Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Communicable Diseases
  • သတိပြုစရာငှက်ဖျားအန္တရာယ်
  • သတိပြုစရာငှက်ဖျားအန္တရာယ်

    October 23, 2024 by
    Hsu Pyae Sone
    ✴️သတိပြုစရာ ငှက်ဖျားအန္တရာယ်✴️


    ခြင်အရမ်းပေါတဲ့ အခုလိုရာသီဥတုတွေမှာ သွေးလွန်တုပ်ကွေးအပြင် အခြား အသက်အန္တရာယ်စိုးရိမ်စရာ ထပ်တိုးလာတာက ငှက်ဖျားရောဂါပါ။

    ခြင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ ငှက်ဖျားရောဂါဟာ မိုးတွင်းကာလ အတွင်းမှာ ကူးစက်မှုအများဆုံးဖြစ်ပြီး ကိုယ်၀န်ဆောင်မိခင်များနဲ့ ကလေးငယ်များမှာ ရောဂါခံစားရနိုင်ချေ ပိုပြင်းထန်တတ်ပါတယ်‼️

    ငှက်ဖျားကူးစက်မိကြောင်း သိနိုင်တဲ့ လက္ခဏာများကတော့ -

    ▪️ချမ်းတုန်ခြင်း

    ▪️အဖျားတက်ခြင်း

    ▪️ပင်ပန်းနွမ်းနယ်ခြင်

    ▪️ချွေးစေးပြန်ခြင်း

    ▪️အစားအသောက်ပျက်ခြင်း

    ▪️ခေါင်းကိုက်ခြင်း

    ▪️အော့အန်ခြင်း

    ငှက်ဖျားရောဂါဟာ ကူးစက်ပြီးရင် ချက်ချင်းလက္ခဏာမပြတတ်ဘဲ 10-15ရက်လောက် ကြာမှသာ သိရတတ်တာကြောင့် အချိန်မီမကုသနိုင်ရင် အသက်ဆုံးရှုံးနိုင်ချေ အရမ်းများပါတယ်။


    ဒါကြောင့် ငှက်ဖျားမကူးစက်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပါ။

    • ခြင်ကိုက်မခံရအောင်နေပါ
    • ညအိပ်တိုင်း ခြင်ထောင်သုံးပေးပါ
    • ခြင်ဆေးအမြဲသုံးပေးဖို့ မမေ့ပါနဲ့
    • ပေါ့ပါးတဲ့ ချည်သား လက်ရှည်၊ ဘောင်းဘီရှည်တို့ ၀တ်ဆင်ပေးပါ

    နောက်ဆုံးအချက်အနေနဲ့ အကြံပြုလိုတာကတော့… ခြင်ပေါက်ဖွားမှုတွေနည်းစေဖို့ အနီးနားပတ်ဝန်းကျင်က ရေဝပ်နေနိုင်တဲ့ နေရာတွေကို သေချာဖုံးအုပ်ပေးတာနဲ့ သန့်ရှင်းရေးလုပ်ပေးပြီးတော့လည်း ငှက်ဖျားကူးစက်မှုကို အသိအသာ လျှော့ချပေးနိုင်မှာပါနော်။



    in Communicable Diseases
    Share this post
    Tags
    Archive

    Read Next
    အနမ်းတပွင့်ကနေ HIV ကူးစက်နိုင်လား?
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce