Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • သတိပြုစရာ ထိပ်ကပ်နာ
  • သတိပြုစရာ ထိပ်ကပ်နာ

    September 6, 2024 by
    Hsu Pyae Sone

    သတိပြုစရာ ထိပ်ကပ်နာ 


    ရာသီဥတု အကူးအပြောင်းဖြစ်လာပြီ၊အေးလာပြီဆိုတာနဲ့နှာခေါင်းလေး တရှုံ့ရှုံ့ နှာရည်လေး တစိုစိုဖြစ်လာကြပါပြီ။ရိုးရိုးနှာစေးတာကတော့ ရက်အနည်းငယ်အတွင်းမှာ ပျောက်သွားနိုင်ပေမယ့် ခုလိုဆိုရင်တော့ မျက်ရိုးထိုး၊ခေါင်းကိုက်တာတွေပါ ခံစားရမှာပဲဖြစ်ပါတယ်။ ဒါကိုတော့ မြန်မာလို ထိပ်ကပ်နာ လို့ လူသိများကြပါတယ်။ထိပ်ကပ်နာဆိုတာ နှာခေါင်းပတ်ဝန်းကျင်မှာရှိတဲ့လေအိတ်လေးတွေ ရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ဆေးကုသမှု ခံယူရဲ့သားနဲ့ လေအိတ်ရောင်တာ သုံးလကျော်ကြာသွားပြီ ဆိုရင်တော့ နာတာရှည် ထိပ်ကပ်နာ ဖြစ်လာရပါတော့တယ်။

    ထိပ်ကပ်နာ ဘာ့ကြောင့်ဖြစ်ရသလဲ?

    -အအေးမိတုပ်ကွေး ဗိုင်းရပ်စ်ပိုး၊ဘက်တီးရီးယားပိုးဝင်ခြင်း

    -မှိုရောဂါဖြစ်ခြင်း

    -ပန်းဝတ်မှုန်၊ဖုန်မှုန့်၊တိရိစ္ဆာန်အမွှေးနဲ့ လေထုထဲမှမီးခိုးငွေ့များကြောင့် ဓာတ်မတည့်မှုဖြစ်ခြင်း

    -နှာခေါင်းအသားပိုထွက်ခြင်း

    -နှာခေါင်းပေါက် နှစ်ခုကြား ခြားထားတဲ့ အရိုးနု ပုံစံမမှန်ခြင်း နဲ့

    -နှာခေါင်း နဲ့ မျက်နှာမှာ ထိခိုက်ဒဏ်ရာရထားသူ

    -ပန်းနာရင်ကြပ်ရှိတဲ့သူ

    -ခုခံအားစနစ်ဆိုင်ရာ ရောဂါရှိတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။


    ထိပ်ကပ်နာဖြစ်ပြီဆိုရင် မကြာခဏ နှာခေါင်းပိတ်တဲ့ ခံစားမှုမျိုး ရနိုင်ပါတယ်။ဒါ့အပြင် ပုံမှန်အတွေ့များတဲ့ရောဂါ လက္ခဏာတွေကတော့ -

    -နှာရည်ထူထူပျစ်ပျစ်တွေ ယိုခြင်း

    -နှာရည်က အပြင်ကိုမကျလာပဲ လည်ချောင်းထဲ နောက်ပြန်ဝင်သွားခြင်း

    -နှာခေါင်းယောင်ပြီး ပိတ်နေလို့ အသက်ရှူမဝတာမျိုး ဖြစ်ခြင်း

    -မျက်လုံး၊ ပါး၊ နှာခေါင်းနဲ့ နဖူးတဝိုက်မှာ နာကျင်ကိုက်ခဲပြီး ရောင်နေခြင်း

    -အနံ့အရသာခံစားမှုတွေ လျော့ကျလာခြင်း တို့အပြင်

    -အပေါ်မေးရိုး၊သွားနဲ့ နားများ ကိုက်ခြင်း

    -ခဏခဏ လည်ချောင်းဟန့်နေခြင်း ,  လည်ချောင်းနာခြင်း

    -ခံတွင်းနံ့နံခြင်း

    -ခန္ဓာကိုယ်နုန်းခြင်း တို့ပဲ ဖြစ်ပါတယ်။


    ထိပ်ကပ်နာ ရောဂါ ရှိ/မရှိ ဘယ်လို သိနိုင်သလဲ?


    မျက်လုံးအောက်ဖက်ခြမ်း ပါးမို့နဲ့ နှာခေါင်းဘေးနားက နေရာတွေမှာ လေအိတ်တွေရှိတဲ့အတွက် ဖိကြည့်ရင် နာတာ၊တင်းတာမျိုး ခံစားရနိုင်ပါတယ်။တခြားနည်းလမ်းတွေ အနေနဲ့ကတော့

    -နှာရည်နဲ့ သလိပ်ထဲမှာ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးခြင်း

    -ဓာတ်တည့်မှု ရှိ၊မရှိ အရေပြားကို allergen skin test ပြုလုပ်ကြည့်ခြင်း

    -လေအိတ်နေရာများကို ဓာတ်မှန် ရိုက်ကြည့်ခြင်း

    -နှာခေါင်းတွင်းသို့ မှန်ပြောင်းကြည့်ခြင်း 

    -ကွန်ပျူတာဓာတ်မှန်၊သံလိုက်ဓာတ်မှန်များဖြင့် စစ်ဆေးခြင်း တို့ ဖြစ်ပါတယ်။

    တကယ်လို့ ထိပ်ကပ်နာဖြစ်ပြီလို့ သံသယရှိပြီဆိုရင်တော့ နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီးတွေနဲ့ သွားရောက်ပြသကုသသင့်ပါတယ်။ 

    နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီးများနှင့် ဆေးခန်းပြသရန် : https://mymedicine.com.mm/r/ENT ကိုနှိပ်၍ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


    #MyMedicine #Telemedicine #ENT#Sinusitis#OnlineConsultation






    in General Health
    Share this post
    Tags
    Archive

    Read Next
    မြွေကိုက်ခံရရင်ဘာတွေလုပ်ရမလဲ
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce