Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • မီးပိုးကောင်ထိမိရင် ဘာတွေဆက်ဖြစ်မလဲ
  • မီးပိုးကောင်ထိမိရင် ဘာတွေဆက်ဖြစ်မလဲ

    May 12, 2025 by
    Hsu Pyae Sone

    မိုးလေးတခါနှစ်ခါရွာလိုက်တာနဲ့ ပတ်ဝန်းကျင်တခွင်စိမ်းလန်းပြီး ညဖက်ဆိုရင် ဖားသံ၊ပုရစ်သံဆူညံလို့နေပါတော့တယ်။နွေအကုန်မိုးအစ ကာလမှာ စိမ်းလန်းခြင်းနဲ့အတူ တွင်းအောင်းနေ အင်းဆက်သတ္တဝါတွေကလည်း ပူအိုက်တဲ့ကာလမှာ အပြင်ထွက်လာကြတတ်ပါတယ်။ဒီထဲမှာ ခုတလော နာမည်ကြီးနေတာကတော့ မီးပိုးကောင်ပါပဲ။

    မီးပိုးကောင်ဟာ လိမ္မော်နဲ့အနက်ကြားအစင်းရှိတဲ့ ပုရွက်ပျံပုံစံအလားတူ အကောင်ငယ်လေးတခုဖြစ်ပြီး အလင်းရောင်ကို သဘောကျကြပါတယ်။ဒါကြောင့်မို့ ညနေမှောင်ရီပျိုးခါစအချိန် မီးချောင်းဖွင့်ထားရင် ဖလံကောင်၊ပလူကောင်တွေနဲ့အတူ မီးပိုးကောင်တွေဟာလည်း မီးချောင်းနားတခွင်ပျံသန်းတတ်ကြပါတယ်။မီးပိုးကောင်ဟာ သူ့ဘာသူတော့ လူ့အသားကိုကိုက်လေ့ကိုက်ထရှိတဲ့ သတ္တဝါမဟုတ်ပါဘူး။ဒါပေမယ့် သူ့ဆီကထွက်လာတဲ့ အရည်နဲ့ထိတွေ့မိတဲ့အချိန်မှာ အရည်ဖုလေးတွေ ထွက်လာပါတော့တယိ။အဲဒီအရည်ကြည်ဖု က ဘယ်လောက်ထိပြင်းထန်သလဲဆိုရင် မီးစနဲ့ထိုးသလို အထိ နီရဲပူတက်လာတတ်ပါတယ်။

    အရည်နဲ့ စစပိုင်းထိတွေ့ခါစအချိန်မှာ ယားယံခြင်း၊အပူလောင်ခြင်း၊အနီကွက်များ ပေါ်လာခြင်းများ ဖြစ်တတ်ပြီး ၂-၃ ရက်ကြာရင်တော့အရည်ပြားခြောက်သွေ့ကွာကျခြင်းနဲ့အတူ အရည်ကြည်ဖုအစင်းတွေ ဖြစ်လာတတ်ပြန်ပါတယ်။ပုံမှန်သိပ်မပြင်းထန်တဲ့အခြေအနေဆိုရင်တော့ အရေပြားရဲတာလောက်ကို ရက်အနည်းငယ်အကြာအထိ တွေ့ရတတ်ပါတယ်။ဒီထက်ဆိုးလာတဲ့အခါ နီရဲရုံသာမက အရည်ကြည်ဖုများအဖြစ်ပါ ပြောင်းလဲပြီးတစ်ပတ်အတွင်း အရေပြားကွာကျနိုင်ပါတယ်။အဲဒါဆိုရင်တော့ ခန္ဓာကိုယ် အရေပြားမှာ အစက်အစက်လေးများ ကျန်ခဲ့နိုင်ပါသေးတယ်။အရမ်းပြင်းထန်တဲ့အခြေအနေတွေမှာတော့အဖျားတက်ခြင်း၊အာရုံကြောယောင်ခြင်း၊ အဆစ်နာခြင်း၊အန်ခြင်းတို့အပြင် မျက်စိအမြှေးပါးပါ ရောင်တတ်တဲ့အထိ ဖြစ်စေတတ်တာမို့  ပေါ့ပေါ့ဆဆမနေသင်ဘဲ အထူးသတိထားရမှာဖြစ်ပါတယ်။

    အဓိကကတော့ မီးပိုးကောင် ခန္ဓာကိုယ်ပေါ်ကို တက်လာပြီ ဆိုတာနဲ့ လက်နဲ့ မထိပါနဲ့။လက်နဲ့ ပွတ်မိရင် အရည်တွေထွက်လာပြီး အရေပြားကို လောင်စေနိုင်တဲ့အတွက်ကြောင့် အိမ်ပြင်တစ်နေရာကို သွားပြီး လေနဲ့ မှုတ်ချလိုက်ပါ။တကယ်လို့ မတော်တဆ ပွတ်မိတယ် ဆိုရင်လည်း ရေနဲ့ဆေးပါ၊ဆပ်ပြာနဲ့ဆေးပါ။နီရဲပြီး ယားလာပါက အယားပျောက်ဆေး၊အရောင်ကျဆေးသောက်လို့ရတဲ့အပြင် ရေခဲကပ်ပေးလို့ရပါတယ်။အထူးသဖြင့် ညမှောင်ပြီဆိုတာနဲ့ အိမ်ပြတင်းပေါက်တံခါးတွေ ဝင်ပေါက်တွေကိုပိတ်ပြီး ပိုးကောင်ဝင်နိုင်နှုန်းကို တားဆီးပေးပါ။အိမ်မှာလည်း အလင်းရောင်ရှိတဲ့မီးချောင်းအောက်တည့်တည့်မထိုင်ဘဲ နေရာလွှဲထိုင်ခြင်းအားဖြင့် မီးပိုးကောင်ဒုက္ခမှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

    in General Health
    Share this post
    Tags
    Archive

    Read Next
    နွေရာသီမှာ ဝမ်းပိုပျက်တတ်တာလား?
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce