Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Digestive Tract Care
  • အူအတက်ရောင်ခြင်း
  • အူအတက်ရောင်ခြင်း

    September 5, 2024 by
    Hsu Pyae Sone
    အူအတက်ရောင်ခြင်း


    အူအတက်ရောင်တယ်ဆိုတာက ကျွန်မတို့ ဝမ်းဗိုက်ရဲ့ ညာဖက်အောက်နားအခြမ်းနေရာ၊အူမကြီးရဲ့ဘေးအစွန်းလေး တနေရာမှာ ရှိတဲ့ လက်သန်းအရွယ်လောက်ပဲရှိတဲ့ တဖက်ပိတ်ပြွန်ချောင်းလေး ရောင်ရမ်းတာကိုပြောခြင်း ဖြစ်ပြီး အသက် ၁၀ နှစ်ကနေ ၃၀ အတွင်းမှာ အဖြစ်များပါတယ်။

    အူအတက်ရောင်လာပြီဆိုရင် အရင်ဆုံးဝမ်းဗိုက်ရဲ့ ညာဘက်အောက်နားမှာနာလာတတ်ကြပါတယ်။တချို့လူတွေက ချက်တိုင်နဲ့ အစာအိမ်နားမှာ နာတတ်ကြပြီး တချို့ကတော့ ဝမ်းဗိုက်ဘယ်ဖက်ခြမ်းတစ်ဝိုက်ကနေစနာပြီးမှ ဗိုက်ညာဖက်အောက်ခြမ်းကို ရွေ့သွားလေ့ရှိပါတယ်။ အူအတက်ရောင်တာ ပြင်းထန်လာတာနဲ့အမျှ နာကျင်မှုက ပိုဆိုးလာလေလေပါပဲ။ 

    အူအတက်ရောင်သူတစ်ယောက်ဟာ ဗိုက်နာတဲ့အရှိန်နဲ့ အဖျားတက်တတ်ပါတယ်။ဘာစားစားမဝင်ဘဲ ရေကအစ ပြန်အန်ထွက်လေ့ရှိပါတယ်။ဒါပေမယ့် အူအတက်ယောင်သူတိုင်း နာ၊ဖျား၊အန်ဆိုတဲ့ လက္ခဏာ ၃ ခုလုံး အမြဲမရှိနိုင်ပါဘူး။တချို့လူတွေမှာတော့ ညာဖက်ဗိုက်အောက်ဖက်ခြမ်းက နာတာတခုတည်းနဲ့လည်း အူအတက်ရောင်တာကို သိရှိနိုင်ပါတယ်။ဒါတွေတင်မကသေးဘဲ ဝမ်းချုပ်/ဝမ်းလျှောခြင်း၊လေအောင့်ခြင်း၊လေမလည်နိုင်ခြင်း၊အစာမကြေ ရင်ပြည့်သလို ခံစားရခြင်းတို့ပါ တွေ့ကြုံရတတ်ပါတယ်။လှုပ်ရှားမှုပြုလုပ်ရင်၊ချောင်းဆိုးနှာချေရင်နဲ့ အစာစားတဲ့အခါမျိုးမှာ မချိမဆန့် ပိုနာတာမျိုး ခံစားရတတ်ပါတယ်။

    အူအတက်ကိုထဲကို အစာ သို့မဟုတ် မစင်တွေ မတော်တဆဝင်ပြီး ပိတ်မိသွားတဲ့အခါ ပြန်ထွက်စရာ လမ်းကြောင်း နောက်တဖက်အပွင့်မရှိတာကြောင့် ပိတ်မိပြီး ရောင်စေတတ်ပါတယ်။ဝမ်းဗိုက်ကလီစာတနေရာရာရာမှာ ပိုးဝင်နေရင်လည်း အူအတက်ရောင်တတ်ပါသေးတယ်။ပိုးဝင်တဲ့အခါ ဘက်တီးရီးယား လို့ ခေါ်တဲ့ ပိုးဆိပ်တွေဟာ လျင်မြန်စွာပျံ့ပွါးလာကြပြီး အူအတက်ကို အဆမတန်ရောင်ရမ်းလာစေပါတယ်။အချိန်ကြာလာရင်တော့ အူအတက်မှာ ပြည်တွေနဲ့ပြည့်လာပြီး ပေါက်ထွက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

    အူအတက်ပေါက်တဲ့အခါမှာတော့ ဗိုက်က တင်းလာပြီး အထိမခံနိုင်လောက်အောင်နာလာတတ်ပါတယ်။ပိုးသတ်ဆေးဘယ်လောက်သောက်သောက် အဖျားမကျတော့ဘဲ ရက်ရှည်ဖျားနေတတ်ပါသေးတယ်။ဒါ့အပြင်အူအတက်အတွင်းထဲမှာရှိတဲ့ပြည်တွေနဲ့ ပိုးဆိပ်တွေက ဗိုက်တခုလုံးပျံနှံ့သွားတဲ့အတွက် လူနာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။အူအတက်ပေါက်တာကို အသိမြန်လို့ ခွဲစိတ်ကုသမှုပြုလုပ်လိုက်ရင်တောင် ဝမ်းဗိုက်တွင်းမှာရှိတဲ့ တခြားကလီစာတွေကိုပါ မကောင်းတဲ့အရည်တွေ ပြည်တွေ စင်သွားခဲ့တဲ့အတွက်ကြောင့် ခွဲစိတ်မှုအဆုံးသတ်မှာ ဗိုက်ဘေးနားက ဖောက်ပြီး ပိုက်တစ်ချောင်းအပြင်ကို ထုတ်ခဲ့ရပါတယ်။ဒါမှသာ ဝမ်းဗိုက်တွင်းမကောင်းတဲ့အရည်တွေ အကုန်အစင်ပြောင်သွားမှာ ဖြစ်ပြီး ဗိုက်တင်းတာလည်း လျော့၊အဖျားလည်း ကျမှာဖြစ်ပါတယ်။ဗိုက်ထဲကအရည်တွေ ထွက်တာ မရှိသလောက်နည်းသွားပြီဆိုရင်တော့ အဲဒီပိုက်လေး ကို ဖြုတ်ပေးပြီး ဆေးရုံဆင်းလို့ရပါပြီ။

    ဒါကြောင့်မို့ မိမိကိုယ်ကို အူအတက်ယောင်တယ်လို့သံသယရှိရင် ဆရာဝန်နဲ့သွားရောက်တိုင်ပင်ဆွေးနွေးပြီး တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ဖို့ လိုအပ်ပါတယ်။အူအတက်ရောင်တာ သေချာရင်တော့ အချိန်မဆွဲဘဲ ခွဲစိတ်ကုသမှု ခံယူသင့်ပါတယ်။သောက်ဆေး၊ထိုးဆေးနဲ့က ခဏတော့ သက်သာပေမယ့် တကြိမ်ရောင်ထားပြီးသားက အူအတက်က အကြိမ်ကြိမ်ရောင်နိုင်တဲ့အတွက် ဖြတ်ထုတ်လိုက်တာ ပိုပြီးစိတ်ချရပါတယ်ရှင်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။



    #My-Medicine #Appendicitis

    #Teleconsultation #Surgeon

    #abdominalpain #vomiting

    #fever #အူအတက်ရောင်



    in Digestive Tract Care
    Share this post
    Tags
    Archive

    Read Next
    အူကျန်းမာရေးက ထင်ထားတာထက် အရမ်းအရေးပါတယ်နော်
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce