Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • General Health
  • တအားပူရင်ဘာတွေသတိထားရမလဲ
  • တအားပူရင်ဘာတွေသတိထားရမလဲ

    September 5, 2024 by
    Hsu Pyae Sone

    တအားပူရင်ဘာတွေသတိထားရမလဲ?


    အခုရက်ပိုင်း အပူချိန်တွေက ကြောက်စရာကောင်းလောက်အောင် ထိုးတက်နေတာမလို့ ဒီလို တအားပူနေရင် သတိထားရမယ့် အရာလေးတွေကို မျှဝေပေးသွားပါမယ်နော်။


    Heatstroke 

    နေအရမ်းပူနေတဲ့အခါ ခန္ဓာကိုယ်အပူချိန်ထိန်းစနစ်တွေ ယိုယွင်းသွားတာမလို့ heat stroke လို့ခေါ်တဲ့ ခန္ဓာကိုယ်အပူချိန် လွန်ကဲပြီး သတိလစ်သွားတာမျိူး ဖြစ်တတ်ပါတယ်။ Heat stroke ဖြစ်လာနိုင်ကြောင်း ပြနေတဲ့ လက္ခဏာတွေ‌ကတော့ ခန္ဓာကိုယ်အပူချိန်မြင့်မားတာ၊ နှလုံးခုန်မြန်တာ၊ ခေါင်းကိုက်တာ၊ မူးဝေတာ၊ စိတ်ရှုပ်ထွေးတာနဲ့ သတိလစ်တာတို့ပါ။


    ရေဓာတ်ခန်းခြောက်ခြင်း

    ပူပြင်းတဲ့ နွေရာသီအပူချိန်ကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်တွေ ပိုပြီးမြန်မြန် ဆုံးရှုံးသွားတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ ရေငတ်တာ၊ ခံတွင်းခြောက်တာ၊ ဆီးအရောင်ရင့်တာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ မူးဝေတာတို့ကို ဖြစ်စေတာမလို့ နွေရာသီမှာ ရေများများသောက်ပေးဖို့က လုံးဝအရေးကြီးပါတယ်။


    နေလောင်ခြင်း

    နွေရာသီမှာ နေကလာတဲ့ ခရမ်းလွန်ရောင်ခြည်တွေ အရမ်းပျင်းတာမလို့ နေရောင်ထဲမထွက်ရင်တောင် အသားတွေ နာပြီးစပ်လာတာမျိုးတွေနဲ့ နေလောင်တာတွေကြောင့် အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း တိုးစေပါတယ်။ ဒါကြောင့်  နေလောင်မခံရအောင် sunscreen ပုံမှန်လိမ်းပေးပြီး အပြင်သွားတဲ့အခါလဲ ထီးနဲ့ ဦးထုပ်တွေ ယူသွားဖို့ မမေ့နဲ့ဦးနော်။


    ခြင်မှကူးစက်သောရောဂါများ

    ခြင်တွေက ပူနွေးစိုစွတ်တဲ့ ပတ်ဝန်းကျင်တွေမှာ ပေါက်ဖွားကြတာဖြစ်လို့ ဒီလိုနွေရာသီမှာ ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးတို့ကိုလည်း သတိထားရတဲ့ အချိန်ပေါ့။


    မြွေဆိုးအန္တရာယ်

    နေအရမ်းပူနေတဲ့အချိန်မှာ မြွေတွေက‌လည်း အရိပ်နဲ့ အစိုဓာတ်ရှာရင်း အိမ်ထဲရောက်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် နွေရာသီက မြွေတွေ မိတ်လိုက်တဲ့ရာသီဖြစ်တာမလို့ အနားကပ်မိတဲ့အခါ ရန်ရှာခံရပြီး အကိုက်ခံရတာမျိုး အဖြစ်တတ်ဆုံး အချိန်ပါ။ ဒါကြောင့် သိပ်အသုံးမပြုတဲ့ တံခါးပေါက်တွေကို ပိတ်ထားတာ၊ မြက်ခင်း‌တွေရှည်လာတိုင်း ရိတ်ပေးတာနဲ့ အိမ်မှာရှိတဲ့ ပိုက်တွေ၊ တိုင်ကီတွေက ရေစိမ့်နေတာမျိုးမဖြစ်ရအောင် ဂရုစိုက်ရင်း မြွေအန္တရာယ်ကို သတိထားပေးပါနော်။


    ခွေးရူးအန္တရာယ်

    ခွေးတွေကလည်း လူလိုပဲ နေအပူရှိန်ကို မခံနိုင်တာကြောင့် အရမ်းပူတဲ့အခါမှာ ရန်လိုတတ်ကြပါတယ်။ ဒီကြားထဲ နွေရာသီမှာ အစာနဲ့ ရေလဲရှားပါးတော့ ရန်လိုစိတ်တွေများပြီး လမ်းမှာတွေ့တဲ့ လူတွေကို လိုက်ကိုက်တတ်ကြပါတယ်။ အထူးသဖြင့် လမ်း‌ဘေးခွေးတွေမှာ rabies လို့‌ခေါ်တဲ့ ခွေးရူးပြန်ရောဂါဖြစ်စေတဲ့ ရောဂါပိုးတွေ ရှိနေတတ်တာမလို့ အကိုက်ခံရပြီဆိုရင် ချက်ချင်းဆေးကုသမှု ခံယူရပါမယ်။ ဒါ့အပြင် ဒီလိုရန်လိုတာဟာ လမ်းဘေးခွေးတွေတင်မဟုတ်ဘဲ အိမ်မွေးခွေးတွေမှာလဲ အရမ်းပူနေတဲ့အချိန်တွေမှာ ဖြစ်တတ်တာမလို့ မရင်းနှီးတဲ့ ခွေးတွေနဲ့ ထိတွေ့ခြင်းကို ရှောင်ကြဉ်ဖို့နဲ့ ကိုယ်ပိုင်အိမ်မွေးခွေးတွေကိုလည်း အမြဲတမ်း ကာကွယ်ဆေးထိုးပေးနေဖို့ အရေးကြီးပါတယ်။


    ဝမ်းပျက်ဝမ်းလျှော

    ပူပြင်းတဲ့ရာသီဥတုက အစားအသောက်ထဲမှာ ဘက်တီးရီးယားတွေ မြန်မြန်ပွားစေတာမလို့ အစာအဆိပ်သင့်တာနဲ့ ဝမ်းပျက်ဝမ်းလျှောလဲ ခဏခဏဖြစ်တတ်ပါတယ်။ ဒီလို အစားအသောက်ကြောင့်ဖြစ်တဲ့ ရောဂါတွေကနေ ကာကွယ်ဖို့ အစားအစာ မကိုင်တွယ်ခင် လက်ကို သေချာဆေးကြော‌ပေးတာ၊ အသားတွေကို သေချာကျက်အောင် ချက်ပြုတ်တာနဲ့ ပုပ်သိုးလွယ်တဲ့ အစာတွေကို ရေခဲသေတ္တာထဲ ချက်ချင်းသိမ်းတာမျိုးတွေ လုပ်ပေးဖို့ ဂရုစိုက်ပေးပါနော်။


    ခုနောက်ပိုင်းနွေရာသီတွေကပိုပူလာတဲ့အပြင် အားအင်တွေလည်း ကုန်လွယ်တာကြောင့် သာမန်ထက် ကျန်းမာရေးကို ပိုဂရုစိုက်သင့်ပြီး တစ်ခုခု နေမကောင်းခံစားနေရတယ်ဆိုရင်လည်း ဆရာဝန်နဲ့ ချက်ချင်းပြဖို့ မတွန့်ဆုတ်လိုက်ပါနဲ့နော်…

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/gpကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


    in General Health
    Share this post
    Tags
    Archive

    Read Next
    တနေ့ကို ကော်ဖီ ၃ ခွက်နဲ့ အထက် သောက်မိနေပြီဆိုရင်
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce