Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Bone and Joint Care
  • မပေါ့ဆသင့်တဲ့ ဒူးချောင်ခြင်း
  • မပေါ့ဆသင့်တဲ့ ဒူးချောင်ခြင်း

    ဒူးချောင်ခြင်းက အသက်အရွယ် ကြောင့်လား၊ ဘယ်လိုအရာတွေက ဒူးချောင်ခြင်းကို ဖြစ်စေပါသလဲ
    January 5, 2023 by

    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ...

    ဒူးခေါင်းဆိုတာ သင့်ခန္ခာကိုယ်မှာ အကြီးဆုံးအဆစ် ဖြစ်ပါတယ်။ ဒူးခေါင်းကို ဒူးခေါင်းစွပ် လို့ခေါ်တဲ့ ခုံညင်းစေ့ဖြင့် ဖုံးအုပ်ထားခြင်းက ခြေထောက်များကို ကြံ့ခိုင်စေပြီး ဘေးကင်းစွာ ကွေးနိုင်၊ ဆန့်နိုင်စေပါတယ်။ ဒူးခေါင်းက လှုပ်ရှားမှုများတဲ့ အတွက်ကြောင့် ပြဿနာများလဲ ဖြစ်ပွားနိုင်ပါတယ်။ အဖြစ်များတာကတော့ ဒူးနာခြင်း၊ ဒူးချောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ 

    ဒူးနာခြင်းက အသက်အရွယ်ကြီးလာပြီး အရိုးပွလာတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒူးချောင်ခြင်းကတော့ ဒူးခေါင်းဖွဲ့စည်းပုံ ပုံမှန်မဟုတ်သူ၊ ထိခိုက်ဒဏ်ရာ ရခဲ့ဖူးသူ၊ ခဏခဏ ချော်လဲ သူ၊ ဒူးခေါင်းလှုပ်ရှားမှု အရမ်းများသူတို့မှာ အဖြစ်များပါတယ်။ ဒူးချောင်ခြင်းက ဘယ်လောက်အန္တာရယ်များကြောင်းကို စာဖတ်ပရိတ်သတ်တို့ သိအောင် မျှဝေပေးလိုက် ရပါတယ်။ 

    ဒူးချောင်ရင် ဘယ်လိုခံစားရမလဲ၊ ဘာကြောင့်လဲ 

    ဒူးချောင်တဲ့အခါ ဒူးနာလာမယ်။ လမ်းကောင်းကောင်း လျှောက်နိုင်ဖို့၊ ဒူးကို ဖြောင့်အောင်ထားနိုင်ဖို့၊ မတ်တပ်သေချာရပ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ တခါတလေ ရောင်ရမ်းတတ်ပါတယ်။ 

    ဒူးခေါင်း၏ ဘေးတစ်ဖက် တစ်ချက်က နာလျှင် အဆစ်အမြစ်ရောင်ခြင်း၊ ဒူးအရွတ်ရောင်ခြင်း (သို့) ပြဲခြင်းတို့ကြောင့် ဖြစ်နိုင်ပြီး 
    ဒူးအလယ်ပိုင်းက နာလျှင်တော့ ခုံညင်းစေ့ရှိ အရိုးနုများ ပျော့လာခြင်း၊ အဆစ် အရွတ်များ ရောင်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
    ဒူး၏နောက်ဘက် တံကောက်ကွေးနေရာက နာနေလျှင်တော့ အရည်အိတ်များရှိခြင်း (သို့) အဆစ်အမြစ်ရောင်ရမ်းခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ 
    ဘယ်သူတွေ အဖြစ်များလဲ 
    - အားကစားသမားများ
    - အကသမားများ 
    - အလုပ်ကြမ်းလုပ်ရသူများ
    - အ၀လွန်သူများ
    - သက်ကြီးရွယ်အိုများ
    - အရင်က ထိခိုက်ပြီး ဒဏ်ရှိခဲ့သူများ 
    - အမျိုးသမီးများ - သဘာဝအားဖြင့် ပိုကျယ်သော တင်ပါးဆုံရိုးရှိခြင်းကြောင့် ဒူးပြဿနာများ ဖြစ်နိုင်ခြေပိုများပါတယ်။

    ဒူးချောင်ခြင်းကို ဘယ်လိုကုသမလဲ ?

    အနားယူခြင်း - ဒူးတစ်ဝိုက်တွင် ရုတ်တရက် နာကျင်လာပါက လှုပ်ရှားမှု မပြုလုပ်ဘဲ ကောင်းစွာအနားယူပါ။ 
    အကိုက်အခဲ ပျောက်ဆေးများသောက်ခြင်း - အပျော့စား နာကျင်ကိုက်ခဲမှုအတွက် NSAIDs ဟုခေါ်သော အကိုက်အခဲပျောက်ဆေး အရောင်ကျဆေးများကို သောက်လို့ရပါတယ်။ 

    ဒူးဆစ်မတည်ငြိမ်ခြင်းဟာ သင်၏ နေ့စဉ်ဘ၀ကို အနှောင့်အယှက်ဖြစ်စေပါက ဆရာဝန်နှင့် ပြသသင့်ပါတယ်။ နာကျင်မှုကို ပြင်းထန်စွာ ခံစားရပါက ဒူးချောင်ခြင်းကို arthroscopic surgery ဟုခေါ်သော ခွဲစိတ်ခြင်းဖြင့် ကုသနိုင်ပါတယ်။ “clean out procedure” လို့ လူသိများသော ခွဲစိတ်မှုတစ်မျိုးဖြစ်ပါတယ်။ 

    စုတ်ပြဲနေသော၊ မခိုင်သော ဒူးအရွတ်ကို ပြုပြင်ဖို့အတွက် ဘေးမှာရှိတဲ့ ကောင်းတဲ့ အရွတ်ဆိုင်းကြိုး တစ်ပိုင်းကို အစားထိုးခြင်းဖြင့် ခွဲစိတ်ကုသနိုင်ပါတယ်။ ဥပမာအားဖြင့် ဒူးခေါင်းစွပ် (သို့) တံကောက်ကွေးမှ အရွတ်ဆိုင်းကြိုးတစ်ခုနှင့် ဒူးဆစ်ကို ခိုင်မာအောင် အစားထိုး ကုသနိုင်ပါတယ်။ 

    အရွတ်ဆိုင်းကြိုး အစားထိုးခြင်းသည် မိမိ၏ ကောင်းတဲ့ အပိုင်းနှင့် အစားထိုးလို့ ရသလို တခြားသူ အလှူရှင်၏ ဆိုင်းကြိုးနှင့်လည်း အစားထိုးလို့ ရပါတယ်။ 
     
    ဒူးချောင်တိုင်းတော့ ခွဲစိတ်စရာ မလိုပါဘူး။ ဒူးနာတာကိုသာ မခံစားရဘူးဆိုလျှင် ကာယကုထုံးသည် ဒူးဆစ်ပတ်ပတ်လည်ရှိ ကြွက်သားများကို ပြန်လည် သန်မာစေခြင်းဖြင့် ဒူးချောင်ခြင်းကို သက်သာစေနိုင်ပါတယ်။ အရွတ်များ နှင့် ကြွက်သားများကို အားကောင်းစေရန် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ သို့သော် မသက်သာဘဲ ပိုဆိုးလာသော အခြေအနေများတွင်တော့ ဒူးအရွတ်ခွဲစိတ်ခြင်းကို မဖြစ်မနေ လုပ်သင့်ပါတယ်။ 

    in Bone and Joint Care
    Share this post
    Tags
    Archive

    Read Next
    ကျီးပေါင်းဆိုတာ အသက်အရွယ်မရွေးဖြစ်နိုင်တာလား
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce