Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Communicable Diseases
  • HIV ဆိုတာနဲ့ ကြောက်ဖို့ကောင်းတယ်လို့တွေးထားကြတုန်းလား
  • HIV ဆိုတာနဲ့ ကြောက်ဖို့ကောင်းတယ်လို့တွေးထားကြတုန်းလား

    March 3, 2025 by
    Hsu Pyae Sone

    တခေတ်တခါ က HIV/AIDS လို့ ကြားရင် ကြောက်လန့်ခဲ့ကြဖူးပါတယ်။ရောဂါဖြစ်တဲ့သူတွေကိုဆိုရင် လိင်မှုကိစ္စလိုက်စားလို့ ဖြစ်တယ်ဆိုပြီး အပြစ်သားလို လူမှုဝန်းကျင် က ဖယ်ခွါထားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ယနေ့ခေတ်မှာရော ကြောက်စရာကောင်းတယ်လို့ ထင်နေကြတုန်းပဲလား??

    အရင်ဦးဆုံး HIV နဲ့ AIDS အကြောင်းကို ခွဲခြားပြောချင်ပါတယ်။HIV ကတော့ ခုခံအားကျဆင်းမှုပိုးဖြစ်ပြီး AIDS က ခုခံအားကျဆင်းမှုကူးစက်ရောဂါဖြစ်ပါတယ်။HIV ပိုးရှိတဲ့သူတိုင်း AIDS ရောဂါမဖြစ်ပါဘူး။အများသိကြတဲ့အတိုင်း HIV ဆိုတာ လိင်ဆက်ဆံရာကနေတဆင့်ကူးစက်သလို သွေးသွင်းခြင်း၊ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း၊မုတ်ဆိတ်ရိတ်ဓားနဲ့ မျက်ခုံးမွှေးတက်တူးထိုးခြင်း အစရှိသဖြင့် မမျှော်လင့်ထားတဲ့နေရာတွေကနေ သွေးကနေတဆင့်ကူးစက်နိုင်ပါတယ်။

    HIV ရောဂါပိုးရှိသူဟာ တသက်လုံးပျောက်ကင်းအောင် မကုသပေးနိုင်ပါဘူး။ဒါပေမယ့် ပိုးထိန်းဆေး ART ပုံမှန်သောက်ရင်တော့ ပိုးကောင်ရေလို့ခေါ်တဲ့ viral load ကို နည်းအောင်လုပ်နိုင်ပြီး လူကောင်းပကတိအတိုင်း အသက်ရှည်ရှည်ကျန်းကျန်းမာမာ သက်တမ်းစေ့ နေထိုင်လို့ရပါတယ်။HIV ပိုးရှိသူဟာ ဆရာဝန်ရဲ့ လမ်းညွှန်မှုနဲ့အညီ အိမ်ထောင်ပြုလို့လည်းရသလို ကလေးမွေးလို့လည်းရပါတယ်။ပုံမှန်လူတွေလို သွားလာလှုပ်ရှားနေထိုင်စားသောက်လို့လည်းရပါတယ်။ချွေးမှတဆင့်ကူးစက်တဲ့ရောဂါမဟုတ်လို့ ပန်းကန်တခုထဲတူတူစားရုံ၊တအိပ်ရာထဲ တူတူအိပ်ရုံနဲ့ မကူးစက်နိုင်ပါဘူး။

    မိမိအိမ်ထောင်ဖက်၊မိမိ ချစ်သူမှာ HIV ပိုးရှိရင်ကိုယ့်ဆီကို မကူးစက်အောင် PrEP နဲ့ PEP ဆေးတွေကို တတ်ကျွမ်းတဲ့ဆရာဝန်ရဲ့အကူအညီနဲ့အတူ ရက်အတိအကျသောက်ရပါတယ်။နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပြီး လိင်ဆက်ဆံမှုမရှိခင် ၇ ရက်လောက်ကြိုသောက်ရပါတယ်။နေ့တိုင်း PrEP ဆေးကို မှန်မှန်သောက်ပေးမယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ တဆင့် HIV ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းလောက်လျှော့ချပေးနိုင်ပါတယ်။ဒါပေမယ့် ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးသောက်နေစဉ်မှာလည်း ကွန်ဒုံးအသုံးပြုပေးနိုင်တာ စိတ်အချရဆုံးဖြစ်ပါတယ်။

    ဒီလိုပဲ HIV ပိုးရှိသူ က ကိုယ်ဝန်ဆောင်ချင်တယ်ဆိုရင် သောက်ရမယ့်ဆေးနဲ့ မွေးပုံမွေးနည်းတွေက အစ စနစ်တကျ နားထောင်ပြီးနို့တိုက်ကျွေးမှုကအစ အသေးစိတ်လိုက်နာဖို့လိုပါတယိ။ဒါကြောင့်မို့ HIV က ကြောက်စရာမဟုတ်ပါဘူး။စနစ်တကျဆေးသောက်ရင် ရောဂါမရှိသူတွေထက်တောင် ပိုကျန်းမာနိုင်ပါသေးတယ်။HIV ဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ရောဂါရှိသူတွေကို အမြင်မှားနဲ့ ဆက်ဆံတာ၊ခွဲခြားတာမျိုးလည်း မလုပ်သင့်ပါဘူး။လူတွေထဲက လူမို့ တန်းတူတန်ဖိုးထားလေးစားဆက်ဆံသင့်ပါတယ်လို့ အကြံပြုလိုက်ရပါတယ်။


    in Communicable Diseases
    Share this post
    Tags
    Archive

    Read Next
    ဆိုင်မှာခြေသည်းလက်သည်းလုပ်ရင်း HIVပိုး ကူးစက်နိုင်လား
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce