Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Bone and Joint Care
  • လူအများကြားက ဂေါက်
  • လူအများကြားက ဂေါက်

    ဂေါက်ရောဂါဆိုတာ အဆစ်အမြစ်တွေမှာ ယူရစ်အက်ဆစ် (Uric Acid)တွေ စုလာတာကြောင့် ရောင်ရမ်း နာကျင်တာတွေဖြစ်လာခြင်းကို ဆိုလိုပါတယ်။
    February 14, 2023 by
    Dr.Phyo

    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

    အဆစ်အမြစ်ရောင်တဲ့ရောဂါတွေထဲမှာ ဂေါက်ရောဂါဆိုတာ အင်မတန်ဆိုးဝါးတဲ့ရောဂါဖြစ်ပါတယ်။ အသက်အရွယ်ရလာတဲ့သူတိုင်း ဂေါက်ရောဂါနဲ့ စိမ်းမယ်မထင်ပါဘူး။ လှုပ်ရှားမှုတိုင်းမှာ နာကျင်စေတဲ့ဂေါက်ရောဂါနဲ့ ပတ်သတ်ပြီးအသေးစိတ်ကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ရပါတယ်။ 

    ဘာကြောင့်ဂေါက်ရောဂါ ဖြစ်ရတာလဲ ? 

    ဂေါက်ရောဂါဆိုတာ အဆစ်အမြစ်တွေမှာ ယူရစ်အက်ဆစ် (Uric Acid)တွေ စုလာတာကြောင့် ရောင်ရမ်း နာကျင်တာတွေဖြစ်လာခြင်းကို ဆိုလိုပါတယ်။ Uric Acid ဆိုတာက ခန္ဓာကိုယ်မှ သဘာ၀အတိုင်းထုတ်လွှတ်တဲ့အပြင် အနီရောင်အသား၊ ဝမ်းတွင်းသား၊ ပင်လယ်စာ၊ အရက်၊ ဘီယာနဲ့ သကြားဓာတ်များလွန်းတဲ့အအေးတို့ကို အစားများမယ်ဆိုရင်လည်း Uric Acid Level တက်လာနိုင်ပါတယ်။ 

    ပုံမှန်အားဖြင့် Uric Acid ကို ကျောက်ကပ်မှတစ်ဆင့် ဆီးအနေနဲ့ စွန့်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ Uric Acid တွေအရမ်းများလာတာ ဒါမှမဟုတ် ကျောက်ကပ်က Uric Acid စွန့်ထုတ်တာနည်းလွန်းနေတာမျိုးဆိုရင် သွေးထဲမှာ Uric Acid တွေပိုလျှံလာပြီး အဆစ်‌အမြစ်တွေမှာ သွားစုကြခြင်းဖြင့် ဂေါက်ကိုဖြစ်စေပါတယ်။ 

    ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ ?

    Uric Acid တွေ အဆစ်မှာစုပြီး (၃)ရက်မှ (၁၀)ရက်အတွင်း ဂေါက်ထလာနိုင်ပါတယ်။ သွေးထဲမှာ Uric Acid တွေ များနေတာတောင် ဘာလက္ခဏာမှ မပြတဲ့ သူတွေလည်းရှိပါတယ်။ ဂေါက်ရဲ့လက္ခဏာတွေက ရုတ်တရက်ပေါ်လာတတ်ပြီး ညဘက်မှာ အဖြစ်များပါတယ်။ လက္ခဏာတွေကတော့ ထွေထွေထူးထူးမရှိပါဘူး။ အဆစ်တွေ ပြင်းထန်စွာ နာကျင်မယ်၊ ရောင်ရမ်းနေမယ်။ 

    ဘယ်သူတွေအဖြစ်များလဲ ?

    (၁) Uric Acid တက်စေတဲ့ အစားအစာတွေ အစားများတဲ့သူ 

    အနီရောင်အသား၊ ဝမ်းတွင်းသား၊ ပင်လယ်စာ၊ အရက်၊ ဘီယာနဲ့ သကြားဓာတ်များလွန်းတဲ့အအေးတို့ကို အစားများခြင်းက ဂေါက်ရောဂါဖြစ်နိုင်ခြေကို တိုးစေပါတယ်။ 

    (၂) အရမ်း၀တဲ့သူ 

    အ၀လွန်နေမယ်ဆိုရင် ခန္ဓာကိုယ်က Uric Acid ကို သဘာ၀အလျှောက်ပိုထုတ်လွှတ်ပြီး ကျောက်ကပ်ကလည်း Uric Acid ကို စွန့်ထုတ်ဖို့ ခက်ခဲလာနိုင်ပါတယ်။ 

    (၃) တခြားရောဂါတွေရှိနေတဲ့သူ 

    အချို့ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် ကျောက်ကပ်ရောဂါရှိတဲ့သူတွေမှာ ဂေါက်ရောဂါဖြစ်လာနိုင်ပါတယ်။ 

    (၄) ဂေါက်ရောဂါဖြစ်ဖူးတဲ့ မိသားစုဝင်ရှိသူ 

    မိသားစုဝင်တစ်ယောက်ယောက်က ဂေါက်ရောဂါဖြစ်ဖူးရင် ကိုယ့်မှာလည်း ဖြစ်လာနိုင်ပါတယ်။ 

    (၅) မကြာသေးခင်က ခွဲစိတ်မှုလုပ်ထားသူ

    လတ်တလောခွဲစိတ်မှုလုပ်ထားသူ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရထားဖူးတဲ့သူဆိုရင်လည်း ဂေါက်ရောဂါဖြစ်လာနိုင်ပါတယ်။ 

    ဒါ့အပြင် အမျိုးသားတွေက အမျိုးသမီးတွေထက် Uric Acid ပိုထုတ်တဲ့အတွက် ပိုအဖြစ်များပါတယ်။ အမျိုးသမီးတွေမှာတော့ သွေးဆုံးပြီးမှ ဖြစ်တာများပါတယ်။ 

    ဂေါက်ရောဂါရဲ့နောက်ဆက်တွဲ ပြဿနာများ

    (၁) ရောဂါပြန်ဖြစ်တာ 

    တစ်ခါဖြစ်ပြီးတာနဲ့ ထပ်မဖြစ်တော့တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ခဏခဏရောဂါပြန်ကြွတဲ့သူတွေက များပါတယ်။ ဒါကြောင့် ဆေးပုံမှန်သောက်ပြီး ရောဂါထိန်းဖို့လိုပါတယ်။ မကုသဘဲထားမယ်ဆိုရင်တော့ ကြာလာရင် အဆစ်တွေပျက်စီးသွားနိုင်ပါတယ်။ 

    (၂) ရောဂါရင့်လာတာ 

    ဂေါက်ကိုသေချာကုသမှုမခံယူဘူးဆိုရင် အရေပြားအောက်မှာ Uric Acid တွေစုပုံလာပြီး Tophi လို့ခေါ်တဲ့ အကြိတ်အဖုလေးတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့အကြိတ်လေးတွေက ဒီတိုင်းဆိုမနာပေမယ့် ဂေါက်ရောဂါကြွလာရင် ရောင်ရမ်းပြီး နာလာတတ်ပါတယ်။ 

    (၃) ကျောက်ကပ်မှာ ကျောက်တည်တာ 

    Urate crystals တွေက ဆီးလမ်းကြောင်းမှာ စုပုံလာနိုင်ပြီး ကျောက်ကပ်မှာ ကျောက်တည်လာနိုင်ပါတယ်။ 


    in Bone and Joint Care
    Share this post
    Tags
    Archive

    Read Next
    ဇာတ်ကြောခဏခဏတက်သူတို့အတွက်
    ခဏခဏ ဇာတ်​ကြောတက်​ဝေဒနာကို ခံစားရလာပြီဆိုရင်​တော့ နာတာရှည်​ရောဂါတစ်ခုအဖြစ် ​ပြောင်းသွားတတ်တာမို့ မ​ပေါ့ဆသင့်ပါဘူး။
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce