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။မနက်စောစော လမ်းထလျှောက်သူတွေ၊စျေးသည်တွေနဲ့ အလုပ်သွားတဲ့သူတွေကတော့ နှင်းကျတယ်အထင်နဲ့ ပျော်ရွှင်ပြီး လေထုကို အားပါးတရရှူလို့ တနေ့တာရဲ့ လုပ်ငန်းကို စတင်ရန်အဆင်သင့်ဖြစ်နေကြပါပြီ။

    တကယ်တော့ ကျွန်မတို့မနက်စောစောမြင်ရတာတွေက နှင်းမဟုတ်သလို မြူလည်းမဟုတ်ပါဘူး။အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင်ကမ္ဘာ့နိုင်ငံအတော်များများပါ လေထုညစ်ညမ်းခြင်းကအတော်ဆိုးဝါးလာပါတယ်။ဖေဖော်ဝါရီ ၃ ရက်နေ့ကဆိုရင် ကျွန်မတို့မြန်မာနိုင်ငံရဲ့လေထုညစ်ညမ်းမှုဟာ AQI - Air Quality Index (လေထုအရည်အသွေးညွှန်းကိန်း) အဆင့် ၂ အထိ သိသိသာသာမြင့်တက်လာခဲ့ပါတယ်။အခုလက်ရှိအနေအထားမှာ အဆင့်တစ်ရာကျော်ပြန်ရောက်သွားပေမယ့် စိတ်အေးလက်အေးနေလို့ရတဲ့ အခြေအနေမဟုတ်ပါဘူး။

    🍀ဒါဆိုရင် လေထုညစ်ညမ်းမှု က ဘာလဲ?

    နေ့စဉ်ရှူရှိူက်နေကြတဲ့လေထုထဲမှာ လူသားတွေအဓိကလိုတဲ့ အောက်စီဂျင်ဓာတ်ငွေ့ ၂၁ ရာခိုင်နှုန်းသာပါဝင်နေပြီး ကျန်တာကတော့ နိုက်ထရိုဂျင်ဓာတ်ငွေ့အများစု၊ကာဗွန်ဒိုင်အောက်ဆိုက် နဲ့ အခြားဓာတ်ငွေ့တွေ ပေါင်းစပ်ပါဝင်နေကြပါတယ်။

    ကျွန်မတို့နေ့စဉ် အသုံးပြုနေတဲ့ ယာဉ်အမျိုးမျိုး၊ဓာတ်ငွေ့၊ဂတ်စ်မီးဖို၊ထင်းမီး၊မီးသွေးမီးဖို၊အရွက်ခြောက်မီးရှို့ခြင်း၊ဖုံအမျိုးမျိုး၊စက်ရုံအလုပ်ရုံတွေ၊အဆောက်အအုံနဲ့အိမ်တွေအပြင် တောမီးလောင်ခြင်း၊ရေနံထွက်ပစ္စည်း၊ကျောက်မီးသွေး၊သဘာဝဓာတ်ငွေ့ အစရှိတာတွေကြောင့် လေထုညစ်ညမ်းစေတဲ့ အိုဇုန်းဓာတ်ငွေ့တွေက အန္တရာယ်ရှိတဲ့ ခရမ်းရောင်အဆင့်ထိ တဖြည်းဖြည်းများပြားလာပါတယ်။

    🍀လေထုညစ်ညမ်းရင် ဘာဖြစ်နိုင်သလဲ။

    လေထုညစ်ညမ်းတဲ့အခါ အသက်ရှူမဝခြင်း၊ လည်ချောင်းခြောက်ကပ်နာကျင်ခြင်း၊  ချောင်းဆိုးခြင်း၊ အသက်ရှုစဉ်တရွှီရွှီမြည်ခြင်း၊ မျက်စိနီမျက်စိစပ်ခြင်း၊ ရင်တုန်ခြင်း၊ မောပန်းလွယ်ခြင်း၊ အိပ်မပျော်ခြင်း နဲ့  အရေပြားယားယံခြင်း စတာတွေကို ခံစားရတတ်ပါတယ်။

    ဒါကြောင့်မို့ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ပန်းနာရင်ကြပ်၊ နှလုံး၊ ဆီးချိုရောဂါရှင်များနဲ့ ကိုယ်ဝန်ဆောင်မိခင်များ  ဟာ အထူးသတိထားဖို့ လိုအပ်ပါတယ်။ဒါ့အပြင် ပြင်းထန်စွာ အားကစားလုပ်သူများအနေနဲ့လည်း အဆိပ်ရှိတဲ့ဓာတ်ငွေ့တွေကို ပိုရှူရှိုက်နေရသလို ဖြစ်တဲ့အတွက်ကြောင့်အားကစားပြင်းပြင်းထန်ထန်လုပ်တာကိုလည်း ယခုကာလမှာ ရှောင်ရှားသင့်ပါတယ်။

    🍀ဒါဆိုရင် ဘာတွေ ပြင်ဆင်သင့်လဲ?

    ၁။လေထုညစ်ညမ်းစေတဲ့ အမှုန်မွှားငယ်ဟာရိုးရိုး mask နဲ့ မကာကွယ်နိုင်တဲ့အတွက် N95/KN95 နှာခေါင်းစည်းကို အပြင်ထွက်တိုင်း တပ်ပေးဖို့ လိုအပ်ပါတယ်။

    ၂။မလိုအပ်ပဲ အပြင်ထွက်ခြင်းမှ ရှောင်ကြဉ်ပြီးအိမ်တွင်းမှာလည်း လေဝင်လေထွက်ကောင်းအောင် ဂရုစိုက်ပါ။  

    ၃။မျက်လုံး/နှာခေါင်း ယားယံမှုရှိလျှင် ဆားရည်နဲ့ သန့်စင်ပါ။မျက်လုံးနီရဲ/ခြောက်ခြင်းများရှိပါက မျက်စဉ်းထည့်ပါ။

    ၄။အခန်းတွင်း ‌လေထုသန့်စင်စက်များ၊ရေငွေ့ထုတ်စက်များကို လေထုသန့်ရှင်းစေရန်အသုံး ပြုပါ။ 

    ၅။ရေဓာတ်ပြည့်ဝစေဖို့ အရည် များများ သောက်ပါ။ အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေကို စားပေးပါ။

    တကယ်လို့ မသက်သာပါက လေထုညစ်ညမ်းခြင်းကြောင့် ဖြစ်လာတဲ့ အရေပြားပြဿနာ၊မျက်စိနဲ့အဆုတ်ရောဂါများအတွက် ကျွန်မတို့ My-Medicine မှ အထူးကုဆရာဝန်ကြီးများနဲ့ ရက်ချိန်းယူပြီး တိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင်။


    in General Health
    Share this post
    Tags
    Archive

    Read Next
    သတိထားရမယ့် နမိုးနီးယားအဆုတ်ယောင်ရောဂါ
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce