Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • အကြောပြင်ကုထုံးတွေဟာ တကယ်ပဲထိရောက်လို့လား
  • အကြောပြင်ကုထုံးတွေဟာ တကယ်ပဲထိရောက်လို့လား

    December 29, 2024 by
    Hsu Pyae Sone

    ကျွန်မတို့ မြန်မာလူမျိုးအယူအဆတွေမှာသာမက ကိုရီးယား၊တရုတ်နဲ့ ထိုင်းအစရှိတဲ့အရှေ့တိုင်းရိုးရာတွေမှာ အကြောပြင်ခြင်းနည်းပညာဟာ ခေတ်စားလှပါတယ်။Social media မှာ တခါတလေ ပေါ်လာတဲ့ video အတိုလေးတွေကနေ အကြောပြင်လိုက်တဲ့အခါ ဂျွတ်ခနဲ၊ဂျိုးခနဲ အသံတချက်မြည်ပြီး သက်သာသွားတဲ့ လူအပါအဝင်တိရိစ္ဆာန်လေးတွေအများကြီးကိုလည်း တွေ့ဖူးကြမှာဖြစ်ပါတယ်။

    ကျွန်မတို့ရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့အကြောတွေဟာ တောင့်တင်းနေရင်တောင် လှုပ်ရှားရခက်ခဲပါတယ်။အကြောပြင်ခြင်းဆိုသည်မှာ ဦးခေါင်း၊မေးရိုး၊ ပခုံး၊ တံတောင်ဆစ် နှင့် လက်ကောက်ဝတ်အဆစ်များ၊ လက်ကောက်ဝတ်၊ တင်ပါးဆုံရိုး၊ တင်ပါး၊ ဒူးခေါင်းနှင့် ခြေချင်းဝတ် စတဲ့ နေရာတွေမှာ ဆေးသောက်ခြင်း သို့မဟုတ် ခွဲစိတ်ကုသမှု လုပ်စရာမလိုပဲ သဘာဝအတိုင်း ခန္ဓာကိုယ်ကို ပြန်ကောင်း သွားအောင် ကူညီပေးတဲ့ ပညာရပ်တခုဖြစ်ပါတယ်။ခါးနာခြင်း၊ဇက်နာခြင်း၊အုန်းလွဲခြင်း၊ဇက်ကြောတက်ခြင်း၊ခေါင်းတခြမ်းကိုက်ရောဂါ၊အဆစ်ရောင်ခြင်း၊အကြောကပ်ခြင်း၊ခါးကြောမျက်ခြင်း၊အဆစ်လည်ခြင်း၊ခြေဖဝါး လက်ဖဝါးထုံကျင်ခြင်း၊ကျီးပေါင်းတက်ခြင်းအပြင် ထူးထူးခြားခြား အားကစား(သို့မဟုတ်)အလုပ်ကြောင့် အသုံးပြုပါများပြီး ရရှိလာတဲ့ အရိုးအတက်ထွက်ခြင်းများကိုပါ စနစ်တကျ ကုသပေးနိုင်ခြင်းရှိပါတယ်။

    အကြောပြင် ပညာရှင် ဟာ အရပ်လက်သည်တွေလို နှိပ်ချင်တိုင်း နှိပ်လို့မရပါဘူး။အင်္ဂလိပ်ဆေးပညာရှင်တွေလိုပဲ အကြောပညာရှင်တွေဟာ လူ့ခန္ဓာကိုယ်ရဲ့ အရိုး၊အာရုံကြောနဲ့ ကြွက်သားမျှင်များ ဖွဲ့စည်းပုံကို ကောင်းမွန်စွာသေချာတားလည်ရပါမယ်။လူ့သဘာဝ ခန္ဓာဗေဒသဘောတရားကို သေချာမသိဘဲ အကြောပြင်မယ်ဆိုရင်တော့ ကုသမှုခံယူရတဲ့သူဟာ တသက်လုံး ခြေလက်အင်္ဂါမသန်စွမ်းခြင်း၊မလှုပ်ရှားနိုင်ဘဲ လေဖြတ်ခြင်းအပြင် ကျောရိုးဆစ်ကျွံပြီး ခါးကြောညပ်ခြင်းတွေကိုပါ ဆိုးကျိုးအနေနဲ့ ခံစားရမှာ ဖြစ်ပါတယ်။

    အကြောပြင်ခြင်းကုသနည်းဟာ လူကြီးတွေတင်မက လူငယ်တွေပါ ကုသမှုခံယူလို့ရတဲ့ပညာရပ်တခုဖြစ်ပါတယ်။လက်ရှိမှာဆိုရင် အနောက်နိုင်ငံနဲ့ လက်တင်အမေရိကအထိ ခေတ်စားပြီး ကျွမ်းကျင်ပညာရှင်တွေဖြစ်အောင် တက်လို့ရတဲ့ ကျောင်းတွေလည်းရှိပါတယ်။ဒါပေမယ့် အရိုးပါး၊ အရိုးပွ ဝေဒနာရှိသူများ၊ ကျောရိုးအာရုံကြောမကြီး အဖိခံထားရသော ရောဂါရှိသူများ၊အဆစ်အမြစ်ရောင်ရမ်း ဝေဒနာခံစားနေရသူများ၊သွေးကျဲဆေးများ သောက်နေသူများနဲ့ကင်ဆာရောဂါ ရာဇဝင်ရှိသူများ အတွက်ကတော့ ကုသမှုခံယူဖို့ မသင့်လျော်နိုင်ပါဘူးနော်.....

    ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။


    in General Health
    Share this post
    Tags
    Archive

    Read Next
    မိသားစုဝင်အချင်းချင်း သွေးသွင်းသင့်/မသင့်
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce