Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Cardiology
  • နှလုံးအားနည်းသူတွေ ကိုယ်ဝန်ဆောင်လို့ရလား
  • နှလုံးအားနည်းသူတွေ ကိုယ်ဝန်ဆောင်လို့ရလား

    March 3, 2025 by
    Hsu Pyae Sone

    မိခင်တစ်ယောက်ဖြစ်ဖို့ ရွေးချယ်လိုက်ခြင်းဟာ ရှည်လျားပြီး အချိုးအကွေ့များတဲ့ ခရီးတခုကို စိန်ခေါ်လိုက်ရသလိုပါပဲ။ပထမဆုံးအနေနဲ့ ရင်သွေးလေးကို ဗိုက်ထဲထည့်လွယ်ထားရတဲ့ ၉ လတာကာလဟာ သေမင်းနဲ့အပြိုင်စစ်ခင်းရတဲ့အခြေအနေလို့ တင်စားရလောက်တဲ့အထိ အစစအရာရာ ပင်ပန်းလွန်းပါတယ်။သာမန်အမျိုးသမီးတွေအတွက်တောင် ခက်ခဲတဲ့ ဒီကာလရှည်ကြီးကို နဂိုထဲက နှလုံးအားနည်းသူအမျိုးသမီးဆိုရင်ရော အဆင်ပြေနိုင်ပါ့မလား။

    နှလုံးအားနည်းခြင်းဆိုသည်မှာ နှလုံးရောဂါမဟုတ်ပါဘူး။ဒါပေမယ့် အမျိုးသမီးအများစု က စိုးရိမ်စိတ်များပြီး စားမဝင်အိပ်မပျော်ဖြစ်တဲ့အခါ သူတို့ကိုယ်သူတို့ နှလုံးအားနည်းနေတယ်လို့ ယူဆကြပါတယ်။နှလုံးအားနည်းခြင်းလို့ခေါ်တဲ့ Cardi asthenia ကတော့ အမျိုးသားရော အမျိုးသမီးရော အသက်အရွယ်မရွေးဖြစ်ပွါးနိုင်ပါတယ်။အတွေ့ရများတဲ့ လက္ခဏာတွေကတော့ နှလုံးခုန်မြန်ရင်တုန်လွယ်ခြင်း၊မောပန်းလွယ်ခြငိး၊အသက်ရှူမဝခြင်း၊ရင်ဘတ်အောင့်ခြင်းနဲ့ ရုတ်တရက်နောက်ကျောဖက်ကချွေးပြန်လာခြင်းတို့ပဲဖြစ်ပါတယ်။

    ဒါပေမယ့် နှလုံးရောဂါလားဆိုပြီး ဆေးစစ်ရင်တော့ နှလုံးရောဂါတွေရဲ့ပုံစံမျိုးမတွေ့ရပါဘူး။အဖြစ်များရတဲ့အကြောင်းရင်းတွေက စိတ်ဖိစီးမှုများခြင်း၊ဆေးလိပ်နဲ့အရက်အလွန်အကျွံသောက်ခြင်း၊နာတာရှည်စိတ်ကျရောဂါရှိခြင်းနဲ့ အလွန်အမင်းစိုးရိမ်တတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။တခါတလေ ညဖက်အိပ်ပျော်နေရင်းနဲ့ပဲဖြစ်ဖြစ်၊အဝတ်အစားကျပ်ကျပ်ဝတ်မိရင်ပဲဖြစ်ဖြစ် ဒီလိုလက္ခဏာတွေရုတ်တရက်ဖြစ်ပေါ်လာတတ်ပါတယ်။

    နှလုံးအားနည်းတဲ့သူကိုယ်ဝန်ဆောင်တဲ့အခါမှာ နှလုံးရောဂါဖြစ်မှာထက် စိတ်နဲ့ဆိုင်တဲ့အခြေအနေတွေကို အထူးသတိထားဖို့လိုအပ်ပါတယ်။ကိုယ်ဝန်လနုတုန်း ပျို့အန်တာကအစပြုပြီးကိုယ်ဝန်လရင့်လာတာနဲ့အမျှ နေရထိုင်ရခက်တာမျိုးတွေအထိပါရှိနိုင်ပါတယ်။ကလေးမွေးပြီးရင်လည်း ကာလကြာရှည် အိပ်ရေးပျက်ခြင်းနဲ့အတူပင်ပန်းမှုတွေက မရေမတွက်နိုင်အောင်ပါပဲ။ကျန်းမာတဲ့အမျိုးသမီးတောင် အခန့်မသင့်ရင် ကလေးမွေးဖွားပြီးတဲ့အခါ စိတ်ကျရောဂါခံစားရတတ်တဲ့အတွက်ကြောင့် နှလုံးအားနည်းသူကိုယ်ဝန်ဆောင်အနေနဲ့ ဒီအချက်တွေကို ဂရုပြုပြီး ကိုယ်ဝန်မဆောင်ခင်ထဲက လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ တရားထိုင်ခြင်းများကို mindfulness အနေနဲ့ ကျင့်သားရအောင် ကြိုတင်ပြုလုပ်ထားသင့်ပါတယ်။

    ကိုယ်ဝန်ဆောင်စဉ်ကာလမှာ နှလုံးက ပုံမှန်ထက် ၄၀ ရာခိုင်နှုန်းပိုအလုပ်လုပ်ရပြီး စိတ်ဖိစီးမှုကလည်း ၃ ဆလောက်ပိုမိုမြင့်တက်လာတတ်ပါတယ်။တကယ်လို့ နှလုံးအားနည်းတာအပြင် ကိုယ်တိုင် က နှလုံးသွေးကြောကျဉ်းရောဂါအခံရှိနေရင်၊သွေးတိုးရောဂါရှိနေရင်တော့ ကိုယ်ဝန်ဆိပ်တက်တဲ့ပြဿနာလိုမျိုးတွေပါ ဖြစ်နိုင်လို့ ကလေးမယူခင်ကာလမှာ သားဖွားမီးယပ်ဆရာဝန်နဲ့ရော သမားတော်နဲ့ပါ သေချာတိုင်ပင်ဆွေးနွေးပြီး ကိုယ်ဝန်ဆောင်ကာလ ကို အထူးဂရုတစိုက်နဲ့ ဖြတ်သန်းသွားဖို့ အများကြီး လိုအပ်ပါတယ်ရှင်။

    in Cardiology
    Share this post
    Tags
    Archive

    Read Next
    သင့်နှလုံးလေးကျန်းမာစေချင်
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce