Skip to Content
My-Medicine Utility
  • Shop
  • Events
  • Forum
  • Blog
  • Courses
  • Appointment
  • Jobs
  • Contact us
  • 0
  • 0
  • +1 555-555-5556
  • Sign in
  • Contact Us
My-Medicine Utility
  • 0
  • 0
    • Shop
    • Events
    • Forum
    • Blog
    • Courses
    • Appointment
    • Jobs
    • Contact us
  • +1 555-555-5556
  • Sign in
  • Contact Us
  • All Blogs
  • Bone and Joint Care
  • ကျီးပေါင်းဆိုတာ အသက်အရွယ်မရွေးဖြစ်နိုင်တာလား
  • ကျီးပေါင်းဆိုတာ အသက်အရွယ်မရွေးဖြစ်နိုင်တာလား

    February 18, 2025 by
    Hsu Pyae Sone

    မကြာခဏ ခေါင်းမူးခြင်း၊ဇက်ကြောများတောင့်တင်းနေခြင်း၊ခါးနာခြင်း၊လက်များထုံကျင်ခြင်းများ ခပ်စိပ်စိပ်ဖြစ်နေရင်တော့အရိုးကျီးပေါင်းဖြစ်နေပြီလား ဆိုတာ ဆန်းစစ်ကြည့်ရမှာပဲဖြစ်ပါတယ်။အရိုးကျီးပေါင်းဆိုသည်မှာ အရိုးပြားတွေ တခုနဲ့တခုပွတ်တိုက်မိတာများပြီး အရိုးနုပျက်စီးကုန်တဲ့ရောဂါပဲဖြစ်ပါတယ်။မြင်သာအောင် ပြောပြရရင် ကာလကြာရှည်အသုံးပြုထားတဲ့တံခါးပတ္တာတွေမှာ သံချေးတက်သလိုပါပဲ။

    ဘဝတလျှောက်လုံးကျွန်မတို့ ခန္ဓာကိုယ်ကြီး မားမားမတ်မတ်ရပ်တည်နိုင်အောင် ထောက်ပံ့ပေးထားတဲ့ လည်ပင်းအရိုး၊ကျောဆစ်ရိုးနဲ့ ခါးမှာရှိတဲ့ အရိုးအဆစ်တွေကလည်း အချိန်ကြာလာတဲ့အခါ အရိုးနုနဲ့ အရိုးပြားလေးတွေ ပျက်စီးပွန်းပဲ့ရာကနေ အရိုးကျီးပေါင်းဖြစ်လာပါတော့တယ်။ပိုဆိုးလာရင်တော့ အရိုးပြားတခုနဲ့တခုကြားမှာရှိတဲ့ အာရုံကြောလေးတွေကို ဖိမိနိုင်ပြီး ထုံကျင်ခြင်းအစရှိတဲ့ အာရုံကြောလက္ခဏာတွေကိုပါ ခံစားရနိုင်ပါတယ်။အဖြစ်အများဆုံးကတော့ လည်ပင်းကျီးပေါင်းနဲ့ ခါးကျီးပေါင်းဖြစ်ပြီး ကျောရိုးကတော့ သိပ်ဖြစ်လေ့မရှိပါဘူး။

    အရိုးကျီးပေါင်း က အဓိကအားဖြင့် အသက်အရွယ်ကြီးသူတွေမှာ အဖြစ်များပါတယ်။ဒါပေမယ့် နေထိုင်မှုပုံစံမမှန်ခြင်း၊အလေးအပင် မ ခြင်း၊လက်ပြင်ကုန်းခြင်း၊ဇက်ချိုးခြင်းနဲ့ အရိုးကို မကြာခဏအလုပ်ပေးမိခြင်းတို့ကြောင့် ငယ်ရွယ်သူတွေမှာပါ ကျီးပေါင်းဖြစ်တာကို တွေ့လာရပါတယ်။လေ့လာတွေ့ရှိချက်များအရ အသက်ငယ်တဲ့သူတွေ(အထူးသဖြင့် အားကစားသမားတွေနဲ့ အထုပ်ထမ်းရတဲ့အလုပ်လုပ်သူတွေ)မှာ ကျီးပေါင်းဖြစ်နှုန်း ၃-၅ ရာခိုင်နှုန်းအထိ တွေ့ရှိရပါတယ်။

    လည်ပင်းကျီးပေါင်းဖြစ်ပြီဆိုရင် အရင်ဆုံး ဂုတ်နေရာက အမြဲလိုလိုတောင့်တင်းနေတာကို ခံစားရတတ်ပါတယ်။လည်ပင်းနဲ့ ဂုတ်တဝိုက်မှာ တင်းပြီး နာနေခြင်း၊ခေါင်းမူးခြင်းနဲ့ ပိုဆိုးလာလို့ အာရုံကြောပိမိတဲ့အခြေအနေတွေမှာဆိုရင် လက်ချောင်းလေးတွေနဲ့ လက်တလျှောက်လုံးပါ ထုံကျင်ခြင်း၊နာခြင်းနဲ့ ပူခြင်းတို့ ဖြစ်တတ်ပါတယ်။ခါးကျီးပေါင်းဆိုရင်တော့ ခါးနောက်ဖက်တင်ပဆုံရိုးနားတဝိုက်မှာ နာကျင်ခြင်း၊ဖြစ်တဲ့အာရုံကြောနံပါတ်ပေါ်မူတည်ပြီး ခြေဖဝါးပူခြင်း၊ပေါင်တံနဲ့ခြေသလုံးကြွက်သားများ နာကျင်ခြင်းတို့ ဖြစ်တတ်တဲ့အထိ ဆိုးဝါးနိုင်ပါတယ်။

    အရိုးကျီးပေါင်းရှိတယ်လို့ ကိုယ့်ကိုယ်ကို သံသယရှိရင်တော့ ဖြစ်တဲ့နေရာကို အရိုးဓာတ်မှန်ရိုက်ခြင်း၊ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း နဲ့ သံလိုက်ဓာတ်မှန်ရိုက်ခြင်းတို့ဖြင့် အရိုးနံပါတ်ဘယ်လောက်မှာ ပျက်စီးနေပြီဆိုတာကို ရှာဖွေစမ်းသပ်စစ်ဆေးလို့ရပါတယ်။ကျီးပေါင်းပိုမဆိုးလာခင် လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် အရိုးအထူးကုဆရာဝန်များနှင့် တိုင်ပင်ပြီး အချိန်မှီ သောက်ဆေး၊ထိုးဆေးနဲ့ အရိုးအတွက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအားဖြင့် ပိုမဆိုးလာအောင်ကာကွယ်လို့ရပါတယ်။


    in Bone and Joint Care
    Share this post
    Tags
    Archive

    Read Next
    အရိုးကျီးပေါင်း
    Useful Links
    • Home
    • About us
    • Products
    • Services
    • Legal
    • Contact us
    About us

    We are a team of passionate people whose goal is to improve everyone's life through disruptive products. We build great products to solve your business problems.

    Our products are designed for small to medium size companies willing to optimize their performance.

    Connect with us
    • Contact us
    • [email protected]
    • +1 555-555-5556
    Follow us
    Copyright © Company name
    Powered by Odoo - The #1 Open Source eCommerce