Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Diabetes
  • ဆီးချို/ရှောင်မရတဲ့ မိဘအမွေလား
  • ဆီးချို/ရှောင်မရတဲ့ မိဘအမွေလား

    September 10, 2024 by
    Hsu Pyae Sone

    ဆီးချို/ရှောင်မရတဲ့ မိဘအမွေလား


    မျိုးရိုးရှိတဲ့ သူတိုင်း က ဆီးချိုဖြစ်နိုင်ပေမယ့် ဆီးချိုရှိတဲ့သူတိုင်း က တော့ မျိုးရိုးလိုက်တာ မဟုတ်ပါဘူး။ဆီးချိုရောဂါမှာဆိုရင် အမျိုးအစား(၁) ဆီးချိုနဲ့ အမျိုးအစား(၂) ဆီးချိုဆိုပြီး ယေဘူယျအားဖြင့် ခွဲလို့ရပါတယ်။အမျိုးအစား(၁) ဆီးချိုကတော့ မျိုးရိုးလိုက်လို့ ဖြစ်တဲ့ရောဂါ ဖြစ်ပါတယ်။

    မိသားစုမျိုးရိုးထဲမှာ ဆီးချိုရောဂါရှိတဲ့သူတွေဟာ  မျိုးရိုးမရှိတဲ့သူတွေထက်စာရင် ၂ ဆ ကနေ ၆ ဆ ဆီးချိုဖြစ်နိုင်ချေပိုများပါတယ်။ဒါကိုမှ အမျိုးအစား(၁)ဆီးချိုအနေနဲ့ လေ့လာကြည့်ရမယ်ဆိုရင် ဖခင်ဖြစ်သူမှာ ဆီးချိုရှိတယ်ဆိုရင် မွေးလာတဲ့ကလေးလေးမှာ ဆီးချိုဖြစ်နိုင်ချေ ၆ % ရှိပါတယ်။အမေ က အသက် ၂၅ နှစ်အောက်အရွယ်ထဲက ဆီးချိုရှိရင်တော့ ကလေးဆီမှာ ၄ %ဖြစ်ဖို့ chance ရှိပြီး ၂၅ နှစ်အထက်မှ ဆီးချိုရှိတဲ့ မိခင်ဆိုရင်တော့ ၁% ပဲကလေးဆီမှာ ဆီးချိုဖြစ်နိုင်ပါတယ်။မိခင်ရော ဖခင်ပါဆီးချိုရှိတယ်ဆိုရင်တော့ မွေးလာတဲ့ကလေးမှာ ဆီးချိုဖြစ်နိုင်ချေ ၂၅ % အထိဖြစ်နိုင်ချေများပါတယ်။

    အမျိုးအစား(၂) ဆီးချိုအနေနဲ့ ကြည့်ကြည့်မယ်ဆိုရင်တော့ အဖေ့ဆီမှာ ဆီးချိုရောဂါရှိပါက ကလေးဆီမှာ ဖြစ်ဖို့ ၃၀% အလားအလာရှိပါတယ်။အမေ့ဆီမှာသာ ရောဂါရှိနေရင် ဒီထက်ရာခိုင်နှုန်းပိုများမှာ ဖြစ်ပါတယ်။တကယ်လို့ အဖေရော အမေရော ဆီးချိုရောဂါရှိနေမယ်ဆိုရင်တော့ ကလေးဆီမှာ ဆီးချိုရောဂါအမွေရဖို့ ၇၀% ထိ တက်လာမှာ ဖြစ်ပါတယ်။ဒါတွေဟာ မျိုးရိုးကြောင့်ဖြစ်တတ်တဲ့ ဆီးချိုရောဂါနဲ့ ကလေးတွေဆီမှာ ရောဂါဖြစ်နိုင်ချေဘယ်လောက်များနိုင်မလဲကို နှိုင်းယှဉ်ပြထားတာပဲဖြစ်ပါတယ်။

    အဝလွန်ခြင်း၊သွေးတိုးရောဂါရှိခြင်း၊အဆီအဆိမ့်များသောအစားအသောက်များကို စားသောက်ခြင်း၊အရက်နှင့်ဆေးလိပ်များကို သောက်သုံးခြင်းတွေကလည်း မျိုးရိုးမရှိဘဲ ဆီးချိုရောဂါဖြစ်စေတတ်ပါတယ်။ဆီးချိုရောဂါ က မိဘအမွေတခုဖြစ်ပေမယ့် မျိုးရိုးမလိုက်အောင် အစားအသောက်ကအစဆင်ခြင်ကာကွယ်နေထိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ ဆီးချိုဖြစ်နိုင်ချေရာခိုင်နှုန်းကနည်းသွားမှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/diabete ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



    in Diabetes
    Share this post
    Tags
    Archive

    Read Next
    ဆီးချိုနဲ့ နှလုံးကျန်းမာရေး
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce