Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Communicable Diseases
  • Noro Virus
  • Noro Virus

    December 29, 2024 by
    Hsu Pyae Sone

    ဆောင်းရာသီရဲ့ အန်တတ်တဲ့အကောင်ငယ်လေး ❄️🦠

    အိမ်နီးချင်းတရုတ်နိုင်ငံမှာ  အစာအိမ်ရောဂါလက္ခဏာတွေကို အဓိကဖြစ်စေတဲ့ ရောဂါဆန်းတခုပျံ့နှံ့နေပြီဆိုတဲ့ သတင်းဟာ ဒီရက်ပိုင်းပျံ့နှံ့လို့နေပါတယ်။ဒီရောဂါပိုးကူးစက်ခံရတဲ့သူဟာ ဝမ်းအလွန်အမင်းလျှောပြီး အဆက်မပြတ်အန်တတ်သလို ကာကွယ်နိုင်တဲ့ဆေးလည်း မပေါ်သေးဘူးဆိုတော့ ကျွန်မတို့တွေရဲ့ ဘဝမှာ ၃ နှစ်တာကြောက်ခဲ့ရတဲ့ ကိုဗစ်အိမ်မက်ဆိုးကိုတောင် ပြန်သတိရမိစေပါတယ်။

    နိုရိုဗိုင်းရပ်စ်ဟာ အစာအိမ်နဲ့အူလမ်းကြောင်းကို တိုက်ခိုက်တဲ့ရောဂါပိုးတမျိုးဖြစ်ပြီး မသန့်ရှင်းတဲ့ကြမ်းခင်းတွေ၊ဗွက်ထနေတဲ့ရေတွေအပြင်အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာမှာ မသန့်ရှင်းရာကနေတဆင့်အများဆုံးကူးစက်တတ်ပါတယ်။အစားအသောက်တွေကိုကြားခံထားပြီး ကူးစက်နိုင်တဲ့ရောဂါမို့လို့ မူးဝေအော့အန်ခြင်း၊ဝမ်းလျှောခြင်း၊ဝမ်းဗိုက်အောင့်ခြင်း လက္ခဏာတွေကို အများဆုံးတွေ့ကြုံခံစားရနိုင်ပါတယ်။ပြင်းထန်လာရင်တော့ တကိုယ်လုံးနာကျင်ကိုက်ခဲပြီး အပူချိန်တက်တဲ့အထိဖြစ်နိုင်ပါတယ်။ဒီလက္ခဏာတွေကတော့ ရောဂါပိုးကူးစက်ခံရပြီး ၁၂ နာရီအတွင်းပေါ်လာတတ်ပါတယ်။

    နိုရိုဗိုင်းရပ်စ်ဆေးပညာရှင်တွေ ချစ်စရာနာမည်ပြောင်ပေးထားတာကတော့ "ဆောင်းရာသီရဲ့ အန်တတ်တဲ့အကောင်ငယ်လေး “ဆိုပြီးပဲဖြစ်ပါတယ်။ပုံမှန်ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မိုးရာသီမှာပဲဖြစ်တတ်ကြပါတယ်။ဒီရောဂါပိုးကတော့ ဆောင်းတွင်းမှာအဖြစ်များတဲ့အပြင် အရမ်းကူးစက်မြန်တဲ့အတွက် ရောဂါဖြစ်သူရဲ့ အစားအသောက်နဲ့ရေကို အတူသောက်သုံးမိရာကနေလည်း တခြားလူတစ်ယောက်ဟာ ကူးစက်သွားနိုင်ပါသေးတယ်။ဒါ့အပြင်ရောဂါဖြစ်သူကမစင်နဲ့ အန်ဖတ်ကို သေချာမစွန့်ပစ်မိပါကယင်ကောင်နဲ့ တခြားအင်းဆက်တွေ နားရာကနေတဆင့်လည်း ရေနဲ့အစားအစာတွေဆီကို ရောဂါပျံ့နှံ့နှုန်းကပိုမြန်နိုင်ပါသေးတယ်။

    နိုရိုဗိုင်းရပ်စ် ရှင်သန်နေသော ရေနဲ့အစားအစာတွေ၊သစ်သီးဝလံတွေကို ဆေးမိရင်တောင် ကူးစက်နိုင်သလို ရောဂါရှိတဲ့သူက လက်ဗလာနဲ့ ကိုင်ထားတဲ့ အရာဝတ္ထု၊မျက်နှာပြင်ဟင်းသီးဟင်းရွက်၊အစားအစာနဲ့ ရေတွေမှာလည်း ရောဂါပိုးကရောက်ရှိသွားနိုင်ပါသေးတယ်။သောက်သုံးရေလှောင်ထားတဲ့ ဆည်၊ကန်၊အင်း၊အိုင်နဲ့ ချောင်းနားမှာ ရောဂါရှိသူတဦးရှိနေရင်လည်း ရေမှတဆင့်ရောဂါပိုးများ ကူးစက်နိုင်တဲ့အထိ ကူးစက်နှုန်း အရမ်းမြန်တဲ့ရောဂါတခုဖြစ်ပါတယ်။

    တချို့လူတွေမှာ ရောဂါလက္ခဏာမခံစားရဘဲရှိနိုင်သလို တချို့ကတော့ ၄၈ နာရီကြာရင် အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ဒါပေမယ့်နောက်ထပ် ၂ ပတ်လောက်ကြာတဲ့ အထိ မစင်မှာ ပိုးတွေ့ရနိုင်သေးတဲ့အပြင် သေချာမကုသဘူးဆိုရင် ရောဂါပိုးဟာ လပေါင်းများစွာအထိ ကျန်ရှိနေနိုင်ပါတယ်။အဓိကကတော့ ရေဓာတ်နဲ့ ဓာတ်ဆားဖြည့်ပြီး ၂-၃ ရက်လောက်ကောင်းကောင်းအနားယူဖို့လိုပါတယ်။တကယ်လို့ အန်တာ ၂ ရက်ကျော်နေရင်၊ဝမ်းလျှောတာ တပတ်ကျော်နေရင်၊အစိမ်းရောင်/ကော်ဖီရောင်တွေအန်နေရင်၊ဇက်တခုလုံးတောင့်တင်းနေရင်၊အစာအိမ်ကမခံမရပ်နိုင်အောင်ထိုးအောင့်နေရင်တော့ ဆရာဝန်နဲ့ချက်ချင်းသွားပြပြီး အရေးပေါ်ဆေးကုသမှုခံယူသင့်ကြောင်း အသိပေးပါရစေနော်……


    in Communicable Diseases
    Share this post
    Tags
    Archive

    Read Next
    သတိပြုစရာ ငှက်ဖျားအန္တရာယ်
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce